ၾကားသိရသမွ်

ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်ထောင်ဒဏ် ၆နှစ် ချမှတ်ခံလိုက်ရတဲ့ ဝင်းမင်းသန်

ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်ထောင်ဒဏ် ၆နှစ် ချမှတ်ခံလိုက်ရတဲ့ ဝင်းမင်းသန်း

Beauty Blogger ဝင်းမင်းသန်းဟာဆိုရင်အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်တတ်တဲ့သူဖြစ်ပါတယ်။အမှန်တရားအတွက်ဆိုရင်ဘာကိုမှမကြောက်တဲ့ မဝင်းမင်းသန်းကို စစ်ကောင်စီဘက်မှ ဧပြီလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့Glow Nation မဝင်းမင်းသန်းကို ထောင်ဒဏ်အမိန့်ချလိုက်ပြီပဲဖြစ်ပါတယ်။ ကနဦးသတင်းတွေအရGlow Nation မဝင်းမင်းသန်းကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်တကယ်တမ်းတော့ ထောင်ဒဏ်၆နှစ်တိတိ ချလိုက်တာဖြစ်ကြောင်း ရှေ့နေဖြစ်သူရဲ့အဆိုအရ သိရပါတယ်


မဝင်းမင်းသန်းကို ပုဒ်မ၅၀၅- က ဖြင့်ထောင်ဒဏ်၃နှစ် ၊မတရားအသင်းဆက်သွယ်မှုဖြင့်ထောင်ဒဏ်၃နှစ်စုစုပေါင်း၆နှစ်တိတိ ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဦးလူမင်း၊ရဲတိုက်၊အိန္ဒြာကျော်ဇင်၊ပြေတီဦး၊တေးသံရှင်စောဖိုးခွား၊အဆိုတော်ပိုပိုနှင့်Beauty Blogger မဝင်းမင်းသန်းတို့ အားလုံးကိုထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ေထာင္ဒဏ္၃ႏွစ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ေထာင္ဒဏ္ ၆ႏွစ္ ခ်မွတ္ခံလိုက္ရတဲ့ ဝင္းမင္းသန္း

Beauty Blogger ဝင္းမင္းသန္းဟာဆိုရင္အရမ္းကိုခ်စ္ဖို႔ေကာင္းၿပီး ပြင့္ပြင့္လင္းလင္းေျပာဆို ေနထိုင္တတ္တဲ့သူျဖစ္ပါတယ္။အမွန္တရားအတြက္ဆိုရင္ဘာကိုမွမေၾကာက္တဲ့ မဝင္းမင္းသန္းကို စစ္ေကာင္စီဘက္မွ ဧၿပီလကတည္းက ဖမ္းဆီးထားတာျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ၃၀ရက္ေန႔မွာေတာ့Glow Nation မဝင္းမင္းသန္းကို ေထာင္ဒဏ္အမိန႔္ခ်လိုက္ၿပီပဲျဖစ္ပါတယ္။ ကနဦးသတင္းေတြအရGlow Nation မဝင္းမင္းသန္းကိုအလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္၃ႏွစ္လို႔ သတင္းေတြ ထြက္ေနေပမယ့္တကယ္တမ္းေတာ့ ေထာင္ဒဏ္၆ႏွစ္တိတိ ခ်လိုက္တာျဖစ္ေၾကာင္း ေရွ႕ေနျဖစ္သူရဲ႕အဆိုအရ သိရပါတယ္။

မဝင္းမင္းသန္းကို ပုဒ္မ၅၀၅- က ျဖင့္ေထာင္ဒဏ္၃ႏွစ္ ၊မတရားအသင္းဆက္သြယ္မႈျဖင့္ေထာင္ဒဏ္၃ႏွစ္စုစုေပါင္း၆ႏွစ္တိတိ ခ်မွတ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ဒီကေန႔ဒီဇင္ဘာလ၃၀ရက္ေန႔မွာေတာ့ ဖမ္းဆီးခံထားရတဲ့ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ေတြျဖစ္ၾကတဲ့ ဦးလူမင္း၊ရဲတိုက္၊အိျႏၵာေက်ာ္ဇင္၊ေျပတီဦး၊ေတးသံရွင္ေစာဖိုးခြား၊အဆိုေတာ္ပိုပိုႏွင့္Beauty Blogger မဝင္းမင္းသန္းတို႔ အားလုံးကိုေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့တာျဖစ္ပါတယ္။