အခ်စ္ေရး

သင့္ခ်စ္သူ သင့္ကို ဘယ္ေလာက္ထိခ်စ္လဲ သိခ်င္ရင္…

သင့္ခ်စ္သူ သင့္ကို ဘယ္ေလာက္ထိခ်စ္လဲ သိေစႏိုင္မယ့္ စမ္းသပ္နည္း (၃)မ်ိဳး

မိန္းကေလးတုိင္းက ကုိယ့္ခ်စ္သူ ကုိယ့္ကိုဘယ္ေလာက္ထိခ်စ္တယ္ဆုိတာကို စမ္းသပ္ခ်င္ၾကတယ္။ အဲဒါေၾကာင့္ သင့္ခ်စ္သူ သင့္အေပၚဘယ္ေလာက္ထိခ်စ္လဲဆိုတာ စမ္းသပ္လုိ႔ရေအာင္ မွ်ေ၀ေပးလုိက္ပါတယ္။

၁။ ရစ္ၾကည့္ပါ

သင္ခ်စ္သူရဲ႕စိတ္ကိုသိခ်င္ရင္ ရစ္ၾကည့္လုိက္ပါ။ သင္ရစ္တာေတြကို ေနာက္ဆုံးထိ ေဒါသမထြက္ဘူးဆုိရင္ သင့္ကို အရမ္းခ်စ္လုိ႔ပါ။ သူ႔ေဒါသထြက္တဲ့ထိ ရစ္ၾကည့္ပါ။ သင္ရစ္လုိ႔မွ ေနာက္ဆုံးထိ ေဒါသမထြက္ဘူး။ အဲ့လုိဆုိရင္ေတာ့ သင့္ကို အေလ်ာ႔ေပးထားတာပါ။

၂။ ေလးေနတဲ့ သင့္အိတ္ေတြကို ကုိင္ခုိင္းၾကည့္ပါ

ေစ်း၀င္ထြက္ၾကလုိ႔ပဲျဖစ္ျဖစ္၊ သင္တန္းက စာအုပ္ေတြေၾကာင့္ပဲျဖစ္ျဖစ္ သင့္အိတ္က ေလးေနတယ္ဆုိရင္ သူ႔ကို ကိုင္ခုိင္းၾကည့္ပါ။ တကယ္ဆုိ ေယာက်္ားေလးက အလိုက္တသိကိုင္ေပးရမွာပါ။ သင္ကေတာင္ သူ႔ကို စမ္းသပ္စရာမလုိဘဲနဲ႔ သူ႕စိတ္နဲ႔သူ အိတ္ေတြကိုင္ေပးတယ္ဆုိရင္ေတာ့ သင့္ကို မပင္ပန္းေစခ်င္လို႔ပါ။ အဲ့လုိစိတ္ရွိတယ္ဆုိကတည္းက သင့္ကိုခ်စ္လုိ႔ပါ။

၃။ စိတ္ဆုိးၾကည့္ပါ

သင့္က စိတ္သိပ္မဆုိးတတ္တဲ့သူဆုိရင္ စိတ္ဆုိးၾကည့္ပါ။ စိတ္ဆုိးၾကည့္မွ သင့္ကို ဘယ္ေလာက္ထိစိတ္ရွည္ရွည္နဲ႔ေခ်ာ႔ႏုိင္တယ္ဆုိတာကို သိမွာပါ။ သူဘယ္လုိပဲေခ်ာ႔ေခာ်႔ ခ်က္ခ်င္းစိတ္မေျပလုိက္ပါနဲ႔။ သူ႔ကိုစမ္းေနတာျဖစ္တဲ့အတြက္ ပုံမွန္ထက္ ေျပာဆုိၿပီး စိတ္ဆုိးၾကည့္လုိက္ပါ။ ၿပီးရင္ သူ႔မ်က္ႏွာအမူအရာကိုၾကည့္ေနပါ။ မ်က္ႏွာမပ်က္ဘဲ စိတ္ရွည္ရွည္နဲ႕ေခ်ာ႔ႏုိင္တယ္ဆုိရင္ေတာ့ သင္ကို အဆုံး႐ႈံးမခံႏုိင္ေလာက္ေအာင္ခ်စ္ပါတယ္။ ဒီနည္းေလးနဲ႔ စမ္းၾကည့္ပါ။

(Auntymay)

Unicode,

သင့်ချစ်သူ သင့်ကို ဘယ်လောက်ထိချစ်လဲ သိချင်ရင်…

သင့်ချစ်သူ သင့်ကို ဘယ်လောက်ထိချစ်လဲ သိစေနိုင်မယ့် စမ်းသပ်နည်း (၃)မျိုး

မိန်းကလေးတိုင်းက ကိုယ့်ချစ်သူ ကိုယ့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာကို စမ်းသပ်ချင်ကြတယ်။ အဲဒါကြောင့် သင့်ချစ်သူ သင့်အပေါ်ဘယ်လောက်ထိချစ်လဲဆိုတာ စမ်းသပ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

၁။ ရစ်ကြည့်ပါ

သင်ချစ်သူရဲ့စိတ်ကိုသိချင်ရင် ရစ်ကြည့်လိုက်ပါ။ သင်ရစ်တာတွေကို နောက်ဆုံးထိ ဒေါသမထွက်ဘူးဆိုရင် သင့်ကို အရမ်းချစ်လို့ပါ။ သူ့ဒေါသထွက်တဲ့ထိ ရစ်ကြည့်ပါ။ သင်ရစ်လို့မှ နောက်ဆုံးထိ ဒေါသမထွက်ဘူး။ အဲ့လိုဆိုရင်တော့ သင့်ကို အလျော့ပေးထားတာပါ။

၂။ လေးနေတဲ့ သင့်အိတ်တွေကို ကိုင်ခိုင်းကြည့်ပါ

ဈေးဝင်ထွက်ကြလို့ပဲဖြစ်ဖြစ်၊ သင်တန်းက စာအုပ်တွေကြောင့်ပဲဖြစ်ဖြစ် သင့်အိတ်က လေးနေတယ်ဆိုရင် သူ့ကို ကိုင်ခိုင်းကြည့်ပါ။ တကယ်ဆို ယောကျ်ားလေးက အလိုက်တသိကိုင်ပေးရမှာပါ။ သင်ကတောင် သူ့ကို စမ်းသပ်စရာမလိုဘဲနဲ့ သူ့စိတ်နဲ့သူ အိတ်တွေကိုင်ပေးတယ်ဆိုရင်တော့ သင့်ကို မပင်ပန်းစေချင်လို့ပါ။ အဲ့လိုစိတ်ရှိတယ်ဆိုကတည်းက သင့်ကိုချစ်လို့ပါ။

၃။ စိတ်ဆိုးကြည့်ပါ

သင့်က စိတ်သိပ်မဆိုးတတ်တဲ့သူဆိုရင် စိတ်ဆိုးကြည့်ပါ။ စိတ်ဆိုးကြည့်မှ သင့်ကို ဘယ်လောက်ထိစိတ်ရှည်ရှည်နဲ့ချော့နိုင်တယ်ဆိုတာကို သိမှာပါ။ သူဘယ်လိုပဲချော့ခောျ့ ချက်ချင်းစိတ်မပြေလိုက်ပါနဲ့။ သူ့ကိုစမ်းနေတာဖြစ်တဲ့အတွက် ပုံမှန်ထက် ပြောဆိုပြီး စိတ်ဆိုးကြည့်လိုက်ပါ။ ပြီးရင် သူ့မျက်နှာအမူအရာကိုကြည့်နေပါ။ မျက်နှာမပျက်ဘဲ စိတ်ရှည်ရှည်နဲ့ချော့နိုင်တယ်ဆိုရင်တော့ သင်ကို အဆုံးရှုံးမခံနိုင်လောက်အောင်ချစ်ပါတယ်။ ဒီနည်းလေးနဲ့ စမ်းကြည့်ပါ။

(Auntymay)