ၾကားသိရသမွ်

ကရင်ပြည်နယ်တွင် ကလေးသူငယ်များနှင့် အမျိုးသမီး (၃၅) ဦးတို့ အရှင်လတ်လတ်..မီး …ရှို့… သ…်ဖြတ်…ခံရ

Breaking News- ကရင္နီျပည္နယ္၊ ဖ႐ူဆိုတြင္ စစ္တပ္က စစ္ေဘးေရွာင္ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ား အပါအဝင္ ျပည္သူ ၃၅ ဦးကို မီးရွို႔သတ္ျဖတ္

ကရင္နီျပည္နယ္၊ ဖ႐ူဆို၊ မိုဆိုဖက္တြင္ ယမန္ေန႔ဒီဇင္ဘာလ ၂၄ ရက္ေန႔ စစ္ေကာင္စီတပ္က ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ား အပါအဝင္ ျပည္သူ ၃၅ ကို အရွင္လတ္လတ္ ဖမ္းဆီး သတ္ျဖတ္ မီးရွို႔လိုက္ေၾကာင္းKNDF ၏ တရားဝင္ ထုတ္ျပန္ခ်က္ႏွင့္ ကရင္နီ သတင္းရင္းျမစ္မ်ား၏ အတည္ျပဳခ်က္အရ သိရွိရသည္။

Karenni Nationalities Defense Force-KNDFက ဒီဇင္ဘာလ (၂၄) ရက္ေန႔ မြန္းလြဲပိုင္းအတြင္း ဖ႐ူဆိုၿမိဳ႕နယ္၊ မိုဆိုေက်းရြာအနီးတြင္၊ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ျပည္သူ ၃၅ ဦးကိုသတ္ျဖတ္ခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားႏွင့္အတူ သတ္ျဖတ္မီးရွို႔လိုက္ေၾကာင္း ယေန႔ သတင္းထုတ္ျပန္သည္။

အသတ္ခံရေသာ ျပည္သူမ်ားထဲတြင္ ကေလးငယ္မ်ားႏွင့္ မိန္းကေလးငယ္မ်ား ၊အမ်ိဳးသမီးမ်ားပါဝင္ေၾကာင္း၊ သတ္ျဖတ္မီးရွို႔ခံရေသာ ျပည္သူမ်ား၏ ႐ုပ္အေလာင္းမ်ားမွာ မီးကၽြမ္းၿပီး အရိုးမ်ားသာ က်န္ရွိျခင္းေၾကာင့္ မည္သူမည္ဝါျဖစ္ေၾကာင္းအတည္မျပဳနိုင္ေသးေၾကာင္း၊

အသတ္ခံရေသာျပည္သူမ်ားမွာ စစ္ေရွာင္ရင္းလမ္းခုလပ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ရက္စက္စြာသတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း KNDF က ထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ ေကာင္စီတပ္မ်ား ၏ အျပစ္မဲ့ျပည္သူမ်ားကို အစုလိုက္ အျပဳံ လိုက္အေၾကာင္းမဲ့သတ္ျဖတ္မႈသည္ လူသားမ်ားအေပၚက်ဴးလြန္ေသာရာဇဝတ္မႈျဖစ္ေၾကာင္း KNDF က တရားဝင္ ထုတ္ျပန္ေၾကညာသည္။

“ဖ႐ူဆို မိုဆိုဖက္ က မေန႔ည ဖမ္းဆီးခံရတဲ့ ရြာသား အမ်ိဳးသမီး ကေလးသူငယ္ေတြအားလုံး ကားႏွင့္တကြ စစ္ေကာင္စီက မီးရွို႔ သတ္ျဖတ္လိုက္ပါၿပီ။

မိသား စုေတြအားလုံးအတြက္ စိတ္မေကာင္းပါဘူး အၾကမ္းဖက္စစ္ေကာင္စီရဲ့ လုပ္ ရပ္က တေန႔ တျခားယုတ္မာလာတယ္။

မိမိတို႔အတည္ျပဳခ်က္အရ အေလာင္း ၃၀ ထက္မနည္း ေသဆုံးသြားတယ္” ဟု ကရင္နီသတင္းရင္းျမစ္ PKPF ႏွင့္ ကရင္နီလူငယ္ေခါင္းေဆာင္မ်ားက အတည္ျပဳသည္။

ကယား (ကရင္နီျပည္)၊ ဖ႐ူဆိုၿမိဳ႕နယ္၊ မိုဆိုေက်းရြာအနီး ဒီဇင္ဘာလ ၂၄ ရက္ေန႔ နံနက္ ၁၁ နာရီခြဲခန႔္တြင္ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွ စစ္ေၾကာင္းထိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ၾကား ၄ နာရီေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားေၾကာင္း ႏွစ္ဖက္ထိခိုက္က်ဆုံးမႈ မသိရွိရေသးေၾကာင္း KNDF က ထုတ္ျပန္သည္။

တိုက္ပြဲျဖစ္ပြားေနစဥ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ မိုဆိုေက်းရြာရွိဒန္ပါကား၊ ကားေသး၊ ေထာ္လာဂ်ီႏွင့္ ဆိုင္ကယ္ စုစုေပါင္း ၁၁ စီးႏွင့္ ေနအိမ္အခ်ိဳ႕ကို မီးရွို႔ဖ်က္ဆီးကာ ေဒသခံ ကေလးငယ္ ၁ ဦးအပါအဝင္ ျပည္သူ ၁၀ ဦးကို အေၾကာင္းမဲ့ ဖမ္းဆီးခဲ့ေၾကာင္း သိရွိရသည္။

ဖမ္းဆီးခံျပည္သူ ၁၀ ဦး ကို ျပန္လႊတ္ေပးရန္ စစ္ေကာင္စီတပ္ႏွင့္ သြားေရာ္ကညႇိႏွိုင္းသည့္ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ ၄ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ႀကိဳးမ်ားျဖင့္တုပ္ကာ ေသနတ္ျဖင့္ ဦးေခါင္းကို ေတ့ပစ္သတ္ခဲ့ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္မွ လက္နက္ႀကီးမ်ား ရမ္းသမ္း ပစ္ခတ္မႈေၾကာင့္ မိုဆိုေက်းရြာေန ျပည္သူတစ္ဦး ထိခိုက္ခဲ့ၿပီး၊ ဖ႐ူဆိုၿမိဳ႕နယ္ေန ျပည္သူမ်ား စစ္ေဘး လြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရေၾကာင္း သိရွိရသည္။

=============

unicode

Breaking News- ကရင်နီပြည်နယ်၊ ဖရူဆိုတွင် စစ်တပ်က စစ်ဘေးရှောင်ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်

ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ယမန်နေ့ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့လိုက်ကြောင်းKNDF ၏ တရားဝင် ထုတ်ပြန်ချက်နှင့် ကရင်နီ သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ သိရှိရသည်။

Karenni Nationalities Defense Force-KNDFက ဒီဇင်ဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင်၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊ သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခြင်းကြောင့် မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးကြောင်း၊အသတ်ခံရသောပြည်သူများမှာ စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း KNDF က ထုတ်ပြန်သည်။

အကြမ်းဖက်စစ် ကောင်စီတပ်များ ၏ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံ လိုက်အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်ကြောင်း KNDF က တရားဝင် ထုတ်ပြန်ကြေညာသည်။

“ဖရူဆို မိုဆိုဖက် က မနေ့ည ဖမ်းဆီးခံရတဲ့ ရွာသား အမျိုးသမီး ကလေးသူငယ်တွေအားလုံး ကားနှင့်တကွ စစ်ကောင်စီက မီးရှို့ သတ်ဖြတ်လိုက်ပါပြီ။

မိသား စုတွေအားလုံးအတွက် စိတ်မကောင်းပါဘူး အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ် ရပ်က တနေ့ တခြားယုတ်မာလာတယ်။

မိမိတို့အတည်ပြုချက်အရ အလောင်း ၃၀ ထက်မနည်း သေဆုံးသွားတယ်” ဟု ကရင်နီသတင်းရင်းမြစ် PKPF နှင့် ကရင်နီလူငယ်ခေါင်းဆောင်များက အတည်ပြုသည်။

ကယား (ကရင်နီပြည်)၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးကြောင်း KNDF က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုဆိုကျေးရွာရှိဒန်ပါကား၊ ကားသေး၊ ထော်လာဂျီနှင့် ဆိုင်ကယ် စုစုပေါင်း ၁၁ စီးနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံပြည်သူ ၁၀ ဦး ကို ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်နှင့် သွားရော်ကညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြိုးများဖြင့်တုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊ ဖရူဆိုမြို့နယ်နေ ပြည်သူများ စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

==============