ၾကားသိရသမွ်

အရှင်ဘုရားက ဒေါ်စု ခရေဇီလား? ဒေါ်စု လော်ဘီ လား?ဆိုတဲ့ ဒကာတစ်ယောက်ရဲ့အမေးတွက် ဆရာတော်အရှင်ဆန္ဒာဓိကအဖြေ…

unicode

























မတူညီတဲ့ အမှငတြှကှေောင့ြ ဖှဈလာတဲ့ ပဋိပကျခကို level ညှိပှီးသိအောငကြှိုးစားတယြ။

အဲဒီလို နားလညသြှားတော့လညြး တဈဖကသြားရဲ့ လုပရြပနြဲ့ပှောဆိုမှု အပေါစြောဒကတကစြရာ ရှာမရပါဘူး။

အဓိကအခကွကြတော့ လူတှရေဲ့ အတှငြးစိတမြှာဖှဈတဲ့ အတျတ နဲ့ မတျေတာ၊စတနော အနညြးအမွားကို ခန့မြှနြးပှီး သုံးသပရြတာပေါ့လေ။

တို့ဗုဒ်ဓဘာသာမှာ အဓမ်မဝါဒအဖွဈဆုံးဖွတျထားတဲ့ ဝါဒတှရှေိတယျ။ “သူတို့ ဘယျအကွောငျးအရာကိုဘယျလိူယူဆ၊ ပွောဆို၊ ရေးသားလိုကျလို့ အဓမ်မအဖွဈ ဆုံးဖွတျသလဲ။

သူတို့က ဘာ့ကှောင့အြဲသလို ယူဆသလဲ။ ဘယနြရောလေးမှာ လှဲသှားသလဲ” ဆိုတဲ့အခကွဟြာ သိပစြိတဝြငစြားစရာကောငြးတယြ။



























Credit

***********

unicode

အရှင်ဘုရားက ဒေါ်စု ခရေဇီလား? ဒေါ်စု လော်ဘီ လား?ဆိုတဲ့ ဒကာတစ်ယောက်ရဲ့အမေးတွက် ဆရာတော်အရှင်ဆန္ဒာဓိကအဖြေ…

အရှင်ဘုရားရဲ့ စာတွေကို ဖတ်ကြည့်တော့ ဒေါ်စုရဲ့ လုပ်ရပ်တွေအပေါ် စောဒကတက်တာ၊ ထောက်ပြ ဝေဖန်တာ တစ်ခုမှ မတွေ့ရပါဘူး ဘုရား ဘာကြောင့်ပါလဲ အရှင်ဘုရား

ဒေါ်စု လုပ်တာတွေအားလုံးကို ထောက်ခံသလား ဘုရား။ မထောက်ခံတာ တစ်ခုမှပဲ မရှိတာလား။ ဒီလိုမေးလို့ စိတ်မဆိုးပါနဲ့ဘုရား။

မဆိုးပါဘူး ဒကာ။

ခုခေတ်စကားလုံးနဲ့ပြောရရင် ” အရှင်ဘုရားက ဒေါ်စု ( crazy ) ခရေဇီလား? ဒေါ်စု လော်ဘီ ( lobbyist ) လား?ပေါ့။

ထားပါလေ။ ဘယ်လိုထင်ထင် ပြဿနာမရှိပါဘူး။

လောကမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အသိဉာဏ်ပညာ အဆင့်အတန်းမတူညီကြဘူး ဒကာရဲ့။

ဒီတော့ အတွေးအမြင်၊ အသိအမြင်ခြင်းလည်း ဘယ်တူမှာလဲ။ကိုယ်ကျွမ်းကျင်ရာမှာ လိမ္မာကြတာကိုး။

ပြိုင်ကားမောင်းတဲ့ နေရာမှာ ဟာမီတန်ကို သူရဲ့နည်းပြကဘယ်မှီမှာလဲ။ ဒီလိုပဲ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေကို

ထိန်းကျောင်းမောင်းနှင်နေတဲ့ နည်းပြဟာလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဟုတ်ချင်မှ ဟုတ်မှာပေါ့။

ဘာကိုဆိုလိုချင်တာလည်းဆိုတော့ လူတိုင်းဟာသူ့နေရာနဲ့သူတော်ကြပေမဲ့ နေရာတိုင်းမှာတော်ကြတာမဟုတ်ပါဘူး။

ဒေါ်စုမသိတာတွေ၊ မတတ်တာတွေ အများကြီးပါ။ သိစရာ တတ်စရာတွေအားလုံးကို သိမှ တတ်မှ ခေါင်းဆောင်လုပ်ရမှာဆိုရင်တော့ ဘုရားဖြစ်မှ ရလိမ့်မယ်။

ဒါပေမဲ့ အဲဒီတော်ပေ့ တတ်ပေ့ဆိုတဲ့ ပညာရှင်တွေကို လိုအပ်သလို စီမံခန့်ခွဲ ထိန်းကျောင်းမောင်းနှင်နိုင်ဖို့ဆိုတာ

တစ်သောင်းမှာတစ်ယောက် တစ်သိန်းမှာတစ်ယောက်မရှိဘူး။အဲဒီအရည်အချင်းမျိုး ဒေါ်စုမှာရှိတယ်။

ခေါင်းဆောင်ကောင်းဆိုတာ မလုပ်တတ်တဲ့အရာကို ဘယ်တော့မှကိုယ်တိုင်မလုပ်ဘူး။

လုပ်စရာလည်းမလိုဘူး။ ကျွမ်းကျင်တဲ့ပညာရှင်တွေကို စနစ်တကျ ခိုင်းတတ်ဖို့ပဲ လိုတယ်။

ပညာရှင်တွေရဲ့အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ယူအသုံးချတတ်ရမယ်။ ထုတ်ယူအသုံးချပုံခြင်း တူချင်မှတူမယ်။

ဒကာတို့ ဘောလုံးလောကနဲ့ ပြောမယ်ဆိုရင် မော်ရင်ညိုနဲ့ အာစင်ဝင်းဂါးရဲ့ စီမံခန့်ခွဲမှုမတူသလို၊ ဂွါဒီယိုလာနဲ့ ဖာဂူဆန်ရဲ့ အရည်အချင်းကလည်းတူမှာ မဟုတ်ဘူး။

တစ်ခါတစ်ရံမှာ ဒေါ်စုလုပ်တာတွေ ပြောတာတွေကို နားမလည်တာရှိတာပေါ့။ သူများတွေကဒေါ်စုလုပ်ရပ်ကို အပြစ်ပြောနေကြတာတွေလည်း ရှိတာပဲ။

ဦးဇင်းက အဲဒါမျိုးဆို သိပ်စိတ်ဝင်စားတယ်။

“ဒါကို ဘာ့ကြောင့်နားမလည်သလဲ။ ဘာ့ကြောင့်လက်မခံသလဲ။ သူကဘာကိုဆိုလိုချင်တာလဲ။ လူတွေက ဘယ်လိုနားလည်နေလို့လဲ။

ဘယ်နေရာလေးမှာလွဲနေသလဲ” အဲဒီအချက်ကလေးကိုရအောင်ရှာတယ်။ တစ်ဦးနဲ့တစ်ဦးကို နားမလည်စေနိုင်တဲ့ စကား၊ လုပ်ရပ်လေးရဲ့ ပွိုင့်ကို သိပ်စိတ်ဝင်စားတယ်။

ကိုယ့်အမြင်က နိမ့်နေရင် မြှင့်ယူတယ်။သိတဲ့သူကိုမေးတယ်။စာအုပ်တွေရှာဖတ်တယ်။ တစ်ခါတစ်ရံ ကိုယ်ကမြင့်နေရင် နှိမ့်ယူပြီး သိအောင်ကြိုးစားတယ်။

သူများတွေ မှားတယ်ဆိုတိုင်း ကိုယ်က လိုက်မမှားနိုင်ဘူး။ သူများတွေက မှန်တယ်ဆိုတိုင်းလည်း လိုက်မမှန်နိုင်ဘူး။

မတူညီတဲ့ အမြင်တွေကြောင့် ဖြစ်လာတဲ့ ပဋိပက္ခကို level ညှိပြီးသိအောင်ကြိုးစားတယ်။

အဲဒီလို နားလည်သွားတော့လည်း တစ်ဖက်သားရဲ့ လုပ်ရပ်နဲ့ပြောဆိုမှု အပေါ်စောဒကတက်စရာ ရှာမရပါဘူး။

အဓိကအချက်ကတော့ လူတွေရဲ့ အတွင်းစိတ်မှာဖြစ်တဲ့ အတ္တ နဲ့ မေတ္တာ၊စေတနာ အနည်းအများကို ခန့်မှန်းပြီး သုံးသပ်ရတာပေါ့လေ။

တို့ဗုဒ္ဓဘာသာမှာ အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ထားတဲ့ ဝါဒတွေရှိတယ်။ “သူတို့ ဘယ်အကြောင်းအရာကိုဘယ်လိူယူဆ၊ ပြောဆို၊ ရေးသားလိုက်လို့ အဓမ္မအဖြစ် ဆုံးဖြတ်သလဲ။

သူတို့က ဘာ့ကြောင့်အဲသလို ယူဆသလဲ။ ဘယ်နေရာလေးမှာ လွဲသွားသလဲ” ဆိုတဲ့အချက်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။

အဲဒီအဖြေကို သိသွားရင် ပြဿနာက ပြီးသွားတာပဲ။ စောဒက တက်စရာမရှိတော့ဘူး။

ခုလောလောဆယ် တို့မြန်မာနိုင်ငံရဲ့ အခြေအနေကို အကောင်းဆုံးစီမံခန့်ခွဲဖို့ဆိုတာ စာတတ်ရုံနဲ့မရသလို၊ ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ် တတ်နေရုံနဲ့လည်း မရဘူး။

ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုတွေအကြားမှာ အကြွေးတွေတောင်လိုပုံ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပြန်ဆပ်ဖို့ နေနေသာသာ စားဖို့မှအနိုင်နိုင်။

ယိုင်နဲ့နေတဲ့ စီးပွားရေးနဲ့ ကိုယ်ကျိုးရှာအတ္တသမားတွေရဲ့အကြား အပြင်းဖျားနေတဲ့ လူနာကို ဆေးကုနေရသလို၊ လူနာရှင်က လော။ လူနာက မောနဲ့။တွေးကြည့်တာနဲ့တင် ဆံပင်ဖြူချင်တယ်။

ဒီလို တိုင်းပြည်မျိုးကို အများလက်ခံအောင် စီမံခန့်ခွဲနိုင်ဖို့ ဦးဇင်းကတော့ ဒီတစ်သက် မပြောနဲ့။ ဆယ်သက် ကြိုးစားတောင် ရမှာမဟုတ်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။

လုပ်လည်းမလုပ်ချင်ဘူး။ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်မှာ တို့သိတယ် မြင်တယ်ဆိုတာ အသေးအဖွဲလေးပါ။

ပြဿနာတွေနဲ့ လူမျိုးစုံစုပေါင်းနေထိုင်တဲ့ ဒီလိုတိုင်းပြည်မပြောနဲ့ ကိုယ်ပိုင် ကျောင်းတိုက် တစ်ခုကိုတောင် စနစ်တကျ စီမံခန့်ခွဲဖို့မလွယ်ဘူး။

ပါးစပ်ပြောကတော့လွယ်တာပေါ့။ မြန်မာလူမျိုးတွေက တကယ့်လက်တွေ့မှာသာ ဘာမှ မဟုတ်တာ။ ပါးစပ်ပြောကတော့ ပညာရှိတွေချည်းပဲ။

ဒေါ်စုရဲ့စီမံခန့်ခွဲမှုတွေက အမျှော်အမြင်ရှိတယ်။ စနစ်ကျတယ်။ ပိရိသေသပ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်၊

ဘယ်သူပြောလို့ပဲဖြစ်ဖြစ် ပြာယာမခတ်ဘူး။ တည်ငြိမ်တယ်။ သွေးအေးတယ်။ သတ္တိရှိတယ်။ အများနဲ့ မဆန့်ကျင်ဘူး။

အမှန်တရားအတွက်ဆို အများနဲ့ ဆန့်ကျင်ဖို့လည်း ဝန်မလေးဘူး။ ကားသမားလို ပြောရရင် စတီယာရင် နိုင်နင်းတယ်ပေါ့။

အဲဒီလိုလူမျိုးတွေရဲ့လုပ်ရပ်က အင်မတန် မှားခဲတယ်။ တို့ဉာဏ်မမှီလို့ နားမလည်တာပဲ ရှိမယ်။

အမျိုးမျိုး ဝေဖန်ပြစ်တင်ပြောဆိုကြပေမယ့် အကျိုးရလာဒ် ထွက်ပေါ်လာတဲ့အခါ အားလုံးကို မှင်တက်မိပြီး ပါးစပ်ဟသွားစေတတ်တဲ့သူမျိုး။

ဒေါ်စုလုပ်ရပ်ဟာ မှားတယ်လို့ အကြောင်းအကျိုး ခိုင်ခိုင်မာမာနဲ့ မြင်နိုင်တဲ့သူဟာ ဒေါ်စုထက်သာတဲ့သူပဲ။

အဲလိုလူမျိုး ဖြစ်ချင်တယ်။ အဲလိုလူမျိုးတွေ ပေါ်စေချင်တယ်။ ကိုယ်ဖြစ်ချင်တာပဲ သိပြီး မှားတယ်လို့ ဝေဖန်သုံးသပ်တဲ့သူမျိုးကတော့ ပေါပါတယ်။

ဥပမာ၊ ဦးဇင်းက ရဟန်းဆိုတော့ အတ္တနဲ့ပြောရရင် တစ်နိုင်ငံလုံး တစ်ယောက်မကျန် ဗုဒ္ဓဘာသာဖြစ်၊

တရားဓမ္မတွေ ကျင့်ကြံပွားများနေထိုင်တဲ့သူတွေ ချည်းပဲဖြစ်စေချင်တာပေါ့။ ဒေါ်စုကို အဲဒီလိုဖြစ်အောင်လည်း လုပ်ပေးစေချင်တယ်။

ဒါပေမဲ့ ဒေါ်စုက နိုင်ငံသားအားလုံးကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် တန်းတူ အခွင့်အရေးရဖို့ ဆောင်ရွက်မယ်ဆိုရင်

ဦးဇင်းက ဒေါ်စုမှားတယ်လို့ဝေဖန်မှာပေါ့။ ဒါက ဦးဇင်းရဲ့ အတ္တနဲ့အမြင်ကိုး။

တကယ်လို့ ဦးဇင်းဖြစ်စေချင်သလို ဒေါ်စုက လုပ်ပေးမယ်ဆိုရင်လည်း ဒေါ်စုဟာ အဂတိလိုက်စားတဲ့ တရားမမျှတတဲ့ ခေါင်းဆောင်ပဲ ဖြစ်မှာပဲ။

အဲဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး မလိုချင်ဘူး။ ဒေါ်စုရဲ့လုပ်ရပ်တွေ၊ အပြောတွေမှာ မှားတာရှာပြီး ဝေဖန်ထောက်ပြချင်တယ်။

ဒါပေမဲ့ နိုင်ငံရဲ့ခေါင်းဆောင်ကောင်းတစ်ယောက် နေရာကနေ ဝင်ပြီးကြည့်လိုက်ရင် အပြစ်ပြောစရာရှာမတွေ့တော့ဘူး။

ဘာသာရေး၊ စီးပွားရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ လှမ်းကြည့်ဝေဖန်မယ် ဆိုရင်တော့ ဝေဖန်စရာတွေ ရှိပါတယ်။

ဒါပေမဲ့သူဟာ စီးပွားရေးသမားတစ်ယောက်မဟုတ်သလို၊ သီလရှင်တစ်ပါးလည်း မဟုတ်ဘူးလေ။

ဦးဇင်း မဝေဖန်တာက ဒါတွေကြောင့်ပါ ဒကာ။ နိုင်ငံ့အရေးအနေနဲ့ တိုင်းပြည်အပေါ်မြင်တဲ့အမြင်မှာ ဒေါ်စုထက် သာတဲ့နေ့ ဝေဖန်ဖြစ်လောက်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)(လေးစားကြည်ညိုမိပါ၏ အရှင်ဘုရား )

Credit

***********