ၾကားသိရသမွ်

လြတ္လပ္ေရးေန႔မွာ ျမင္ရမယ့္ ဥကၠာမိုး (သို႔) ၾကယ္မိုး႐ြာျခင္း ျဖစ္စဥ္…

လွတ်လပ်​ရေး​နေ့ကို ကြိုမည့် ​လေးစိတ်ပိုင်း ဥက္ကာမိုး

၂၀၂၂ ခုနှစ်အတွက် ပထမဆုံး ခပ်များများကြွေမည့် ကြယ်​ကြွေခြင်း ဖြစ်စဥ်ဟာ Quadrantid Meteor Shower (​လေးစိတ်ပိုင်း ဥက္ကာမိုး) ဟု ​ခေါ်ပြီး ဇန်နဝါရီလ ၃ ရက် နဲ့ ၄ ရက် နံနက်ခင်းပိုင်းမှာ အများဆုံး မြင်​တွေ့ရမှာပဲ ဖြစ်ပါတယ်။

အ​ရှေ့​မြောက်ဘက် ​ကောင်းကင်ယံမှ ဓူဝံကြယ် နဲ့ ခုနှစ်စဥ်ကြယ်တို့ အနီး (​အောက်ဘက်နား) က Bootes ကြယ်တာရာ နဲ့ Draco ကြယ်တာရာ အကြားမှာ ဖြစ်ပါတယ် (ပုံ)။ မြန်မာ့နက္ခတ်မှာ​တော့ သွာတိနက္ခတ် (သွာတိကြယ်​ပြောင်) Arcturus အနီးမှာ ဖြစ်ပါတယ်။

ကြယ်​ကြွေတယ်ဆိုတာ အာကာသအတွင်းက ဥက္ကာခဲ ဥက္ကာမှုန်များနဲ့ ကမ္ဘာ့​လေထုတို့ ပွတ်တိုက်မိရာမှ ​ပေါ်ထွက်လာတဲ့ အလင်း​ရောင်စဥ်တန်းများဖြစ်ကြပါတယ်။

ယခုပွတ်တိုက်မိမည့် ဥက္ကာခဲများက​တော့ 2003EH1 လို့အမည်ရတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုရဲ့ လမ်း​ကြောင်းမှာ ကျကျန်​နေခဲ့တဲ့ ဥက္ကာခဲများပဲ ဖြစ်ပါတယ်။

ကျ​နော်တို့ကမ္ဘာဟာ အဆိုပါ​နေရာကို နှစ်စဥ် ဒီဇင်ဘာ ၁၂ နဲ့ ဇန်နဝါရီ ၁၂ အကြား ဖြတ်သန်း​လေ့ရှိပြီး ဇန်နဝါရီ ၃ ရက် နဲ့ ၄ ရက် နံနက်ခင်းပိုင်းမှာ အများဆုံး ​ကြွေကျ​လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက အဆိုပါ ကြယ်မိုးကို နံနက်ခင်း ၅ နာရီ​လောက်မှာ ​အ​ရှေ့​မြောက်အရပ်မှာ ​တွေ့မြင်နိုင်ပါတယ်။

တစ်နာရီလျှင် အလုံး ၁၀၀ ခန့် ​​ဒေါင်လိုက်ကျဆင်းခြင်း ဖြစ်​ပေါ်နိုင်ပြီး ရံဖန်ရံခါ Fireball လို့​ခေါ်တဲ့ မီးလုံးကြီး​တွေလည်း ပါလာတတ်ပါတယ်။

ဒီကြယ်​ကြွေခြင်းဖြစ်စဥ်ကို ၁၈၂၅ ခုနှစ်​လောက်က စတင်​တွေ့ရှိခဲ့တာဖြစ်ပြီး ထိုစဥ်က အသုံးပြုခဲ့တဲ့ ပြင်သစ် အာကာသပညာရှင် Jerome Lalande ရဲ့ Mural Quadrant ကြယ်စုအမည်ကို အစွဲပြုထားခြင်းဖြစ်ပါတယ်။

Mural instrument ဆိုတာက​တော့ ၁၈ ရာစုမှ နက္ခတ်တ္တပညာရှင်များ အသုံးပြုခဲ့ကြတဲ့ နံရံ​ပေါ် ချိတ်ဆွဲပြီး တိုင်းတာကြည့်ရှုရတဲ့ ​လေးစိတ်ပိုင်း ​(0 – 90°) ထောင့်တိုင်းကိရိယာကြီးဖြစ်ပါတယ် (ပုံ)။

Mural Quadrant (​လေးစိတ်ပိုင်းကြယ်စု) တာရာအတွင်းမှာ ​တွေ့ရှိတာဖြစ်လို့ အဆိုပါ ကြယ်မိုး (ဥက္ကာမိုး) ရွာခြင်းဖြစ်စဥ်ကို Quadrantids meteor shower (​လေးစိတ်ပိုင်း ဥက္ကာမိုး) လို့ ​ခေါ်ဆိုကြခြင်းပဲ ဖြစ်ပါ​တော့တယ်။

အနာဂတ်ပညာ​ရေးအတွက်… သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

zawgyi

လြတ္လပ္​ေရး​ေန႔ကို ႀကိဳမည့္ ​ေလးစိတ္ပိုင္း ဥကၠာမိုး

၂၀၂၂ ခုႏွစ္အတြက္ ပထမဆုံး ခပ္မ်ားမ်ားေႂကြမည့္ ၾကယ္​ေႂကြျခင္း ျဖစ္စဥ္ဟာ Quadrantid Meteor Shower (​ေလးစိတ္ပိုင္း ဥကၠာမိုး) ဟု ​ေခၚၿပီး ဇန္နဝါရီလ ၃ ရက္ နဲ႔ ၄ ရက္ နံနက္ခင္းပိုင္းမွာ အမ်ားဆုံး ျမင္​ေတြ႕ရမွာပဲ ျဖစ္ပါတယ္။

အ​ေရွ႕​ေျမာက္ဘက္ ​ေကာင္းကင္ယံမွ ဓူဝံၾကယ္ နဲ႔ ခုႏွစ္စဥ္ၾကယ္တို႔ အနီး (​ေအာက္ဘက္နား) က Bootes ၾကယ္တာရာ နဲ႔ Draco ၾကယ္တာရာ အၾကားမွာ ျဖစ္ပါတယ္ (ပုံ)။ ျမန္မာ့နကၡတ္မွာ​ေတာ့ သြာတိနကၡတ္ (သြာတိၾကယ္​ေျပာင္) Arcturus အနီးမွာ ျဖစ္ပါတယ္။

ၾကယ္​ေႂကြတယ္ဆိုတာ အာကာသအတြင္းက ဥကၠာခဲ ဥကၠာမႈန္မ်ားနဲ႔ ကမာၻ႔​ေလထုတို႔ ပြတ္တိုက္မိရာမွ ​ေပၚထြက္လာတဲ့ အလင္း​ေရာင္စဥ္တန္းမ်ားျဖစ္ၾကပါတယ္။

ယခုပြတ္တိုက္မိမည့္ ဥကၠာခဲမ်ားက​ေတာ့ 2003EH1 လို႔အမည္ရတဲ့ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတစ္ခုရဲ႕ လမ္း​ေၾကာင္းမွာ က်က်န္​ေနခဲ့တဲ့ ဥကၠာခဲမ်ားပဲ ျဖစ္ပါတယ္။

က်​ေနာ္တို႔ကမာၻဟာ အဆိုပါ​ေနရာကို ႏွစ္စဥ္ ဒီဇင္ဘာ ၁၂ နဲ႔ ဇန္နဝါရီ ၁၂ အၾကား ျဖတ္သန္း​ေလ့ရွိၿပီး ဇန္နဝါရီ ၃ ရက္ နဲ႔ ၄ ရက္ နံနက္ခင္းပိုင္းမွာ အမ်ားဆုံး ​ေႂကြက်​ေလ့ရွိပါတယ္။

ျမန္မာႏိုင္ငံမွ ၾကည့္ရႈမည္ဆိုပါက အဆိုပါ ၾကယ္မိုးကို နံနက္ခင္း ၅ နာရီ​ေလာက္မွာ ​အ​ေရွ႕​ေျမာက္အရပ္မွာ ​ေတြ႕ျမင္ႏိုင္ပါတယ္။

တစ္နာရီလွ်င္ အလုံး ၁၀၀ ခန္႔ ​​ေဒါင္လိုက္က်ဆင္းျခင္း ျဖစ္​ေပၚႏိုင္ၿပီး ရံဖန္ရံခါ Fireball လို႔​ေခၚတဲ့ မီးလုံးႀကီး​ေတြလည္း ပါလာတတ္ပါတယ္။

ဒီၾကယ္​ေႂကြျခင္းျဖစ္စဥ္ကို ၁၈၂၅ ခုႏွစ္​ေလာက္က စတင္​ေတြ႕ရွိခဲ့တာျဖစ္ၿပီး ထိုစဥ္က အသုံးျပဳခဲ့တဲ့ ျပင္သစ္ အာကာသပညာရွင္ Jerome Lalande ရဲ႕ Mural Quadrant ၾကယ္စုအမည္ကို အစြဲျပဳထားျခင္းျဖစ္ပါတယ္။

Mural instrument ဆိုတာက​ေတာ့ ၁၈ ရာစုမွ နကၡတ္တၱပညာရွင္မ်ား အသုံးျပဳခဲ့ၾကတဲ့ နံရံ​ေပၚ ခ်ိတ္ဆြဲၿပီး တိုင္းတာၾကည့္ရႈရတဲ့ ​ေလးစိတ္ပိုင္း ​(0 – 90°) ေထာင့္တိုင္းကိရိယာႀကီးျဖစ္ပါတယ္ (ပုံ)။

Mural Quadrant (​ေလးစိတ္ပိုင္းၾကယ္စု) တာရာအတြင္းမွာ ​ေတြ႕ရွိတာျဖစ္လို႔ အဆိုပါ ၾကယ္မိုး (ဥကၠာမိုး) ႐ြာျခင္းျဖစ္စဥ္ကို Quadrantids meteor shower (​ေလးစိတ္ပိုင္း ဥကၠာမိုး) လို႔ ​ေခၚဆိုၾကျခင္းပဲ ျဖစ္ပါ​ေတာ့တယ္။

အနာဂတ္ပညာ​ေရးအတြက္… သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)