ေဗဒင္

အမျိုးသမီးတွေ အင်္ဂါမှာ မှည့်ပါလာရင် ဘာဖြစ်တတ်လဲ…

ခဏခဏ အမေးခံရလွန်းလို့ မမေးစေလိုပါ ဆိုပြီးလားပဲ …ကျွန်တော် ပု့ိ့စ်တစ်ပုဒ်တောင် ရေးတင်ပေးခဲ့ဖူးပါတယ်။ ဘာမေးခွန်းလဲ ဆိုတော့….ဆရာ မိန်းမအင်္ဂါမှာ မှည့်ပါတာ …ဘာဖြစ်တတ်သလဲရှင့်.. ဆိုတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းကို အနီးဆုံးကာလအဖြစ်… ပြီးခဲ့တဲ့လထဲကလည်း တစ်ခါထပ်မေးခံရပြန်ပါတယ်။

ကျွန်တော်မှတ်မိသလောက် သူမ မေးခွန်းက ….အောက်ပါအတိုင်းပါ။ ဆရာ…မိန်းမအင်္ဂါမှာ မှည့်ပါရင် ယောကျာ်းသေတတ်တယ် ဆိုတာ ဟုတ်သလားရှင့်တဲ့။

အစကတော့ ကျွန်တော် ဒီမေးခွန်းမျိုးတွေကို စိတ်လည်းကုန်နေတာမို့တစ်ကြောင်း၊ သူစိမ်းယောကျာ်းသား တစ်ယောက်နဲ့ မိန်းမတစ်ယောက် လိင်အင်္ဂါအကြောင်းလည်း မဆွေးနွေးသင့်လို့လည်း ယူဆမိတာကြောင့် တစ်ကြောင်း…မဖြေဘူးလို့ နေတာပါ။

ဒါပေမယ့် …. အမျိုးသမီးငယ် စိတ္တဇကပ်နေပြီး စိတ်သောကရောက်နေပုံရတာကြောင့်…ဖြေပေးလိုက်ပါတယ်။ (နောက်ကိုတော့ ဒါမျိုးမမေးပါနဲ့တော့ ဆိုပြီး တားရပါသေးတယ်)။

ကျွန်တော်ဖြေပေးလိုက်တာကတော့ …အမျိုးသမီးအင်္ဂါမှာ ဖြစ်စေ..အမျိုးသားအင်္ဂါမှာ ဖြစ်စေ… မှည့်ပါနေခဲ့ရင် အိမ်ထောင်ဖက်ကို သေဆုံးစေနိုင်သည် ဟူသည်မှာ လုံးဝမဟုတ်ပါ။

ထိုသို့မှည့်ပါနေခဲ့ရင် ဆန့်ကျင်ဘက် လိင်ကို (တနည်း) အိမ်ထောင်ဖက်ကို အိမ်ထောင်ရေးသုခ (ကာမသုခ) ပိုမိုပေးနိုင်သည့် လက္ခဏာသာ ဖြစ်ပါကြောင်း။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိလာတာလေးတစ်ချက် ပြောချင်တာရှိပါတယ်။ ခုနောက်ပိုင်း ဒီခေတ် ဒီကာလမှာ အချို့သော ယုတ်မာသော ပညာခုတုံးလုပ်အသက်မွေးနေသည့် ဗေဒင်ဆရာတစ်ချို့သည်အမျိုးသမီးအရွယ်ကောင်းများကို ဗေဒင်ဟောဆိုသည့်အခါမှာ …နင့်ရဲ့ မိန်းမကိုယ်မှာ မှည့်ပါသလား ပါရင် .ယောကျာ်းသေတတ်တယ်။

ချစ်သူရည်းစားနဲ့ သေကွဲကွဲတတ်တယ် စသည်ဖြင့် ဟောဆိုမှု စတင်ပါတယ်။ မပါခဲ့သည့်မိန်းကလေးက ကိစ္စမရှိပေမယ့် ၊ တစ်ကယ် ပါနေတဲ့ မိန်းကလေးတစ်ချို့မှာ စိတ်သောက ၊ စိတ်ဥပါဒ် စတင် ဖြစ်စေတော့တာပါပဲ။

ဒါနဲ့ပြီးပြီလား ဆိုတော့ မပြီးသေးပါဘူး။ အဲလိုစိုးရိမ်စိတ်ဝင်သွားတဲ့ မိန်းကလေးရဲ့ မျက်နှာရိပ်မျက်နှာကဲ မြင်ပြီဆိုတာနဲ့ ဒီလိုလူယုတ်မာမျိုးတွေက. ဒီမှည့်ကို ဖျောက်မှဖြစ်မယ်။ ဖျောက်ချင်ရင် ဆရာ့ဆီ ဘယ်နေ့လာခဲ့။ ဘာပွဲညာပွဲ ထိုးရမယ်။

ဆရာဂါထာမန်းပြီး မှည့်ကနေအပြစ်မဖြစ်နိုင်အောင်…ဘယ်လိုလုပ်ပေးမယ် ညာလိုလုပ်ပေးမယ်နဲ့ ထပ်ဆင့် လာနိုင်ပါတယ်။ တစ်ချို့ဆို ကာမလိမ်လည် ရယူခံရသည်အထိ ဖြစ်သွားခဲ့ကြတာလည်း ကြားခဲ့ရဖူးပါတယ်။

ဆိုတော့ …နှမတွေ ၊ အစ်မတွေ ကို တစ်ခုလေးသတိပေးလိုတာက ..မှည့်ဆိုတာ မှည့်ပါပဲ။ ထူးခြားသော မွေးရာပါ မှည့်မျိုးကသာလျင် အကျိုးအပြစ်ကို ထင်ရှားစေပါတယ်။ ခါတော်မီမှည့်တွေဆိုတာကတော့ အသက်ကြီးလာလေလေ ဟိုသည် နေရာအနှံ့ ပေါ်လာလေလေ။

ဉာဏ်မတိမ်ပါနဲ့။ မကြောက်ပါနဲ့။ ကြောက်တတ်သူ ၊ဉာဏ်တိမ်သူကိုပဲ လူယုတ်မာတွေက ပစ်မှတ်ထားကြတာပါ။ မိမိဉာဏ် နဲ့ မိမိရဲ့ ယုံကြည်ချက်ခိုင်မာမှုကသာလျင် မိမိကိုယ်ကို စောင့်ရှောက်ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီခေတ်ကတော့ …လူယုတ်မာတွေ အလွှာအသီးသီး ၊ နယ်ပယ်အသီးသီးမှာ သိပ်ပေါသည့်ခေတ်ပါ။ ဘယ်သူပြောတာမှ လွယ်လင့်တစ်ကူ မယုံစားစေလိုပါ။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

Zawgyi

ခဏခဏ အေမးခံရလြန္းလုိ႔ မေမးေစလုိပါ ဆုိျပီးလားပဲ …ကၽြန္ေတာ္ ပု့ိ႔စ္တစ္ပုဒ္ေတာင္ ေရးတင္ေပးခဲ့ဖူးပါတယ္။ ဘာေမးခြန္းလဲ ဆုိေတာ့….ဆရာ မိန္းမအဂၤါမွာ မွည့္ပါတာ …ဘာျဖစ္တတ္သလဲရွင့္.. ဆုိတဲ့ေမးခြန္းပါပဲ။ ဒီေမးခြန္းကုိ အနီးဆုံးကာလအျဖစ္… ျပီးခဲ့တဲ့လထဲကလည္း တစ္ခါထပ္ေမးခံရျပန္ပါတယ္။

ကၽြန္ေတာ္မွတ္မိသေလာက္ သူမ ေမးခြန္းက ….ေအာက္ပါအတုိင္းပါ။ ဆရာ…မိန္းမအဂၤါမွာ မွည့္ပါရင္ ေယာက်ာ္းေသတတ္တယ္ ဆုိတာ ဟုတ္သလားရွင့္တဲ့။

အစကေတာ့ ကၽြန္ေတာ္ ဒီေမးခြန္းမ်ဳိးေတြကုိ စိတ္လည္းကုန္ေနတာမုိ႔တစ္ေၾကာင္း၊ သူစိမ္းေယာက်ာ္းသား တစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ လိင္အဂၤါအေၾကာင္းလည္း မေဆြးေႏြးသင့္လုိ႔လည္း ယူဆမိတာေၾကာင့္ တစ္ေၾကာင္း…မေျဖဘူးလုိ႔ ေနတာပါ။

ဒါေပမယ့္ …. အမ်ဳိးသမီးငယ္ စိတၱဇကပ္ေနျပီး စိတ္ေသာကေရာက္ေနပုံရတာေၾကာင့္…ေျဖေပးလုိက္ပါတယ္။ (ေနာက္ကုိေတာ့ ဒါမ်ဳိးမေမးပါနဲ႔ေတာ့ ဆုိျပီး တားရပါေသးတယ္)။

ကၽြန္ေတာ္ေျဖေပးလုိက္တာကေတာ့ …အမ်ဳိးသမီးအဂၤါမွာ ျဖစ္ေစ..အမ်ဳိးသားအဂၤါမွာ ျဖစ္ေစ… မွည့္ပါေနခဲ့ရင္ အိမ္ေထာင္ဖက္ကုိ ေသဆုံးေစႏုိင္သည္ ဟူသည္မွာ လုံး၀မဟုတ္ပါ။

ထုိသုိ႔မွည့္ပါေနခဲ့ရင္ ဆန္႔က်င္ဘက္ လိင္ကုိ (တနည္း) အိမ္ေထာင္ဖက္ကုိ အိမ္ေထာင္ေရးသုခ (ကာမသုခ) ပုိမုိေပးနုိင္သည့္ လကၡဏာသာ ျဖစ္ပါေၾကာင္း။

ဒီေနရာမွာ ကၽြန္ေတာ္ စဥ္းစားမိလာတာေလးတစ္ခ်က္ ေျပာခ်င္တာရွိပါတယ္။ ခုေနာက္ပုိင္း ဒီေခတ္ ဒီကာလမွာ အခ်ဳိ႕ေသာ ယုတ္မာေသာ ပညာခုတုံးလုပ္အသက္ေမြးေနသည့္ ေဗဒင္ဆရာတစ္ခ်ဳိ႕သည္အမ်ဳိးသမီးအရြယ္ေကာင္းမ်ားကုိ ေဗဒင္ေဟာဆုိသည့္အခါမွာ …နင့္ရဲ႕ မိ္န္းမကုိယ္မွာ မွည့္ပါသလား ပါရင္ .ေယာက်ာ္းေသတတ္တယ္။

ခ်စ္သူရည္းစားနဲ႔ ေသကြဲကြဲတတ္တယ္ စသည္ျဖင့္ ေဟာဆုိမႈ စတင္ပါတယ္။ မပါခဲ့သည့္မိန္းကေလးက ကိစၥမရွိေပမယ့္ ၊ တစ္ကယ္ ပါေနတဲ့ မိန္းကေလးတစ္ခ်ဳိ႕မွာ စိတ္ေသာက ၊ စိတ္ဥပါဒ္ စတင္ ျဖစ္ေစေတာ့တာပါပဲ။

ဒါနဲ႔ၿပီးၿပီလား ဆုိေတာ့ မၿပီးေသးပါဘူး။ အဲလုိစုိးရိမ္စိတ္၀င္သြားတဲ့ မိန္းကေလးရဲ႕ မ်က္နွာရိပ္မ်က္နွာကဲ ျမင္ၿပီဆုိတာနဲ႔ ဒီလုိလူယုတ္မာမ်ဳိးေတြက. ဒီမွည့္ကုိ ေဖ်ာက္မွျဖစ္မယ္။ ေဖ်ာက္ခ်င္ရင္ ဆရာ႔ဆီ ဘယ္ေန႔လာခဲ့။ ဘာပြဲညာပြဲ ထုိးရမယ္။

ဆရာဂါထာမန္းျပီး မွည့္ကေနအျပစ္မျဖစ္နုိင္ေအာင္…ဘယ္လုိလုပ္ေပးမယ္ ညာလုိလုပ္ေပးမယ္နဲ႔ ထပ္ဆင့္ လာနုိင္ပါတယ္။ တစ္ခ်ဳိ႕ဆုိ ကာမလိမ္လည္ ရယူခံရသည္အထိ ျဖစ္သြားခဲ့ၾကတာလည္း ၾကားခဲ့ရဖူးပါတယ္။

ဆုိေတာ့ …နွမေတြ ၊ အစ္မေတြ ကုိ တစ္ခုေလးသတိေပးလုိတာက ..မွည့္ဆုိတာ မွည့္ပါပဲ။ ထူးျခားေသာ ေမြးရာပါ မွည့္မ်ဳိးကသာလ်င္ အက်ဳိးအျပစ္ကို ထင္ရွားေစပါတယ္။ ခါေတာ္မီမွည့္ေတြဆုိတာကေတာ့ အသက္ၾကီးလာေလေလ ဟုိသည္ ေနရာအနွံ႔ ေပၚလာေလေလ။

ဥာဏ္မတိမ္ပါနဲ႔။ မေၾကာက္ပါနဲ႔။ ေၾကာက္တတ္သူ ၊ဥာဏ္တိမ္သူကုိပဲ လူယုတ္မာေတြက ပစ္မွတ္ထားၾကတာပါ။ မိမိဥာဏ္ နဲ႔ မိမိရဲ႕ ယုံၾကည္ခ်က္ခုိင္မာမႈကသာလ်င္ မိမိကုိယ္ကုိ ေစာင့္ေရွာက္ကာကြယ္နုိင္ပါလိမ့္မယ္။

ဒီေခတ္ကေတာ့ …လူယုတ္မာေတြ အလႊာအသီးသီး ၊ နယ္ပယ္အသီးသီးမွာ သိပ္ေပါသည့္ေခတ္ပါ။ ဘယ္သူေျပာတာမွ လြယ္လင့္တစ္ကူ မယုံစားေစလုိပါ။

ေလးစားစြာျဖင့္ – ဆရာစုိးမုိးထြန္း (ေခၚ) ဆရာေဝသာလီေမာင္ဖုန္း 09 789 333 791