ဗီယက်နမ်မြောက်ပိုင်း နမ်ဒင်းမြို့မှာတော့ အံ့အားသင့်ဖွယ် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့တာပါ။
အဲဒါကတော့ ခွေးပေါက်လေး(၃) ကောင်ကို ရေဆင်းပေါက်တစ်ခုကနေပြီးတော့ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့တာပါနော်။
Viral Hog သတင်းမီဒီယာက ဖော်ပြခဲ့တာက အမျိုးသားတစ်ဦးဟာ တူ၊ဆောက်စတဲ့ ပစ္စည်းတွေကို အသုံးပြုပြီးတော့
ရေဆင်းပေါက်ကို အချိန်အတော်ကြာ ဖဲ့ရွဲ့ကာ
ခွေးလေးတွေကို အပြင်ထုတ်ဖို့ ကြိုးပမ်းနေတာကို တွေ့မြင်ရပါတယ်တဲ့။
အနက်ရောင် ခွေးပေါက်လေး (၃) ကောင်ဟာ ပိုက်အပြင်ကို ရောက်လာတဲ့အခါမှာတော့ ဖုန်မှူန့်တွေနဲ့ လူးနေတာပါ။
အမျိုးသားက စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပိုက်ကိုဖောက်ခဲ့တာကြောင့်
ခွေးလေးတွေဟာ ဒဏ်ရာအနာတရဖြစ်တာမျိုးတော့ မရှိခဲ့ပါဘူးနော်။
ခွေးလေးတွေကတော့ အကူအညီလိုအပ်နေတာကြောင့် တအီအီနဲ့ ညည်းညူနေခဲ့တာလည်း ဖြစ်ပါတယ်။
ထိုအမျိုးသားဟာ ရေဆင်းပေါက်ကို
အပေါက်ဖြစ်အောင်လုပ်ကာ ခွေးပေါက်လေးတွေကို အပြင်ထုတ်ခဲ့တာ ဖြစ်ပြီးတော့
ဘေးနားမှာ ရပ်ကြည့်နေခဲ့တဲ့ လမ်းသွားလမ်းလာအမျိုးသမီးကတော့ ခွေးလေးတွေကို ဘေးလွတ်ရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်နော်။
ထို အမျိုးသမီးဟာ ရေအပြည့်ထည့်ထားတဲ့ ဇလားကြီးထဲ ဖုန်တွေကပ်နေတဲ့ ခွေးလေးတွေကို ထည့်ကာ ရေချိုးပေးခဲ့ပါသေးတယ်။
ခွေးပေါက်လေးတွေကို ကယ်တင်ခဲ့တဲ့ အမျိုးသားကတော့ ကျွန်တော်က ဒီခွေးလေးတွေကို ရေဆင်းပိုက်ထဲက
ကယ်ဖြစ်ခဲ့တာပါ။
ခွေးပေါက်လေးတွေ အော်သံကြားတာနဲ့ ဘာများဖြစ်တာလဲဆိုပြီး ပတ်ဝန်းကျင်ကို သွားမေးကြည့်လိုက်တာ။
သူတို့က ခွေးလေးတွေက ရေဆင်းပိုက်နားမှာ ပိတ်နေတာ (၂) ရက်လောက် ရှိနေပြီတဲ့။
ဒီတိုင်းလဲ ဘယ်လိုမှ ထုတ်လို့ အဆင်မပြေတာနဲ့ ပိုက်ကို ဖောက်တူးပြီး ထုတ်လိုက်ရတာ လို့ ပြောပြခဲ့တာပါ။
ကံကောင်းလှတဲ့ ခွေးပေါက်လေးတွေကတော့ ပိုက်ကို ခက်ခက်ခဲခဲ ဖောက်ထုတ်အပြီးမှာတော့ သုံးကောင်စလုံး အသက်ရှင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။
credit
zawgyi
ဗီယက္နမ္ေျမာက္ပိုင္း နမ္ဒင္းၿမိဳ႕မွာေတာ့ အံ့အားသင့္ဖြယ္ အျဖစ္အပ်က္ေလးတစ္ခု ျဖစ္ပြားခဲ့တာပါ။
အဲဒါကေတာ့ ေခြးေပါက္ေလး(၃) ေကာင္ကို ေရဆင္းေပါက္တစ္ခုကေနၿပီးေတာ့ ခက္ခက္ခဲခဲ ကယ္ထုတ္ႏိုင္ခဲ့တာပါေနာ္။
Viral Hog သတင္းမီဒီယာက ေဖာ္ျပခဲ့တာက အမ်ိဳးသားတစ္ဦးဟာ တူ၊ေဆာက္စတဲ့ ပစၥည္းေတြကို အသုံးျပဳၿပီးေတာ့
ေရဆင္းေပါက္ကို အခ်ိန္အေတာ္ၾကာ ဖဲ့႐ြဲ႕ကာ
ေခြးေလးေတြကို အျပင္ထုတ္ဖို႔ ႀကိဳးပမ္းေနတာကို ေတြ႕ျမင္ရပါတယ္တဲ့။
အနက္ေရာင္ ေခြးေပါက္ေလး (၃) ေကာင္ဟာ ပိုက္အျပင္ကို ေရာက္လာတဲ့အခါမွာေတာ့ ဖုန္မႉန႔္ေတြနဲ႔ လူးေနတာပါ။
အမ်ိဳးသားက စိတ္ရွည္လက္ရွည္နဲ႔ ျဖည္းျဖည္းခ်င္းပိုက္ကိုေဖာက္ခဲ့တာေၾကာင့္
ေခြးေလးေတြဟာ ဒဏ္ရာအနာတရျဖစ္တာမ်ိဳးေတာ့ မရွိခဲ့ပါဘူးေနာ္။
ေခြးေလးေတြကေတာ့ အကူအညီလိုအပ္ေနတာေၾကာင့္ တအီအီနဲ႔ ညည္းညဴေနခဲ့တာလည္း ျဖစ္ပါတယ္။
ထိုအမ်ိဳးသားဟာ ေရဆင္းေပါက္ကို
အေပါက္ျဖစ္ေအာင္လုပ္ကာ ေခြးေပါက္ေလးေတြကို အျပင္ထုတ္ခဲ့တာ ျဖစ္ၿပီးေတာ့
ေဘးနားမွာ ရပ္ၾကည့္ေနခဲ့တဲ့ လမ္းသြားလမ္းလာအမ်ိဳးသမီးကေတာ့ ေခြးေလးေတြကို ေဘးလြတ္ရာဆီ ပို႔ေဆာင္ေပးခဲ့ပါတယ္ေနာ္။
ထို အမ်ိဳးသမီးဟာ ေရအျပည့္ထည့္ထားတဲ့ ဇလားႀကီးထဲ ဖုန္ေတြကပ္ေနတဲ့ ေခြးေလးေတြကို ထည့္ကာ ေရခ်ိဳးေပးခဲ့ပါေသးတယ္။
ေခြးေပါက္ေလးေတြကို ကယ္တင္ခဲ့တဲ့ အမ်ိဳးသားကေတာ့ ကြၽန္ေတာ္က ဒီေခြးေလးေတြကို ေရဆင္းပိုက္ထဲက
ကယ္ျဖစ္ခဲ့တာပါ။
ေခြးေပါက္ေလးေတြ ေအာ္သံၾကားတာနဲ႔ ဘာမ်ားျဖစ္တာလဲဆိုၿပီး ပတ္ဝန္းက်င္ကို သြားေမးၾကည့္လိုက္တာ။
သူတို႔က ေခြးေလးေတြက ေရဆင္းပိုက္နားမွာ ပိတ္ေနတာ (၂) ရက္ေလာက္ ရွိေနၿပီတဲ့။
ဒီတိုင္းလဲ ဘယ္လိုမွ ထုတ္လို႔ အဆင္မေျပတာနဲ႔ ပိုက္ကို ေဖာက္တူးၿပီး ထုတ္လိုက္ရတာ လို႔ ေျပာျပခဲ့တာပါ။
ကံေကာင္းလွတဲ့ ေခြးေပါက္ေလးေတြကေတာ့ ပိုက္ကို ခက္ခက္ခဲခဲ ေဖာက္ထုတ္အၿပီးမွာေတာ့ သုံးေကာင္စလုံး အသက္ရွင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။
credit