ၾကားသိရသမွ်
ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား…
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။
သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။
ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။
အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။ ကျွန်တော် အလုပ်မလုပ်နိုင် တော့ပါဘူး၊ ဒီပိုက်ဆံဟာ ကျွန်တော်၏ နောက်ဆုံးထောပ်ပံ့ငွေပါ။
ထိုအချိန်မှာ အဲဒီကျောင်းမှ ဆရာမနှင့် ကျောင်းသားတွေဟာ မျက်ရည်တွေ ကျခဲ့ကြပါတယ်။ဘေလီဖန်ဟာ ၃၅၀၀၀၀ ယွမ်ကို ဆင်းရဲသော ကျောင်းသားများအတွက် လှူဒါန်းလိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်။
အချုပ်အားဖြင့် ဆိုရလျှင် လေလီဖန်ဟာ အလွန်ဆင်းရဲသော လူ့အသိုင်းအဝိုင်း မှာ ပေါက်ဖွားကြီးပြင်း လာခဲ့တယ်။ သူဟာ ဆိုက်ကားနှင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ သူဟာ ပညာမတတ်ပါဘူး။သို့သော်လည်းပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ်အောင် သင်ကြားပေးနိုင်ခဲ့တယ်။
ဒါကြောင့် ဘေလီဖန်ဟာ ဂုဏ်ယူ လေးစားထိုက်တဲ့ လူတစ်ယောက် ဆိုလည်း မမှားပါဘူး။ လောကမှာ ဖြစ်ချင်တဲ့စိတ်၊ လုပ်ချင်တဲ့စိတ် တစ်ခုတည်းသာ ရှိပါစေ အရာအားလုံး၊ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှာ အလွဲဧကန်ပါ။
တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုလျှင် မိမိတစ်ယောက်တည်း အောင်မြင်နေရုံဖြင့် မလုံလောက်ပါဘူး။ မိမိပတ်ဝန်းကျင် မိမိအသိုင်းကိုပါ ပြုပြင်ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။
Credit ရိုးရာလေး
zawgyi
Credit ရိုးရာလေး