ၾကားသိရသမွ်

နောက်ကျောကို ဓားနဲ့ထိုးခြင်းခံရတဲ့အတွက် ရှောင်ပြေးနေရတဲ့ လူရွှင်တော် စိန်သီး











































credit

***********

အရင်းနှီးဆုံးလူတစ်ယောက်ကနောက်ကျောကို ဓားနဲ့ထိုးခြင်းခံရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ကြားက ရှောင်ပြေးနေရတဲ့ လူရွှင်တော် စိန်သီး

ပရိသတ်ကြီးရ သီးလေးသီး အဖွဲ့က လူရွှင်တော် စိန်သီးကို အားလုံးသိကြမယ်ထင်ပါတယ် သူဟာ လူရွှင်တော်ဘက်မှာသာမက သရုပ်ဆောင်ပိုင်းမှာရော

ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကို တွေ့မြင်ရပါတယ် မကြာသေးခင်ကပဲ ကိုဗစ်ရောဂါကိုပြင်းထန်စွာခံစားခဲ့ရပြီး

ယခုလည်း အနီးဆုံးလူတစ်ယောက်ရဲ့ နောက်ကျောဓားနဲ့ထိုးခြင်းကိုခံခဲ့ရလို့ ရှောင်တိမ်နေရကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်

” မကျန်းမာခြင်းရဲ့နောက်ကွယ်ကဆုတောင်း

အားလုံးမြန်မာပြည်သူပြည်သားများကျန်းမာကြပါစေခင်ဗျာ

ကျန်းမာခြင်းကလာဘ်တစ်ပါးဆိုတာသိသွားတဲ့လူတစ်ယောက်ရဲ့

ရင်ထဲကလာတဲ့ဆုတောင်းလေးပါခင်ဗျာ

စာအရှည်ကြီးရေးပြီးpostမတင်ဖူးလို့တင်ပါရစေခင်ဗျာ

ခုလာတော့မယ့်1ရက်နေ့ဟာဆိုရင်ဖြင့်ကျွန်တော်တို့တတွေရဲ့

စိတ်ကောလူကောအကျဉ်းကျခံရခြင်းမှတနှစ်ပြည့်တော့မယ်

ဖြစ်ပါတယ်ဒီတစ်နှစ်အတောအတွင်းမှာစိတ်မကျန်းမာခြင်း

လူမကျန်းမာခြင်းတွေခံစားချက်မျိုးစုံသောကပေါင်းစုံ

နဲ့ကြုံတွေ့နေကြရတာဘဲဖြစ်ပါတယ်

ကျွန်တော်ကိုယ်တိုင်လဲဒီအဖြစ်အပျက်တွေနဲ့ဖြတ်သန်း

နေရတဲ့သူတယောက်ဖြစ်ပါတယ်

ယခုလက်ရှိလဲကျွန်တော့်ကျန်းမာရေးအခြေအနေက

သိပ်အကောင်းကြီးတော့မဟုတ်ပါဘူးခင်ဗျာ

မကျန်းမာနေတဲ့ကြားကဘဲတတ်နိုင်တဲ့ဘက်က‌တစါထောင့်တစ်နေရာကနေကျန်းမာရေးအတွက်ကိုဗစ်နဲ့ပက်သက်တဲ့ဆေးဝါးနဲ့

အဆင်မပြေကြတဲ့မိသားစုလေးတွေအတွက်တော့

အဟာရဖြစ်စေမယ့်စားစရာလေးတွေကိုတော့လှူဒါန်းဖြစ်ပါတယ်

ကိုယ်တစ်ယောက်တည်းမတတ်နိုင်တာတွေကိုတော့

ချစ်မိတ်ဆွေအပေါင်းအသင်းများနဲ့လက်တွဲပြီးလှူဖြစ်ပါတယ်

ကိုယ်လှူတန်းချင်တာကိုမငြိုငြင်ဘဲကူညီပေးတဲ့

ချစ်မိတ်ဆွေတွေကိုလဲဒီကနေကျေးဇူးအထူးတင်ပါတယ်

ခုဆက်လက်လှူဒါန်းသွားလိုပေမယ့်အခြေအနေမပေးတာရယ်

စီးပွားရေးအဆင်မပြေတော့တာရယ်

မကျန်းမာတာရယ် ကိုယ့်လူရင်းကဘဲ

နောက်ကျောဓားလိုက်ထိုးနေလို့ရှောင်နေရတာရယ်နဲ့

သောကရောက်နေရတယ်ပေါ့ဗျာ

ဒီအဖြစ်အပျက်တွေကိုအားတင်းပြီးဖြတ်သန်းနေရင်းနဲ့

ဘဲဆက်လက်ပြီးကိုယ်လိုချင်တဲ့

ပန်းတိုင်ကိုရအောင်သွားကြရမယ်ဆိုတာ

မိမိကိုယ်ကိုလဲအားပေးရင်းကျွန်တော်တို့ပြည်သူ

တွေကိုလဲအားပေးရင်းနဲ့ခရီးဆက်ကြမယ်

ကျွန်တော်တို့သွားမယ့်ခရီးလမ်းတိုပါစေ

နှစ်ဟောင်းကမကောင်းတဲ့အဖြစ်အပျက်တွေနဲ့ဝေးပါရစေ

ဒီနှစ်သစ်ကအပျော်ရွှင်ဆုံးနှစ်ဖြစ်ပါရစေ

ကျွန်တော်တို့မြန်မာပြည်ကြီးလဲကပ်ရောဂါဘေးမှကင်းဝေးပါရစေ

ကျွန်တော်လဲကျန်းမာပြီးအရင်လိုလှူနိုင်တန်းနိုင်

တဲ့ဘဝလေးပြန်ရောက်ပါရစေလို့ဆုတောင်း

လိုက်ပါတယ်ခင်ဗျ ” ဆိုပြီး ရေးသားထားတာကြောင့် ပရိတ်သတ်ကြီးအားပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်

credit

***********