ၾကားသိရသမွ်
တစ်မိနစ် ၁သိန်းခွဲနဲ့ ရည်းစားစကားလာပြောလို့ရပါပြီဆိုတဲ့ မအေးသောင်း
အေးဝတ်ရည်သောင်းကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကြောင့် ပရိသတ်တွေများစွာရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။
အသက်သုံးဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့အေးဝတ်ရည်သောင်းက သူမရဲ့ချစ်သူကိုတရားဝင်ချပြထားပေမယ့် အခုအချိန်ထိအိမ်ထောင်ပြုမယ့်ကိစ္စကို ပြောကြားထားခြင်းမရှိသေးပါဘူး။
ပရိသတ်တွေကတော့ မအေးသောင်းရဲ့အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့အိမ်ထောင်ရေးကိုလည်း စိတ်ဝင်တစားရှိကြတာပဲဖြစ်ပါတယ်။ အပျိုကြီးပီပီစကားပြောတတ်ဆိုတတ်လွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာလည်း ရည်းစားစကားလာပြောကြတဲ့ပုရိသအမျိုးသားတွေကို သူ့အလိုလိုနောက်ဆုတ်သွားအောင် ပညာသားပါပါနဲ့ငြင်းဆိုခဲ့တာကိုတွေ့ရပါတယ်။
အေးဝတ်ရည်သောင်းက
“အလုပ်အသစ်လက်ခံနေပါပြီနော်။ ရည်းစားစကားပြောရင်နားထောင်ပေးပါတယ်။ တစ်မိနစ် ၁သိန်းခွဲပါနော်။ ညလုံးပေါက်ပြောလဲနားထောင်ပေးနေပါပြီ။ ကြိုတင်ဘိုကင်ယူလိုက်ပါတော့။” ဆိုပြီး
စစနောက်နောက်နဲ့ပြောလာတာပဲဖြစ်ပါတယ်။အေးဝတ်ရည်သောင်းကတော့ သူမကိုရည်းစားစကားပြောကြတဲ့ပုရိသတွေကို တစ်မိနစ်ပြောရင်တစ်သိန်းခွဲဆိုပြီး အရွှန်းဖောက်ပြောလာတာပဲဖြစ်ပါတယ်။
ရည်းစားစကားအပြောခံရလွန်းတဲ့ မိန်းမချောလေးတွေလည်း အေးဝတ်ရည်သောင်းရဲ့နည်းလမ်းကို သဘောကျကြမယ်ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Aye Thaung ‘s fb
Zawgyi
အေးဝတ်ရည်သောင်းက
Crd