ၾကားသိရသမွ်


Zawgyi








Hlaing (Love Feeling)

Unicode

အသက်၆၇နှစ်ရောက်မှ ကလေးထပ်မွေးခဲ့သည့်အတွက် သားသမီးရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသော ဇနီးမောင်နှံ

တရုတ်နိုင်ငံမှ အသက်၆၇နှစ်အရွယ် အဖွားအိုသည်နေလို့ထိုင်လို့မကောင်းဖြစ်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ဆေးခန်းသို့သွားရောက်ပြသစဉ် ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်မှဆိုခဲ့၍ အံ့အားသင့်ခဲ့ကြသည်။

ဆရာဝန်သည် အဖွားအိုအား အသက်အရွယ်နှင့် အားအင်မလုံလောက်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်းပြောခဲ့သော်လည်း ဇနီးမောင်နှံသည် ကလေးအား ကံကောင်းခြင်းလာဘ်တစ်ပါးအဖြစ် သတ်မှတ်ကာ ရအောင်မွေးဖွားမည်ဟု ဆုံးဖြတ်ချက်အခိုင်အမာချခဲ့သည်။

ထို့ကြောင့်ပဲ အဖိုးအဖွား ဇနီးမောင်နှံသည် အိမ်ထောင်ကျပြီးသော သားတစ်ယောက်၊သမီးတစ်ယောက်ရှိကာ မြေးလေးတွေပါ ရနေပြီဖြစ်၍ သားသမီးတွေမှ ကလေးထပ်မမွေးရန် ကန့်ကွက်ခဲ့ကြပြီး ပြောဆို၍မရသည့်အဆုံး တစ်နှစ်ကျော်ထိ အဆက်အသွယ်မလုပ်ပဲ နေခဲ့ကြသည်။

သူတို့ဇနီးမောင်နှံသည် ခင်ပွန်းဖြစ်သူမှ ရှေ့နေဟောင်းတစ်ဦးဖြစ်ကာ ဇနီးသည်ကလည်း သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့၍ ပင်စင်လစာကိုယ်စီနဲ့ နေ့စဉ်အသုံးစရိတ်အတွက် လုံလောက်ခဲ့သည်။

ထို့နောက် ဇနီးဖြစ်သူသည် သမီးမိန်းကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပြီး သမီးလေးမှာအရမ်းချစ်စရာကောင်းလွန်းနေတာကြောင့်

စွန့်ပစ်ထားသောသားသမီးတွေမှ သူတို့ရဲ့ညီမလေးကို လာကြည့်ရင်း အဆက်အသွယ်ပြန်လုပ်ခဲ့ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်။

Hlaing (Love Feeling)