ၾကားသိရသမွ်

နှစ်သစ်မှာ မီးစပြတ်ပါပြီ (ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ရန်ကုန် ၁၂ မြို့နယ် နေ့တဝက် မီးပြတ်မည်)

၂၀၂၂ နှစ်သစ်ကိုတော့ မီးပြတ်ခြင်းနဲ့ စတင်ကြိုဆိုလိုက်ပါပြီ။ လာမယ့် နှစ်သစ်ကူး ရုံးပိတ်ရက်နေ့တွေမှာ ရန်ကုန် ၁၂ မြို့နယ် နေ့တဝက် မီးပြတ်မယ့် အကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။

ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

ရန်ကုန်တိုင်းဒေသကြီး၊ အလုံဓာတ်အားခွဲရုံနှင့် ဟုံဟိုင်းဓာတ်အားခွဲရုံတို့အား ချိတ်ဆက် ဓာတ်အား ပို့လွှတ်လျက်ရှိသော 66/33kV,30MVA ထရန်စဖော်မာ (၂)လုံးအား 66/33kV,50MVA ထရန်စဖော်မာ (၂)လုံးဖြင့် အစားထိုးတပ်ဆင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို (၁.၁.၂၀၂၂) ရက်နေ့တွင် (၁၁:၀၀)နာရီ မှ (၁၃:၀၀)နာရီ အထိလည်းကောင်း၊(၂.၁.၂၀၂၂) ရက်နေ့တွင် ( ၁၁:၀၀ )နာရီ မှ ( ၁၃:၀၀ )နာရီ အထိလည်းကောင်း၊ အလုံဓာတ်အားခွဲရုံ 230/66/11kV, 155 MVA ထရန်စဖော်မာအား ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ လှိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါတယ်။

ရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးပန်ကြားထားပါတယ်

unicode



