သင့္ရဲ႕မ်က္ႏွာကို သြယ္သြယ္ေလးျဖစ္ေစဖို႔ ခြဲစိတ္ျပဳျပင္ဖို႔ မလိုပါဘူးေနာ္။ အလွအပ အဆင္တန္ဆာေတြနဲ႔ပဲ မ်က္ႏွာသြယ္သြယ္ေလး ဖန္တီးယူလို႔ရပါတယ္။
ကိုရီးယားမေလးေတြ အႀကံေပးထားတဲ့ မ်က္ႏွာကို ပါးလ်တဲ့ပုံေပၚေစဖို႔ အသုံးျပဳႏိုင္တဲ့ accessories ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ နားဆြဲထူထူေလးေတြ
မီးဆိုင္းေတြလို နားဆြဲေတြဟာ သင့္မ်က္ႏွာကို ႀကီးလား ေသးလားဆိုတာ ေဝခြဲရခက္ခဲေစပါတယ္။
ဒီနားဆြဲထူထူေတြက ေမး႐ိုးကို သြယ္လ်တဲ့အသြင္အျပင္ကို ေပးၿပီး သင့္ကို ဆြဲေဆာင္မႈရွိေစပါတယ္။
၂။ နားဆြဲအရွည္ေတြ
အရမ္းရွည္လ်ားတဲ့ နားဆြဲေတြက မ်က္ႏွာဝိုင္းဝိုင္းကို ရွည္ၿပီးသြယ္လ်တဲ့ပုံေပါက္ေစပါတယ္။ ဒီနားဆြဲရွည္ေတြက ပါး႐ိုးထြက္ၿပီး ေမး႐ိုးတိုတဲ့မ်က္ႏွာေတြကို
ပါးလ်သြားေအာင္ကူညီေပးပါလိမ့္မယ္။ ေယာက်ာ္းေလး K-Pop ေတြက သူတို႔ရဲ႕ ေမး႐ိုးလိုင္းကို သြယ္ေစဖို႔ ဒီနားဆြဲရွည္ရွည္ေလးေတြကို ဝတ္ဆင္ျခင္း ျဖစ္ပါတယ္။

၃။ ဆံပင္ ဆက္စပ္ပစၥည္း
ထူးထူးျခားျခား ဘီးကုတ္ေလးေတြ ဇာဘီးကုတ္ေလးေတြက ကေလးဆန္ၿပီး ခ်စ္စရာေကာင္းပါတယ္။
ဘီးကုတ္က သင့္မ်က္ႏွာကို ပိုႀကီးတယ္လို႔ မထင္ရေစပဲ ငယ္႐ြယ္ၿပီး လန္းဆန္းတဲ့ပုံေပါက္ေစမွာပါ။
၄။ ေနကာမ်က္မွန္
Over-sized ေနကာမ်က္မွန္ေတြက ေႏြရာသီမွာ အသုံးဝင္ပါတယ္။ သင့္မ်က္ႏွာကို ပိုၿပီးေသးသြယ္သေယာင္ျပဳလုပ္ဖို႔ ဒီလိုမ်က္မွန္ေတြကို သုံးႏိုင္ပါတယ္။
Cat-eye ႏွင့္ ေနကာမ်က္မွန္အဝိုင္းေတြကို ကိုရီးယားဆယ္လီေတြ ေ႐ြးခ်ယ္ၾကပါတယ္။ ဒီပုံစံေတြက ဝတ္ဆင္သူအတြက္ ပါးလ်တဲ့ အက်ိဳးသက္ေရာက္မႈ ေပးလို႔ပါ။
မ်က္ႏွာဝိုင္းတဲ့သူေတြကေတာ့ အမ်ားအားျဖင့္ ခပ္ေစာင္းေစာင္းေဘာင္ေတြကိုသာ ေ႐ြးခ်ယ္သင့္ၿပီး sharp angled ေမး႐ိုးရွိသူေတြကေတာ့ ေနကာမ်က္မွန္အဝိုင္းကို ေ႐ြးခ်ယ္သင့္ပါတယ္။

ဒါဟာ မ်က္ႏွာပုံစံကို ပါးလ်တဲ့ပုံစံေပါက္ေစဖို႔ မ်က္စိကိုလွည့္စားလိုက္တာ ျဖစ္ပါတယ္။
၅။ ဦးထုပ္အဝိုင္း
ဒီဦးထုပ္ဒီဇိုင္းေတြသည္ ၉ဝခုႏွစ္ေလာက္တုန္းက အရမ္းကို ေခတ္စားခဲ့ပါတယ္။ ဦးထုပ္ရဲ႕က်ယ္ျပန႔္တဲ့အနားေတြက သင့္မ်က္ႏွာကို ပိုေသးသေယာင္ျဖစ္ေစပါတယ္။
မ်က္ႏွာရွည္တဲ့သူေတြသည္ အနားေသးတဲ့ဦးထုပ္ေလးေတြ ဝတ္ဆင္သင့္ပါတယ္။ (Credit)
Unicode
သင့်ရဲ့မျက်နှာကို သွယ်သွယ်လေးဖြစ်စေဖို့ ခွဲစိတ်ပြုပြင်ဖို့ မလိုပါဘူးနော်။ အလှအပ အဆင်တန်ဆာတွေနဲ့ပဲ မျက်နှာသွယ်သွယ်လေး ဖန်တီးယူလို့ရပါတယ်။
ကိုရီးယားမလေးတွေ အကြံပေးထားတဲ့ မျက်နှာကို ပါးလျတဲ့ပုံပေါ်စေဖို့ အသုံးပြုနိုင်တဲ့ accessories လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ နားဆွဲထူထူလေးတွေ
မီးဆိုင်းတွေလို နားဆွဲတွေဟာ သင့်မျက်နှာကို ကြီးလား သေးလားဆိုတာ ဝေခွဲရခက်ခဲစေပါတယ်။
ဒီနားဆွဲထူထူတွေက မေးရိုးကို သွယ်လျတဲ့အသွင်အပြင်ကို ပေးပြီး သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်။
၂။ နားဆွဲအရှည်တွေ
အရမ်းရှည်လျားတဲ့ နားဆွဲတွေက မျက်နှာဝိုင်းဝိုင်းကို ရှည်ပြီးသွယ်လျတဲ့ပုံပေါက်စေပါတယ်။ ဒီနားဆွဲရှည်တွေက ပါးရိုးထွက်ပြီး မေးရိုးတိုတဲ့မျက်နှာတွေကို
ပါးလျသွားအောင်ကူညီပေးပါလိမ့်မယ်။ ယောကျာ်းလေး K-Pop တွေက သူတို့ရဲ့ မေးရိုးလိုင်းကို သွယ်စေဖို့ ဒီနားဆွဲရှည်ရှည်လေးတွေကို ဝတ်ဆင်ခြင်း ဖြစ်ပါတယ်။
၃။ ဆံပင် ဆက်စပ်ပစ္စည်း
ထူးထူးခြားခြား ဘီးကုတ်လေးတွေ ဇာဘီးကုတ်လေးတွေက ကလေးဆန်ပြီး ချစ်စရာကောင်းပါတယ်။
ဘီးကုတ်က သင့်မျက်နှာကို ပိုကြီးတယ်လို့ မထင်ရစေပဲ ငယ်ရွယ်ပြီး လန်းဆန်းတဲ့ပုံပေါက်စေမှာပါ။

၄။ နေကာမျက်မှန်
Over-sized နေကာမျက်မှန်တွေက နွေရာသီမှာ အသုံးဝင်ပါတယ်။ သင့်မျက်နှာကို ပိုပြီးသေးသွယ်သယောင်ပြုလုပ်ဖို့ ဒီလိုမျက်မှန်တွေကို သုံးနိုင်ပါတယ်။
Cat-eye နှင့် နေကာမျက်မှန်အဝိုင်းတွေကို ကိုရီးယားဆယ်လီတွေ ရွေးချယ်ကြပါတယ်။ ဒီပုံစံတွေက ဝတ်ဆင်သူအတွက် ပါးလျတဲ့ အကျိုးသက်ရောက်မှု ပေးလို့ပါ။
မျက်နှာဝိုင်းတဲ့သူတွေကတော့ အများအားဖြင့် ခပ်စောင်းစောင်းဘောင်တွေကိုသာ ရွေးချယ်သင့်ပြီး sharp angled မေးရိုးရှိသူတွေကတော့ နေကာမျက်မှန်အဝိုင်းကို ရွေးချယ်သင့်ပါတယ်။
ဒါဟာ မျက်နှာပုံစံကို ပါးလျတဲ့ပုံစံပေါက်စေဖို့ မျက်စိကိုလှည့်စားလိုက်တာ ဖြစ်ပါတယ်။
၅။ ဦးထုပ်အဝိုင်း
ဒီဦးထုပ်ဒီဇိုင်းတွေသည် ၉ဝခုနှစ်လောက်တုန်းက အရမ်းကို ခေတ်စားခဲ့ပါတယ်။ ဦးထုပ်ရဲ့ကျယ်ပြန့်တဲ့အနားတွေက သင့်မျက်နှာကို ပိုသေးသယောင်ဖြစ်စေပါတယ်။
မျက်နှာရှည်တဲ့သူတွေသည် အနားသေးတဲ့ဦးထုပ်လေးတွေ ဝတ်ဆင်သင့်ပါတယ်။ (Credit)



