ၾကားသိရသမွ်

အမှိုက်ပုံးတွေမှာ စွန့်ပစ်ထားသော အဝတ်အစားဟောင်းလေးတွေကို ကောက်ယူကာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခဲ့သော ကလေးမလေး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော အသက်၆နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ကျောင်းပိတ်ရက်တွေမှာ မိခင်ဖြစ်သူစျေးရောင်းသည့်နောက် လိုက်ပါသွားခဲ့စဥ် လမ်းဘေးအမှိုက်ပုံးတွေမှာ လာရောက်စွန့်ပစ်ထားသည့် အဝတ်အစားဟောင်းလေးတွေကို ကောက်ယူကာ အိမ်သို့သယ်ပြန်လေ့ရှိသည်။

ကလေးမလေးသည် ချစ်စရာကောင်းသော အသွင်အပြင်ရှိကာ မော်ဒယ်နှင့် ဖက်ရှင်ဒီဇိုင်းပညာကို အထူးစိတ်ဝင်စားကာ TVထဲရှိ မင်းသမီးတွေ ဝတ်စားသော ဖက်ရှင်နှင့်ပက်သက်ပြီး ဂရုတစိုက်လေ့လာခဲ့သည်။

ကလေးမလေးသည် အမှိုက်ပုံးထဲက ကောက်ပြန်လာသော အဝတ်အစားဟောင်းလေးတွေကို ဖက်ရှင်ကျကျ ပေါင်းစပ်လိုက်ပြီး စမတ်ကျစွာ ဝတ်စားဆင်ယင်နိုင်ခဲ့ရာ ဒေသတွင်းရှိ ဒီဇိုင်နာတစ်ဦးမှ ကလေးမလေးရဲ့ ဝတ်စားဆင်ယင်တတ်မှုကြောင့် ဓာတ်ပုံရိုက်ရန် လာရောက်ခဲ့သည်။

ထို့နောက် ကလေးမလေးရဲ့ ချီးကျူးစရာကောင်းသော ဖက်ရှင်ကျကျ အဝတ်အစားဝတ်နည်းတွေကို လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ လူအများဧ။်သဘောကျမှုကို ခံရကာ ဖက်ရှင်ကုမ္ပဏီတစ်ခုမှ ကလေးမလေးအား ဒီဇိုင်နာရှိုးပွဲတစ်ခုတွင် မော်ဒယ်မလေးအဖြစ် ဌားရမ်းခဲ့ရာ သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လာနိုင်ခဲ့သည်။

1.

2.

4.

Hlaing (Love Feeling)

Zawgyi

အမှိုက်ပုံးတွေမှာ စွန့်ပစ်ထားသော အဝတ်အစားဟောင်းလေးတွေကို ကောက်ယူကာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခဲ့သော ကလေးမလေး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော အသက်၆နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ကျောင်းပိတ်ရက်တွေမှာ မိခင်ဖြစ်သူဈေးရောင်းသည့်နောက် လိုက်ပါသွားခဲ့စဉ် လမ်းဘေးအမှိုက်ပုံးတွေမှာ လာရောက်စွန့်ပစ်ထားသည့် အဝတ်အစားဟောင်းလေးတွေကို ကောက်ယူကာ အိမ်သို့သယ်ပြန်လေ့ရှိသည်။

5.

Hlaing (Love Feeling)