တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (10-8-2020 to 16-8-2020)
တနင်္ဂနွေသားသမီး
မိမိလုပ်စရာရှိသောကိစ္စများကိုရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်ပါ ကြိမ်းသေအောင်မြင်ပါလိမ့်မည် မိမိကိုအကူအညီပေးမည့်သူများလည်းပေါ်ပေါက်လာပါလိမ့်မည်
ကျန်းမာရေးအနည်းငယ်ချူ ချာနေလိမ့်မည် အစားမကြာခဏမှားပြီးဝမ်းဗိုက်မအီမလည်ဖြစ်နေတတ်ပါသည် စက်ပစ္စည်းအသစ်တွေလည်းဝင်လာပါလိမ့်မည် အချစ်ရေးတွင်မပွင့်မလင်းမပြတ်မသားဖြစ်နေလိမ့်မည်
ထီ ၇၅ပါသောထီထိုးပါ ယတြာ လူသွားလမ်းချိုင့်တွေကိုအုတ်ခင်းဖို့ပေးပါ
တနင်္လာသားသမီး
ဆုံးဖြတ်ချက်တွေတွေဝေပြီးမပြတ်မသားဖြစ်နေတတ်တဲ့ကာလပါ လုပ်ငန်းတွေလည်းမပြီးမပြတ်နဲ့ကြန့်ကြာနေတတ်ပါတယ် လုပ်လက်စနဲ့တို့လို့တန်းလန်းဖြစ်ဖြစ်ပြီးစိတ်တွေပါလေးလံလာတတ်ပါတယ်
ဒီလိုအချိန်မှာဘာပဲလုပ်လုပ်မလောပါနဲ့စိတ်အေးအေးထားပြီးလုပ်ပါ အရေးကြီးတဲ့ကိစ္စတွေကိုမှတ်သားဖို့မှတ်စုထားဖို့မမေ့ပါနဲ့ ကျန်းမာရေးမှာခေါင်းနောက်ပြီးသတိမကြာခဏမေ့နေတတ်ပါသည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါမည်
ထီ၆၉ထပါသောထီကိုထိုးပါ ယတြာ သစ်ခွဖျော်ရည်ကိုဘုရားကပ်လှုပေးပါ
အင်္ဂါသားသမီး
ရပ်ဝေးခရီးကိစ္စ နိူင်ငံရပ်ခြားကိစ္စများဆောင်ရွက်ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများအကျိူးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိူးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည်
ကျန်းမာရေးမကောင်းသူများဆေးကောင်းဝါးကောင်းတွေ့မည် အချစ်ရေးတွင်ချစ်ရသူထံမှချစ်အဖြေရရှိပါမည်
ထီ69ပါသောထီကိုထိုးပါ ယတြာ နိူ့ထမင်းကိုဘုရားလှုဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီး
မိမိအတွက်လုပ်ငန်းအခွင့်အလန်းကောင်းများကြုံရမည့်ကာလပါ မိမိဘက်ကသာရရှိလာသောအခွင့်အရေးကိုအမိအရလက်ဆုပ်လက်ကိုင်ပြုပြီးအောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည်
ပစ္စည်းပျောက်ငွေပျောက်စာရင်းဇယားမှားခြင်းများဖြစ်တတ်ပါသည် ဘာပဲလုပ်လုပ်အယုံမလွယ်ပါနှင့်သတိထား၍အလုပ်လုပ်ပါ ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက်ဖြစ်နေလိမ့်မည်
ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိူင့်တွေခင်းဖို့ပေးပါ
ကြာသာပတေးသားသမီး
စိတ်အလွန်ရှုပ်ထွေးနေရတတ်သောကာလပါ အာရုံကြောအားနည်းခြင်း သတိမကြာခဏမေ့တတ်ခြင်းများဖြစ်တတ်ပါသည် ကျန်းမာရေးအထူးဂရုပြုရမည့်ကာလပါ ခရီးတစ်ခုထွက်ရမည်ကောင်းသောခရီးပါ
ခရီးထွက်ရင်းမိမိအတွက်အကျိူးအမြတ်ရနိူင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည်
ထီ90ပါသော ထီကိုထိုးပါ ယတြာ ရွှေရင်အေးဘုရားကပ်လှုပါ
သောကြာသားသမီး
ထူးထူးခြားခြားဖြစ်ရပ်များကြုံရတတ်သောကာလပါ အံ့သြဖွယ်ရာဖြစ်ရပ်တွေကြုံရတတ်ပါတယ် ဂမ္ဘီရပစ္စည်းတွေလည်းဝင်ရောက်လာတတ်ပါတယ် အလုပ်အိုးအိမ်နေရာထိုင်ခင်းကိစ္စများအတွက်စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည်
အလုပ်လျှောက်ထားသူများအလုပ်အကိုင်ရရှိပါလိမ့်မည်အစပိုင်းမှလစာနည်းပေမယ့်ရေရှည်မှာလစာဝင်ငွေကောင်းလာပါလိမ့်မည် ဒူးအဆစ်အမြစ်တွေညောင်ညာပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည်
ငယ်ရွယ်သူများအချစ်ရေးကံအားနည်းနေပါသေးတယ် မိမိရဲ့အချစ်အပေါ်မယုံကြည်ခြင်းခံနေရပါလိမ့်မည်
ထီ၉၁ပါသောထီထိုးပါ ယတြာ ဂျင်းတက်တစ်တက်ပေါ်မှာအမွှေးတိုင်တစ်တိုင်စိုက်ပြီးအိမ်ရှေ့အဝင်ဝမှာထွန်းပေးပါ
စနေသားသမီး
ပညာရေးကိစ္စသင်တန်းကိစ္စများတွင်အနှောင့်အယှက်အနည်းငယ်ကြုံ ပြီးမှသာအဆင်ပြေလာပါလိမ့်မည် အရှေ့တောင်အရပ်မှလက်ဆောင်ပစ္စည်းကောင်းရရှိမည်
မိမိတွင်ဖြစ်နေသောအခက်အခဲများအတွက်မိတ်ကောင်းဆွေကောင်းများထံမှအကူအညီကောင်းအထောက်အကူကောင်းများရပါလိမ့်မည် ကျန်းမာရေးတွင်ရောဂါအသေးအမွှားလေးတွေမကြာခဏဖြစ်နေလိမ့်မည်
ငယ်ရွယ်သူများအချစ်ရေးတွင်မိမိချစ်ရသူထံမှမိမိမျှော်လင့်ထားသောအဖြေရရှိပါလိမ့်မည်
ထီ၉၇ပါသောထီထိုးပါ ယတြာ သွပ်ပြားလေးလက်တစ်ဆစ်ပေါ်တွင် ဗ ဟုရေးပြီးဆောင်ထားပါ
ကျော်ဘိုဘိုဟိန်း
Zawgyi
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
အင်္ဂါသားသမီး
ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြားကိစ္စများဆောင်ရွက်ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများအကျိုးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိုးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည်
ထီ69ပါသောထီကိုထိုးပါ ယတြာ နို့ထမင်းကိုဘုရားလှုဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီး
ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိုင့်တွေခင်းဖို့ပေးပါ
ကြာသာပတေးသားသမီး
ခရီးထွက်ရင်းမိမိအတွက်အကျိုးအမြတ်ရနိုင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည်
သောကြာသားသမီး
စနေသားသမီး
ကျော်ဘိုဘိုဟိန်း