မိုးေလ၀သ

မြန်မာပြည်ကို အအေးလှိုင်း ဖြတ်မယ်ဆိုတဲ့ ဂျင်းသတင်းတွေနဲ့ ပတ်သက်ပြီး ဆရာမလေး စုစုစံ ပြောပြီ

မြန်မာပြည်ကို အအေးလှိုင်း ဖြတ်မယ်ဆိုတဲ့ ဂျင်းသတင်းတွေနဲ့ ပတ်သက်ပြီး ဆရာမလေး စုစုစံ ပြောပြီ

မြန်မာနိုင်ငံအတွင်း အအေးလှိုင်းဖြတ်မည်ဟုဆိုတာ မဟုတ်ဘဲ လာမည့်ဖေဖော်ဝါရီလအထိ အအေးလှိုင်း (cold wave) မရှိဘဲ ပုံမှန်ရာသီဥတုမျိုးသာ ရှိမယ်လို့ မိုးလေဝသပညာရှင်မလေး စုစုစံက ပြောကြားလိုက်ပါတယ်။

၂၀၂၁ ဒီဇင်ဘာလမှ ၂၀၂၂ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ ပုံမှန်ရာသီဥတုကိုသာရရှိနိုင်ပါတယ်။ အအေးလှိုင်း (cold wave) မရှိပါဘူး။ ၂၀၂၂ New year နှစ်သစ်ကူးချိန်မှာ ပုံမှန်ဆောင်းထက် အနည်းငယ်သာ ပိုအေးစေနိုင်ပြီး ၂၀၂၂ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ပုံမှန်ဆောင်းကိုသာရရှိစေပါလိမ့်မယ်”လို့ မိုးလေဝသပညာရှင်မလေး စုစုစံက ပြောထားပါတယ်။

အအေးလှိုင်း (cold wave) ဆိုသည်မှာ နာရီပိုင်းအတွင်း နှင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများကြွေကျပြီး အပူချိန် ရုတ်တရက် ရ ဒီဂရီ စင်တီဂရိတ် အထိ ထိုးကျသွားကာ အလွန်ထူးကဲတဲ့အအေးပိုစေတာမျိုးကို အအေးလှိုင်း (cold wave) လို့ ခေါ်တယ်လို့ ဆရာမလေးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အအေးလှိုင်းဖြတ်မယ်ဆိုသည့်သတင်းများ ယခု ဒီဇင်ဘာလပထမပတ်ကနေစပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဂျင်းသတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ လာနီညာဖြစ်စဉ်ပတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသောလာနီညာ အဆင့်မှာ ဆက်လက်တည်ရှိနိုင်ပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အားအနည်းငယ်ရှိသည့် လာနီညာအဆင့်ကို ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Credit

ျမန္မာျပည္ကို အေအးလႈိင္း ျဖတ္မယ္ဆိုတဲ့ ဂ်င္းသတင္းေတြနဲ႔ ပတ္သက္ၿပီး ဆရာမေလး စုစုစံ ေျပာၿပီ

ျမန္မာႏိုင္ငံအတြင္း အေအးလႈိင္းျဖတ္မည္ဟုဆိုတာ မဟုတ္ဘဲ လာမည့္ေဖေဖာ္ဝါရီလအထိ အေအးလႈိင္း (cold wave) မရွိဘဲ ပုံမွန္ရာသီဥတုမ်ိဳးသာ ရွိမယ္လို႔ မိုးေလဝသပညာရွင္မေလး စုစုစံက ေျပာၾကားလိုက္ပါတယ္။

၂၀၂၁ ဒီဇင္ဘာလမွ ၂၀၂၂ ေဖေဖာ္ဝါရီလအထိ ျမန္မာႏိုင္ငံမွာ ပုံမွန္ရာသီဥတုကိုသာရရွိႏိုင္ပါတယ္။ အေအးလႈိင္း (cold wave) မရွိပါဘူး။ ၂၀၂၂ New year ႏွစ္သစ္ကူးခ်ိန္မွာ ပုံမွန္ေဆာင္းထက္ အနည္းငယ္သာ ပိုေအးေစႏိုင္ၿပီး ၂၀၂၂ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီလမွာ ပုံမွန္ေဆာင္းကိုသာရရွိေစပါလိမ့္မယ္”လို႔ မိုးေလဝသပညာရွင္မေလး စုစုစံက ေျပာထားပါတယ္။

အေအးလႈိင္း (cold wave) ဆိုသည္မွာ နာရီပိုင္းအတြင္း ႏွင္းမုန္တိုင္းတိုက္ခတ္ျခင္းႏွင့္ ဆီးႏွင္းမ်ားေႂကြက်ၿပီး အပူခ်ိန္ ႐ုတ္တရက္ ရ ဒီဂရီ စင္တီဂရိတ္ အထိ ထိုးက်သြားကာ အလြန္ထူးကဲတဲ့အေအးပိုေစတာမ်ိဳးကို အေအးလႈိင္း (cold wave) လို႔ ေခၚတယ္လို႔ ဆရာမေလးက ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္း အေအးလႈိင္းျဖတ္မယ္ဆိုသည့္သတင္းမ်ား ယခု ဒီဇင္ဘာလပထမပတ္ကေနစၿပီး လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ဂ်င္းသတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကေတာ့ လာနီညာျဖစ္စဥ္ပတ္သက္ၿပီး ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ထားၿပီး လာမည့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း အားအသင့္အတင့္ရွိေသာလာနီညာ အဆင့္မွာ ဆက္လက္တည္ရွိႏိုင္ၿပီး ေဖေဖာ္ဝါရီလႏွင့္ မတ္လအတြင္း အားအနည္းငယ္ရွိသည့္ လာနီညာအဆင့္ကို ေရာက္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Credit