ၾကားသိရသမွ်

ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့လို့ ကျန်တဲ့သူကိုတန်ဖိုးထားပြီးပိုချစ်ကြဖို့ပြော ဆိုလာတဲ့ ဒါရိုက်တာမောင်သီ

ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ လွင်မိုးနဲ့အစ်ကိုတော်စပ်သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

Myanmar Got Talent ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ ဒါရိုက်တာမောင်သီ ဟာရုပ်ရှင်ဇာတ်ကားကောင်းများစွာကိုဖန်တီးရိုက်ကူးနိုင်တဲ့ဒါရိုက်တာတစ်ဦးလဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ကတော့ဒါရိုက်တာ မောင်သီ ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့လဲဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့မှာ ချစ်တဲ့တပည့်တွေနဲ့ ပရိသတ်တွေက ဝိုင်းဝန်းဆုတောင်းပေးထားတာကိုလဲ တွေ့ရပါတယ်နော်။

ဒါရိုက်တာမောင်သီ ဟာ အဓိပ္ပာယ်ရှိတဲ့စကားအချို့ကို အခုလိုပဲရေးသားထားပါတယ်။သူရေးသားထားတာက ” အသည်းတွေကွဲလိုက် ခဲတွေဆွဲလိုက်နဲ့ ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့တယ်။လောကဓံက ရိုက်လိုက် ခံနိုင်ရည်တွေ မွေးလိုက် နဲ့ ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့တယ်။

ရောဂါတွေ ဖြစ်လိုက် စစ် တွေဖြစ်လိုက်နဲ့ ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့တယ်။ကုသိုလ် ကင်းကောင် ဧရာ ထင်ပေါ် မေတ္တာ ကိုလူမုန်း အောင်ဗပါဝါ အရင်းဆုံးလူတွေ ထွက်ခွါသွားကြတော့ ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့တယ်။

ငါတို့ ပိုချစ်ကြပါစို့ ဘာလို့လဲဆိုတော့ ငါတို့မှာ ချစ်စရာနဲနဲပဲကျန်တော့တယ်။ ”လို့ ဒါရိုက်တာ မောင်သီ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။မောင်သီ ရဲ့မွေးနေ့မှာ တပည့်ဖြစ်သူ အဆိုတော် ဟန်ထူးစျာန် က ဆရာ့ကျေးဇူးကို မမေ့မလျော့နဲ့ ကန်တော့ခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ စစ်တွေဖြစ်လိုက် ရောဂါတွေဖြစ်လိုက်နဲ့ ချစ်ခြင်းတရားတွေ နည်းနေတာကြောင့် ချစ်တဲ့လူတွေကို ပိုတန်ဖိုးထားဖို့ ဒါရိုက်တာ မောင်သီ ကတော့ ပရိသတ်တွေကိုသတိပေးလိုက်ပါတယ်။မြန်မာပြည်ကြီး ကပ်ရောဂါဘေးမှကင်းဝေးပြီးတော့အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit Celonly

Zawgyi

ပရိသတ္ႀကီးေရ ႐ုပ္႐ွင္မင္းသားႀကီးတစ္ဦးျဖစ္တဲ့ လြင္မိုး နဲ႔အစ္ကိုေတာ္စပ္သူတစ္ဦးျဖစ္တဲ့ ဒါ႐ိုက္တာေမာင္သီ ကိုေတာ့ လူတိုင္းသိၾကလိမ့္မယ္ထင္ပါတယ္။

Myanmar Got Talent ၿပိဳင္ပြဲႀကီးမွာ ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တဲ့ ဒါ႐ိုက္တာေမာင္သီ ဟာ႐ုပ္႐ွင္ဇာတ္ကားေကာင္းမ်ားစြာကို ဖန္တီး႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာတစ္ဦးလဲျဖစ္ပါတယ္။

ဒီဇင္ဘာလ ၂၇ ရက္ေန႔ကေတာ့ ဒါ႐ိုက္တာ ေမာင္သီ ရဲ႕ ၆၃ ႏွစ္ျပည့္ေမြးေန႔လဲျဖစ္ပါတယ္။သူ႕ရဲ႕ေမြးေန႔မွာ ခ်စ္တဲ့တပည့္ေတြနဲ႔ ပရိသတ္ေတြက ဝိုင္းဝန္းဆုေတာင္းေပးထားတာကိုလဲ ေတြ႕ရပါတယ္ေနာ္။

ဒါ႐ိုက္တာ ေမာင္သီ ဟာ အဓိပၸာယ္႐ွိတဲ့စကားအခ်ိဳ႕ကို အခုလိုပဲေရးသားထားပါတယ္။သူေရးသားထားတာက ” အသည္းေတြကြဲလိုက္ ခဲေတြဆြဲလိုက္နဲ႔ ငါတို႔မွာ ခ်စ္စရာနဲနဲပဲက်န္ေတာ့တယ္။ ေလာကဓံက ႐ိုက္လိုက္ ခံႏိုင္ရည္ေတြ ေမြးလိုက္ နဲ႔ ငါတို႔မွာ ခ်စ္စရာနဲနဲပဲက်န္ေတာ့တယ္။

ေရာဂါေတြ ျဖစ္လိုက္ စစ္ ေတြျဖစ္လိုက္နဲ႔ ငါတို႔မွာ ခ်စ္စရာနဲနဲပဲက်န္ေတာ့တယ္။ကုသိုလ္ ကင္းေကာင္ ဧရာ ထင္ေပၚ ေမတၱာ ကိုလူမုန္း ေအာင္ဗပါဝါ အရင္းဆုံးလူေတြ ထြက္ခြါသြားၾကေတာ့ ငါတို႔မွာ ခ်စ္စရာနဲနဲပဲက်န္ေတာ့တယ္။

ငါတို႔ ပိုခ်စ္ၾကပါစို႔ ဘာလို႔လဲဆိုေတာ့ ငါတို႔မွာ ခ်စ္စရာနဲနဲပဲက်န္ေတာ့တယ္။ ”လို႔ ဒါ႐ိုက္တာ ေမာင္သီ ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ ေရးသားထားတာကို ေတြ႕ရပါတယ္။ ေမာင္သီ ရဲ႕ေမြးေန႔မွာ တပည့္ျဖစ္သူ အဆိုေတာ္ ဟန္ထူးစ်ာန္ က ဆရာ့ေက်းဇူးကို မေမ့မေလ်ာ့နဲ႔ ကန္ေတာ့ခဲ့တာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ စစ္ေတြျဖစ္လိုက္ ေရာဂါေတြျဖစ္လိုက္နဲ႔ ခ်စ္ျခင္းတရားေတြ နည္းေနတာေၾကာင့္ ခ်စ္တဲ့လူေတြကို ပိုတန္ဖိုးထားဖို႔ ဒါ႐ိုက္တာ ေမာင္သီ ကေတာ့ ပရိသတ္ေတြကိုသတိေပးလိုက္ပါတယ္။ ျမန္မာျပည္ႀကီး ကပ္ေရာဂါေဘးမွကင္းေဝးၿပီးေတာ့ အျမန္ဆုံးၿငိမ္းခ်မ္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit Celonly