ပြာသိုလအတွက် အကောင်းဆုံးယတြာ
ပြာသိုလဆန်း(၁)ရက်နေ့ (2.1.2022) မှ ပြာသိုလကွယ်(31.1.2022)အထိ တစ်လတာလုံး
“အခွံချွတ်ထားပြီးသား အုန်းသီးခြမ်း အတွင်းထဲတွင် နှမ်းအဖြူ အပြည့်ထည့်ပေးလိုက်ပါ။တုတ်ချောင်း၊တူချောင်းလေးကို အသုံးပြု၍ အလံတိုင် သဖွယ် ပြုလုပ်ပြီး အလံစက္ကူပေါ်တွင် ” ဧ” ဟူ၍ ဆော့ပင်အနီရောင်ဖြင့် သေချာ ရေးပေးလိုက်ပါ။
ပြီးလျှင် ထိုအလံတိုင်လေးကို နှမ်းများတွင် စိုက်၍ထောင်ပေး ထားရပါမယ် ခင်ဗျ။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား လှူဒါန်းပေးထားရပါမည်။
ယခုလတစ်လတာတွင် အုန်းရည်တစ်ခွက်(သို့)အုန်းသီးစိပ်တစ်ပန်းကန် ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ =၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
ပြာသိုလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုနပြာသိုလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို သုံးရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ပြာသိုလ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။
ဤယတြာကိုလုပ်ဆောင်ရာ၌ နှမ်းအဖြူ ကိုသာ အသုံးပြုပါ။နှမ်းအနက်မရပါခင်ဗျ။မလှော်ရသေးသော နှမ်း ဖြစ်စေ၊ နှမ်းလှော်ပြီးသားပဲ ဖြစ်စေ အသုံးပြု၍ ယတြာဆောင်ရွက်နိုင်ပါသည်။
လှူပြီး နှမ်းများကို ခိုစာ၊ငှက်စာအဖြစ် ကျွေးပေးလိုက်ပါ။
ယခင်အသုံပြုပြီးသား အလံတိုင်လေးကို စွန့်၍ အလံတိုင်အသစ်လေး ပြန်လည်ပြုလုပ်ပြီးမှသာ ယတြာကို ထပ်မံ လုပ်ပေးနေရပါမယ်ခင်ဗျ။
ဤယတြာကို ပြာသိုလ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ပြာသိုလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912