ေဗဒင္

6.Jan.2022 မှ 12.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

6.Jan.2022 မှ 12.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း မိမိစိတ်တိုင်းကျဖန်းတီးခွင့်တွေရလာတတ်ပါတယ်။ အဘက်ဘက်ကအကူအညီတွေရ လာတတ်ပါတယ်။စိတ်ကူးထားသမျှအကောင်အထည်ဖော်ဖို့ ငွေအားလူအားကူညီမဲ့သူတွေရှိလာလိမ့်မယ်။ စိတ် ဓာတ် ခွန်အားရစေမဲ့စကားတွေကြားရတတ်ပါတယ်။ လက်ထပ်ဖို့ရည်ရွယ်ထားသူများ ဒီတစ်ပတ်အတွင်းမင်္ဂလာ ဆောင်ခြင်း ၊မင်္ဂလာလက်မှတ်ရေးထိုးခြင်းများပြုသင့်တယ်။ ငွေကြေးထက် မိမိနာမည်ကောင်းရဖို့ကိုဦးစားပေး သင့်တဲ့ ကာလပဲဖြစ်ပါတယ်။

အလုပ်ခွင်ထဲ လူမှုရေးကိစ္စတွေကြုံလာရင်တော့ မိမိစိတ်သဘောတစ်ခုထဲ မဆုံး ဖြတ်ဘဲ အများသဘောကို ဦးစားပေးလိုက်တာကအကောင်းဆုံးပါပဲ။ အချစ်ရေးကဏ္ဍ အထူးအားကောင်းချိန်လို့ဆို ရမှာပါ။ အချစ်ရေးကိစ္စအဆင်ပြေမယ်။ မိမိအပေါ်စိတ်ကောက်နေသူ၊စကားများပြီးမခေါ်တဲ့ချစ်သူတောင်ပြန်ခေါ် လိမ့် မယ်။ သားသမီးရဲ့ ဇွတ်တရွတ်လုပ်ချင်စိတ်ကို အတင်းအကြပ်မတားပါနဲ့။ တတ်နိုင်သမျှအချိန်ယူနားဝင်အောင် ပြောပြမှ အဆင်ပြေမဲ့အချိန်ပါပဲ။ စီးပွားရေးအထူးကောင်းမည်။ လက်ဝယ်ရရှိသောအခွင့်အရေးကို လက်လွှတ်မခံ ပါနှင့်။

အိမ်ကိစ္စ ၊အမွေကိစ္စ ၊မြေကိစ္စ များ အဆင်ပြေမည်။ တစ်ခုသတိထားရမှာက လူယုံမထားရ။ အရမ်းရင်းနှီး သူများကြောင့်စိတ်ညစ်ရမည်။ ကိုယ့်ရဲ့ငယ်ကျိုးငယ် နာတွေကို ဖော်တဲ့သူတွေကြောင့်အရှက်ကွဲမည်။ ကျန်းမာရေး အညံ့ နည်းပါတယ်။ အိမ်ထောင်ရေးမှာသားသမီးအကြောင်းပြုပြီး စကားများရတတ်ပါတယ်။ပညာရေးကံညံ့ နေ သည်။အကျိုးပေးဂဏန်း ဝ၊၄၊၂အထူးဟော စုတ်ရော ၊လာဘ်ရော ဝင်မည်။ယတြာ အုန့်နို့ကျောက်ကျောလေးတစ်ပန်းကန် ဘုရားကပ်ပေးပါ။

တနင်္လာ

အနည်းငယ်အလှုပ်အရှားများမဲ့ကာလပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီး အထွက်များနေတတ်ပါတယ်။ လူနုန်းနေတာမျိုး၊သွေးအားနည်းတာမျိုးတွေဖြစ်လွယ်တယ်။ မိတ်ဆွေကောင်းတွေကကူညီချင်ပေမဲ့ သူတို့လဲအဆင်မပြေတဲ့ ကာလဖြစ်နေတာကိုတွေ့ရပါတယ်။အရာရာအကုန်အကျများနေနိုင်ပါတယ်။ စိတ်ညစ်စိတ်ရှုပ်ရမည်။ စိတ်ပန်း လူပန်း ဖြစ်မည်။အလုပ်ပိုတွေကြောင့် အလုပ်ဒဏ်ပိနေမည်။ လူမှုရေးကိစ္စ မိသားစုကိစ္စတွေလိုက်လုပ်နေရမည်။

အဓိကဂရုစိုက်ရမှာက ကျန်းမာရေးပဲ။ ကျန်းမာရေးဒေါင်ဒေါင်မည်တဲ့သူတောင် ဒီကာလအတွင်းဖျားနာတတ်တယ်။ ကျန်းမာရေးအတွက်လဲ ငွေထွက်ရနိုင် တာကိုတွေ့ရပါတယ်။ ဆောင်းရာသီမို့အခုမှစပြီးအားကစားစလုပ်သူဆို မတော်တဆ ထိခိုက်မိတတ်တယ်။ မျက်နှာများတဲ့ချစ်သူကြောင့် စိတ်ညစ်ရမည်။ အောက်လယ်ငယ်သားကြောင့် ဒုက္ခရောက်တတ်တယ်။ အရေးကြီးကိစ္စများအောက်လက်ငယ်သားတွေကို မျက်နှာလွှဲမခိုင်းပါနဲ့။ သွေးထွက်သံယို၊ ထိခိုက်ရှနာဖြစ်လွယ်တဲ့အတွက် ယာဉ်ကားသတိထားမောင်းနှင်ပါဗျ။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အကူအညီတွေကြောင့်အစစအရာရာအဆင်ပြေနိုင်ပါတယ်။ကြွေးရစရာရှိတာများ ဒီကာလမှာတောင်းရင်ထင်သ လောက်မရတတ်ပါဘူး။ပညာရေးအတွက် အနည်းငယ်စိတ်ပူပန်စရာတော့ရှိနေနိုင်ပါတယ်။အကျိုးပေးဂဏန်း ၁၊၇၊၅အထူးဟော ကျန်းမာရေးညံ့နေမည်။ယတြာ အိမ်ရှိလျှပ်စစ်ဝါယာကြိုးအဟောင်းများ၊အပျက်များ၊အားသွင်းခေါင်းအစုတ်များ လွှတ်ပစ်လိုက်ပါ။

အင်္ဂါ

အနည်းငယ်စိတ်ရှည်ဖို့လိုပါတယ်။ ငွေကံကောင်းနေမဲ့မိမိလိုချင်တဲ့ပမာဏလောက်တော့ မရနိုင်သေးတဲ့ကာ လပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးရစရာများရဖို့ ရှိပါတယ်။ ငွေကတော့ ဝင်ပါလိမ့်မယ်။ ငွေလက်ထဲထားရင် ဆီလို အပေါက် ရှာပြီးထွက်သွား လိမ့်မယ်။ အလုပ်စီးပွားတော့သိပ်မညံ့ပါဘူး။ အတွေးတူတဲ့မိတ်ဆွေတွေနဲ့ ဆွေးနွေး တိုင်ပင်အကြံယူသင့် တဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ အလုပ်များနေပေမဲ့ ငွေရတဲ့အလုပ်တော့မဟုတ်တာကိုတွေ့ရပါ တယ်။

တတ်နိုင် သလောက်တစ်ခုခုကို ဇောက်ချလုပ်ကိုင်ပါ။ ဟိုစပ်စပ်ဒီစပ်စပ်လုပ်ရာကနေ ဘယ်အရာမှ မပြီးမြောက်တာမျိုး ဖြစ်ရ တတ်ပါတယ်။ မိတ်များမယ်။ ဖောက်သည်များမယ်။ဝိုင်းဝန်းကူညီသူပေါမယ်။ သတိ ထားရ မှာက မိမိတို့ကိုယ်တိုင် ကဒီကာလမှာဒေါသကိုလျော့ထားဖို့အထူးလိုပါတယ်။ကံကကောင်းလိုက်ဆိုး လိုက် တလှည့်ဆီဖြစ်နေမည်။ ဆိုးမလို နဲ့ကောင်းသွားတတ်သလို ကောင်းမလိုနဲ့ဆိုးနေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခု ကောင်းတာက လူချစ်လူခင်များမဲ့ ကာလပါပဲ။ စန်းလဲပွင့်နေပါတယ်။

အိမ်ထောင်ရေးတော့ စိတ်ညစ်ရ လိမ့်မယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားများရမည်။ မောင်နှမတွေစိတ်ဝမ်းကွဲစရာများကြုံလိမ့်မည်။ ပညာရေး ကဏ္ဍ အတွက် စတင်လိုက်တဲ့ကိစ္စတိုင်းအဆင်ပြေမယ်။ မည်သူအကြံပေးတာမှလက်မခံပါနဲ့။အကျိုးပေးဂဏန်း ၂၊၄၊၆အထူးဟော ကံသင့်ပါသည်။ယတြာ ပုဗ္ဗဏှသုတ်တော်ကို တစ်နေ့တစ်ခေါက် တစ်ပတ်တိတိရွတ်ပွားပါ.

ဗုဒ္ဓဟူး/ရာဟု

စီးပွားရေးအထူးကောင်းမဲ့အချိန်ပါပဲ။ လုပ်ငန်းများချဲ့ထွင်ခြင်းအလုပ်အသစ်စတင်ခြင်း အထူးကောင်းပါလိမ့် မယ်။စိတ်ထဲကောင်းတဲ့အယူအဆတွေ၊အတွေးအခေါ်တွေပေါ်လာတတ်ပါတယ်။ လှမ်းမှားနေသူအတွက် လမ်းမှန် ရောက်အောင်ကံက လမ်းပြပါလိမ့်မယ်။ ကံကလဲအရမ်းမြင့်မားနေတဲ့ကာလပါ။ ကောင်းတဲ့လိုအင်ဆန္ဒတွေ ပြည့်စုံမဲ့အချိန်ပေါ့။အရင်အပတ်က စိတ်ညစ်စိတ်ရှုပ်ရတဲ့ကိစ္စတွေဒီအပတ်ထဲလျော့ပါး သက်သာခွင့်တွေရလာတာ ကိုတွေ့ရပါတယ်။

ငွေကိုတော့ ချွေတာသုံးပါ။ငွေကြေးလဲအဘက်ဘက်ကဝင်လာဖို့ရှိပေမဲ့ မိမိကအပေးအကမ်း ရက်ရောတာ၊အားနာလို့ချေးငှားလိုက်တာကနေ ငွေကုန်သွားနိုင်လို့ပါ။ မိမိကျန်းမာရေးအနည်းငယ်အားနည်း နေနိုင်တာ ကိုတွေ့ရပါတယ်။ရေချိုးမှားခြင်း၊နေ့လည်နေခင်းအချိန်ကြာမြင့်စွာ အိပ်ရာကနေဖျားနာခြင်းများဖြစ်နိုင် တာကိုတွေ့ရပါတယ်။ ဆိုင်ခန်းကိစ္စ၊အိမ်ကိစ္စ၊အလုပ်ကိစ္စ အခက်အခဲကြုံနေသူများပြန်အဆင်ပြေလိမ့်မည်။ စပ်တူ ကိစ္စ၊ ရှယ်ယာကိစ္စများလုပ်ကိုင်၍ အကျိုးပေးလိမ့်မယ်။

ဘာသာရေးနဲ့ပတ်သက်သော ပစ္စည်းများလက်ဆောင်ရ မည်။ ပညာရေးကိစ္စ ၊အင်တာဗျူးကိစ္စ၊စာမေးပွဲကိစ္စ အောင်မြင်လိမ့်မည်။အချစ်ရေးကံကောင်းလာပါ တော့မယ်။ သို့သော်ကျန်းမာရေးညံ့နေတဲ့ချစ်သူကြောင့်စိတ်ပူပန်နေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃၊၅၊၇အထူးဟော ဘာသာတရားများများလုပ်လေကံကောင်းလေပါပဲယတြာ ယပ်တောင်တစ်ချောင်းနဲ့ ဘုရားရှစ်ခိုးပြီးတိုင်း ဘုရားရှင်ကိုယပ်တော်သွင်းပါ။

ကြာသပတေး

တတ်နိုင်သမျှ မိမိအနေနဲ့ စတင်ကြံစည်ခြင်း၊အကောင်အထည်ဖော်ခြင်း၊ တစ်ခုခုကိုအသစ်စတင်ခြင်းတွေ အားမပေးပါဘူး။ငွေကြေးကံကမညံ့ပေမဲ့ မိမိရင်းနှီးမြုပ်နှံမှုမှားယွင်းမှုတွေကြောင့် ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။ တတ် နိုင်သမျှဘယ်ပစ္စည်းမှဒီအပတ်ထဲမလှောင်ရင်အကောင်းဆုံးပဲ။အချစ်ရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စအထူးညံ့ တဲ့ ကာလ ပါ။ ချစ်သူချင်းစကားများစိတ်ဝမ်းကွဲ ရတတ်ပါ တယ်။ အရင်ကတည်းကလမ်းခွဲရင် ကောင်းမလား တွေးနေတဲ့ ချစ်သူစုံတွဲတွေအပြီးတိုင်ကွဲသွားတတ်ပါတယ်။

အိမ်ထောင်သည်များငွေကိုအကြောင်းပြုပြီး စကားများ ရနိုင်ပါတယ်။အလုပ်ဒဏ်တွေပိနေတတ်တယ်။ အလုပ်ကိစ္စ တွေမှာ မနိုင်ဝန်တွေ ထမ်း နေရတတ်သည်။ အလုပ် နဲ့ပတ်သက်ပြီး လုပ်သလောက်အကျိုးမခံစားရတတ်ပါဘူး။ ဒီအချိန်မှာစိတ်ပန်းလူပန်းဖြစ် နေရမည်။ ရထားတဲ့ ရာထူးနဲ့ လုပ်ရတဲ့အလုပ်က ပိုများနေလိမ့်မယ်။ ဒေါသဖြစ်စရာ စိတ်ညစ်စရာတွေ ဆက် တိုက်ကြုံရတတ်တဲ့အတွက် သည်းခံနိုင်မှတော်ကာကျမည်။

မိမိအနေနဲ့က ဒီအချိန်မှာခိုက် ရန် ဒေါသဖြစ်စရာ တွေ ကြုံလာနိုင်တဲ့အတွက် အရာရာခေါင်းအေးအေးထားပြီး ရှေးတိုး ဆောင်ရွက် ပါ။ပညာရေး နဲ့အသက်မွေးသူများ အလုပ်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ရာထူးအပြောင်းအလဲတွေဖြစ်ရတတ်ပါတယ်။ ပညာရေး ကံကောင်းနိုင်ပေမဲ့ မိမိတက်လမ်း အတွက်အတားအဆီးတွေကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၅၊၄၊၃အထူးဟော _စိတ်ပင်ပန်းရမည်။ယတြာ -ဘဲဥလေးတွေပြုတ်ပြီးတော့ ကိုယ်ချစ်တဲ့ခွေးတစ်ကောင်ကို ချကျွေးလိုက်ပါ။

သောကြာ

မည်သို့ပင်ဆိုစေ..စိတ်လိုက်မာန်ပါပြန်လည်ပြောဆိုခြင်းများမပြုလုပ်သင့်ပါဘူး။အသေးအမွှားစကားလေး တစ်ခွန်း၊သူတစ်ပါးအပေါ်အသေးအမွှားလောက် body shaming လုပ်လိုက်မိတာကအစ တစ်ဖက်လူကမိမိကို ကြီးစွာသောရန်ငြိုးဖွဲ့ခြင်းခံရတတ်ပါတယ်။ဒီအပတ်ထဲနားချင်ပေမဲ့မသွားချင်တဲ့ခရီးတွေသွားရတတ်ပါတယ်။အလုပ်ကိစ္စတွေ၊လူမှုရေးကိစ္စတွေကြောင့်အိမ်မကပ်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးလဲ အနည်းငယ်ညံ့နေ တတ်ပါ တယ်။အုံးလွဲတာ၊အိပ်ရာပြောင်းလို့ ကိုယ့်လက်မအီမသာဖြစ်တာမျိုးတွေကြုံရတတ်ပါ တယ်။

အရင်ကတည်းက သွားကိုက်တတ်သူတွေ ဒီကာလထိုဝေဒနာပြန်ခံစားရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်ခြင်း တွေခံရတတ်ပါတယ်။ ရင်းနှီးသူတွေနဲ့ စကားများခွဲခွာရမဲ့အချိန်ပါပဲ။ အချစ်ရေးကိစ္စတွေလဲ အဆင်မပြေကြုံ ရတတ်ပါတယ်။သို့သော်ချစ်သူဆီက ငွေကြေးအကူအညီမျိုးတော့ရတတ်ပါတယ်။ရတာနဲ့အပြောခံရတာနဲ့ မကာမိ တာ မျိုးတော့ဖြစ်လိမ့်မယ်။ ရည်မှန်းချက်တွေ မျော်လင့်ထားတာတွေ အထစ်အငေါ့ကြုံပြီးမှ အဆင်ပြေလိမ့်မယ်။

ဒါကြောင့် ဒီအပတ်ထဲမှာတော့စိတ်ရှည်သည်းခံဖို့အထူးလိုပါတယ်။ စက်ပစ္စည်းများ လျှပ်စစ်ပစ္စည်းများအဝင် မခံသင့်တဲ့ ကာလ ပါပဲ။ ခရီးဝေးကိစ္စ နိုင်ငံခြားကိစ္စခဏဆိုင်းထားသင့်တဲ့ကာလပါပဲ။ ပညာရေးကံ အထူးကောင်းနေ ပါ လိမ့် မယ်။ အကျိုးပေးဂဏန်း-၁၊၄၊၈အထူးဟော -အနည်းငယ်တော့ စိတ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ယတြာ -တတ်နိုင်သမျှ ရေအလှူလေးတွေများများလုပ်ပါ။

စနေ

ကံကောင်းခြင်းတွေမိမိဆီရောက်လာနေပါပြီ။စိတ်တူသဘောတူလုပ်ဖော်ကိုင်ဖက်တွေကြောင့်လုပ်ငန်းခွင် စိတ်ချမ်းသာခွင့်ရလာမဲ့ကာလပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီး ထီပေါက်တာမျိုး၊ငွေအစုလိုက်ဝင်တာမျိုးတွေဒီကာလ မှာကြုံရဖွယ်ရှိနေပါတယ်။ အလုပ်စီးပွားတိုးတတ်မည်။ မိမိတန်ဖိုးထားတဲ့အရာများ မိမိလက်ဝယ်ရောက်ရှိမည်။ ရတနာဝင်မည်။အနာဂတ်အကျိုးစီးပွားအတွက်ခိုင်မာစွာ ဆုံးဖြတ်ချက်ချသင့်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရမည်။

အင်တာဗျူးဖြေထားသူများအောင်လိမ့်မည်။အထက်လူကြီးမစမည်။ ဖခင်ဘက်ကအမျိုးတွေဆီက အကူအညီတွေရမည်။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဖြစ်ပေါ်လာနိုင်တဲ့အချိန်ပါပဲ။ ဒါကြောင့်ပဲရန်များတတ်ပါတယ်။ မိသားစုအတွင်း အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့်စကားအခြေအတင်ဖြစ်ရလိမ့်မယ်။ ဘာသာရေးကိစ္စ၊တရားအား ထုတ်ခြင်း၊ဝိပဿနာပွားများခြင်းများ ဒီကာလမှာ ထူးခြားတဲ့ အသိဉာဏ်စဉ်တွေရလာတတ်ပါ တယ်။တရား မမေ့သူများ တရားတွေ့နိုင်တဲ့ကာလပါပဲ။ အချစ်ရေးအတွက်အားနည်း ချက်တွေကိုပြုပြင် နိုင်ပါလိမ့်မယ်။

အချစ် ကြောင့်မိမိစိတ်တွေပြောင်းလဲလာမဲ့ကာလပါ။ ကျန်းမာရေးအညံ့အဆိုးတွေလျော့သွားပါလိမ့်မယ်။ သမားတော် ကောင်း၊ ဆေးဝါးကောင်းတွေနဲ့ တွေ့ရလိမ့်မယ်။ပညာရေးကံကောင်းနေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၆၊၄၊၁အထူးဟော ကံကောင်းနေမည် ယတြာ အကြီးအကဲတွေကိုဆံပင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဘီးတို့၊ကလစ်တို့၊ဆံညှပ်တို့လက်ဆောင်ပေး လိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695//09 44 5555 695

Zawgyi

6.Jan.2022 မွ 12.Jan..2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္း မိမိစိတ္တိုင္းက်ဖန္းတီးခြင့္ေတြရလာတတ္ပါတယ္။ အဘက္ဘက္ကအကူအညီေတြရ လာတတ္ပါတယ္။စိတ္ကူးထားသမွ်အေကာင္အထည္ေဖာ္ဖို႔ ေငြအားလူအားကူညီမဲ့သူေတြရွိလာလိမ့္မယ္။ စိတ္ ဓာတ္ ခြန္အားရေစမဲ့စကားေတြၾကားရတတ္ပါတယ္။ လက္ထပ္ဖို႔ရည္႐ြယ္ထားသူမ်ား ဒီတစ္ပတ္အတြင္းမဂၤလာ ေဆာင္ျခင္း ၊မဂၤလာလက္မွတ္ေရးထိုးျခင္းမ်ားျပဳသင့္တယ္။ ေငြေၾကးထက္ မိမိနာမည္ေကာင္းရဖို႔ကိုဦးစားေပး သင့္တဲ့ ကာလပဲျဖစ္ပါတယ္။

အလုပ္ခြင္ထဲ လူမႈေရးကိစၥေတြႀကဳံလာရင္ေတာ့ မိမိစိတ္သေဘာတစ္ခုထဲ မဆုံး ျဖတ္ဘဲ အမ်ားသေဘာကို ဦးစားေပးလိုက္တာကအေကာင္းဆုံးပါပဲ။ အခ်စ္ေရးက႑ အထူးအားေကာင္းခ်ိန္လို႔ဆို ရမွာပါ။ အခ်စ္ေရးကိစၥအဆင္ေျပမယ္။ မိမိအေပၚစိတ္ေကာက္ေနသူ၊စကားမ်ားၿပီးမေခၚတဲ့ခ်စ္သူေတာင္ျပန္ေခၚ လိမ့္ မယ္။ သားသမီးရဲ႕ ဇြတ္တ႐ြတ္လုပ္ခ်င္စိတ္ကို အတင္းအၾကပ္မတားပါနဲ႔။ တတ္ႏိုင္သမွ်အခ်ိန္ယူနားဝင္ေအာင္ ေျပာျပမွ အဆင္ေျပမဲ့အခ်ိန္ပါပဲ။ စီးပြားေရးအထူးေကာင္းမည္။ လက္ဝယ္ရရွိေသာအခြင့္အေရးကို လက္လႊတ္မခံ ပါႏွင့္။

အိမ္ကိစၥ ၊အေမြကိစၥ ၊ေျမကိစၥ မ်ား အဆင္ေျပမည္။ တစ္ခုသတိထားရမွာက လူယုံမထားရ။ အရမ္းရင္းႏွီး သူမ်ားေၾကာင့္စိတ္ညစ္ရမည္။ ကိုယ့္ရဲ႕ငယ္က်ိဳးငယ္ နာေတြကို ေဖာ္တဲ့သူေတြေၾကာင့္အရွက္ကြဲမည္။ က်န္းမာေရး အညံ့ နည္းပါတယ္။ အိမ္ေထာင္ေရးမွာသားသမီးအေၾကာင္းျပဳၿပီး စကားမ်ားရတတ္ပါတယ္။ပညာေရးကံညံ့ ေန သည္။အက်ိဳးေပးဂဏန္း ၀၊၄၊၂အထူးေဟာ စုတ္ေရာ ၊လာဘ္ေရာ ဝင္မည္။ယၾတာ အုန႔္ႏို႔ေက်ာက္ေက်ာေလးတစ္ပန္းကန္ ဘုရားကပ္ေပးပါ။

တနလၤာ

အနည္းငယ္အလႈပ္အရွားမ်ားမဲ့ကာလပါပဲ။ေငြေၾကးနဲ႔ပတ္သက္ၿပီး အထြက္မ်ားေနတတ္ပါတယ္။ လူႏုန္းေနတာမ်ိဳး၊ေသြးအားနည္းတာမ်ိဳးေတြျဖစ္လြယ္တယ္။ မိတ္ေဆြေကာင္းေတြကကူညီခ်င္ေပမဲ့ သူတို႔လဲအဆင္မေျပတဲ့ ကာလျဖစ္ေနတာကိုေတြ႕ရပါတယ္။အရာရာအကုန္အက်မ်ားေနႏိုင္ပါတယ္။ စိတ္ညစ္စိတ္ရႈပ္ရမည္။ စိတ္ပန္း လူပန္း ျဖစ္မည္။အလုပ္ပိုေတြေၾကာင့္ အလုပ္ဒဏ္ပိေနမည္။ လူမႈေရးကိစၥ မိသားစုကိစၥေတြလိုက္လုပ္ေနရမည္။

အဓိကဂ႐ုစိုက္ရမွာက က်န္းမာေရးပဲ။ က်န္းမာေရးေဒါင္ေဒါင္မည္တဲ့သူေတာင္ ဒီကာလအတြင္းဖ်ားနာတတ္တယ္။ က်န္းမာေရးအတြက္လဲ ေငြထြက္ရႏိုင္ တာကိုေတြ႕ရပါတယ္။ ေဆာင္းရာသီမို႔အခုမွစၿပီးအားကစားစလုပ္သူဆို မေတာ္တဆ ထိခိုက္မိတတ္တယ္။ မ်က္ႏွာမ်ားတဲ့ခ်စ္သူေၾကာင့္ စိတ္ညစ္ရမည္။ ေအာက္လယ္ငယ္သားေၾကာင့္ ဒုကၡေရာက္တတ္တယ္။ အေရးႀကီးကိစၥမ်ားေအာက္လက္ငယ္သားေတြကို မ်က္ႏွာလႊဲမခိုင္းပါနဲ႔။ ေသြးထြက္သံယို၊ ထိခိုက္ရွနာျဖစ္လြယ္တဲ့အတြက္ ယာဥ္ကားသတိထားေမာင္းႏွင္ပါဗ်။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ အကူအညီေတြေၾကာင့္အစစအရာရာအဆင္ေျပႏိုင္ပါတယ္။ေႂကြးရစရာရွိတာမ်ား ဒီကာလမွာေတာင္းရင္ထင္သ ေလာက္မရတတ္ပါဘူး။ပညာေရးအတြက္ အနည္းငယ္စိတ္ပူပန္စရာေတာ့ရွိေနႏိုင္ပါတယ္။အက်ိဳးေပးဂဏန္း ၁၊၇၊၅အထူးေဟာ က်န္းမာေရးညံ့ေနမည္။ယၾတာ အိမ္ရွိလွ်ပ္စစ္ဝါယာႀကိဳးအေဟာင္းမ်ား၊အပ်က္မ်ား၊အားသြင္းေခါင္းအစုတ္မ်ား လႊတ္ပစ္လိုက္ပါ။

အဂၤါ

အနည္းငယ္စိတ္ရွည္ဖို႔လိုပါတယ္။ ေငြကံေကာင္းေနမဲ့မိမိလိုခ်င္တဲ့ပမာဏေလာက္ေတာ့ မရႏိုင္ေသးတဲ့ကာ လပါပဲ။ေငြေၾကးနဲ႔ပတ္သက္ၿပီးရစရာမ်ားရဖို႔ ရွိပါတယ္။ ေငြကေတာ့ ဝင္ပါလိမ့္မယ္။ ေငြလက္ထဲထားရင္ ဆီလို အေပါက္ ရွာၿပီးထြက္သြား လိမ့္မယ္။ အလုပ္စီးပြားေတာ့သိပ္မညံ့ပါဘူး။ အေတြးတူတဲ့မိတ္ေဆြေတြနဲ႔ ေဆြးေႏြး တိုင္ပင္အႀကံယူသင့္ တဲ့ေန႔ရက္ေတြလဲျဖစ္ပါတယ္။ အလုပ္မ်ားေနေပမဲ့ ေငြရတဲ့အလုပ္ေတာ့မဟုတ္တာကိုေတြ႕ရပါ တယ္။

တတ္ႏိုင္ သေလာက္တစ္ခုခုကို ေဇာက္ခ်လုပ္ကိုင္ပါ။ ဟိုစပ္စပ္ဒီစပ္စပ္လုပ္ရာကေန ဘယ္အရာမွ မၿပီးေျမာက္တာမ်ိဳး ျဖစ္ရ တတ္ပါတယ္။ မိတ္မ်ားမယ္။ ေဖာက္သည္မ်ားမယ္။ဝိုင္းဝန္းကူညီသူေပါမယ္။ သတိ ထားရ မွာက မိမိတို႔ကိုယ္တိုင္ ကဒီကာလမွာေဒါသကိုေလ်ာ့ထားဖို႔အထူးလိုပါတယ္။ကံကေကာင္းလိုက္ဆိုး လိုက္ တလွည့္ဆီျဖစ္ေနမည္။ ဆိုးမလို နဲ႔ေကာင္းသြားတတ္သလို ေကာင္းမလိုနဲ႔ဆိုးေနတတ္ပါတယ္။ ဒါေပမဲ့ တစ္ခု ေကာင္းတာက လူခ်စ္လူခင္မ်ားမဲ့ ကာလပါပဲ။ စန္းလဲပြင့္ေနပါတယ္။

အိမ္ေထာင္ေရးေတာ့ စိတ္ညစ္ရ လိမ့္မယ္။ အိမ္ေထာင္ဘက္အခ်င္းခ်င္းစကားမ်ားရမည္။ ေမာင္ႏွမေတြစိတ္ဝမ္းကြဲစရာမ်ားႀကဳံလိမ့္မည္။ ပညာေရး က႑ အတြက္ စတင္လိုက္တဲ့ကိစၥတိုင္းအဆင္ေျပမယ္။ မည္သူအႀကံေပးတာမွလက္မခံပါနဲ႔။အက်ိဳးေပးဂဏန္း ၂၊၄၊၆အထူးေဟာ ကံသင့္ပါသည္။ယၾတာ ပုဗၺဏွသုတ္ေတာ္ကို တစ္ေန႔တစ္ေခါက္ တစ္ပတ္တိတိ႐ြတ္ပြားပါ.

ဗုဒၶဟူး/ရာဟု

စီးပြားေရးအထူးေကာင္းမဲ့အခ်ိန္ပါပဲ။ လုပ္ငန္းမ်ားခ်ဲ႕ထြင္ျခင္းအလုပ္အသစ္စတင္ျခင္း အထူးေကာင္းပါလိမ့္ မယ္။စိတ္ထဲေကာင္းတဲ့အယူအဆေတြ၊အေတြးအေခၚေတြေပၚလာတတ္ပါတယ္။ လွမ္းမွားေနသူအတြက္ လမ္းမွန္ ေရာက္ေအာင္ကံက လမ္းျပပါလိမ့္မယ္။ ကံကလဲအရမ္းျမင့္မားေနတဲ့ကာလပါ။ ေကာင္းတဲ့လိုအင္ဆႏၵေတြ ျပည့္စုံမဲ့အခ်ိန္ေပါ့။အရင္အပတ္က စိတ္ညစ္စိတ္ရႈပ္ရတဲ့ကိစၥေတြဒီအပတ္ထဲေလ်ာ့ပါး သက္သာခြင့္ေတြရလာတာ ကိုေတြ႕ရပါတယ္။

ေငြကိုေတာ့ ေခြၽတာသုံးပါ။ေငြေၾကးလဲအဘက္ဘက္ကဝင္လာဖို႔ရွိေပမဲ့ မိမိကအေပးအကမ္း ရက္ေရာတာ၊အားနာလို႔ေခ်းငွားလိုက္တာကေန ေငြကုန္သြားႏိုင္လို႔ပါ။ မိမိက်န္းမာေရးအနည္းငယ္အားနည္း ေနႏိုင္တာ ကိုေတြ႕ရပါတယ္။ေရခ်ိဳးမွားျခင္း၊ေန႔လည္ေနခင္းအခ်ိန္ၾကာျမင့္စြာ အိပ္ရာကေနဖ်ားနာျခင္းမ်ားျဖစ္ႏိုင္ တာကိုေတြ႕ရပါတယ္။ ဆိုင္ခန္းကိစၥ၊အိမ္ကိစၥ၊အလုပ္ကိစၥ အခက္အခဲႀကဳံေနသူမ်ားျပန္အဆင္ေျပလိမ့္မည္။ စပ္တူ ကိစၥ၊ ရွယ္ယာကိစၥမ်ားလုပ္ကိုင္၍ အက်ိဳးေပးလိမ့္မယ္။

ဘာသာေရးနဲ႔ပတ္သက္ေသာ ပစၥည္းမ်ားလက္ေဆာင္ရ မည္။ ပညာေရးကိစၥ ၊အင္တာဗ်ဴးကိစၥ၊စာေမးပြဲကိစၥ ေအာင္ျမင္လိမ့္မည္။အခ်စ္ေရးကံေကာင္းလာပါ ေတာ့မယ္။ သို႔ေသာ္က်န္းမာေရးညံ့ေနတဲ့ခ်စ္သူေၾကာင့္စိတ္ပူပန္ေနရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃၊၅၊၇အထူးေဟာ ဘာသာတရားမ်ားမ်ားလုပ္ေလကံေကာင္းေလပါပဲယၾတာ ယပ္ေတာင္တစ္ေခ်ာင္းနဲ႔ ဘုရားရွစ္ခိုးၿပီးတိုင္း ဘုရားရွင္ကိုယပ္ေတာ္သြင္းပါ။

ၾကာသပေတး

တတ္ႏိုင္သမွ် မိမိအေနနဲ႔ စတင္ႀကံစည္ျခင္း၊အေကာင္အထည္ေဖာ္ျခင္း၊ တစ္ခုခုကိုအသစ္စတင္ျခင္းေတြ အားမေပးပါဘူး။ေငြေၾကးကံကမညံ့ေပမဲ့ မိမိရင္းႏွီးျမဳပ္ႏွံမႈမွားယြင္းမႈေတြေၾကာင့္ ဆုံးရႈံးႏိုင္ဖြယ္ရွိပါတယ္။ တတ္ ႏိုင္သမွ်ဘယ္ပစၥည္းမွဒီအပတ္ထဲမေလွာင္ရင္အေကာင္းဆုံးပဲ။အခ်စ္ေရးကိစၥ ၊ အိမ္ေထာင္ေရးကိစၥအထူးညံ့ တဲ့ ကာလ ပါ။ ခ်စ္သူခ်င္းစကားမ်ားစိတ္ဝမ္းကြဲ ရတတ္ပါ တယ္။ အရင္ကတည္းကလမ္းခြဲရင္ ေကာင္းမလား ေတြးေနတဲ့ ခ်စ္သူစုံတြဲေတြအၿပီးတိုင္ကြဲသြားတတ္ပါတယ္။

အိမ္ေထာင္သည္မ်ားေငြကိုအေၾကာင္းျပဳၿပီး စကားမ်ား ရႏိုင္ပါတယ္။အလုပ္ဒဏ္ေတြပိေနတတ္တယ္။ အလုပ္ကိစၥ ေတြမွာ မႏိုင္ဝန္ေတြ ထမ္း ေနရတတ္သည္။ အလုပ္ နဲ႔ပတ္သက္ၿပီး လုပ္သေလာက္အက်ိဳးမခံစားရတတ္ပါဘူး။ ဒီအခ်ိန္မွာစိတ္ပန္းလူပန္းျဖစ္ ေနရမည္။ ရထားတဲ့ ရာထူးနဲ႔ လုပ္ရတဲ့အလုပ္က ပိုမ်ားေနလိမ့္မယ္။ ေဒါသျဖစ္စရာ စိတ္ညစ္စရာေတြ ဆက္ တိုက္ႀကဳံရတတ္တဲ့အတြက္ သည္းခံႏိုင္မွေတာ္ကာက်မည္။

မိမိအေနနဲ႔က ဒီအခ်ိန္မွာခိုက္ ရန္ ေဒါသျဖစ္စရာ ေတြ ႀကဳံလာႏိုင္တဲ့အတြက္ အရာရာေခါင္းေအးေအးထားၿပီး ေရွးတိုး ေဆာင္႐ြက္ ပါ။ပညာေရး နဲ႔အသက္ေမြးသူမ်ား အလုပ္အေျပာင္းအလဲ၊ ေနရာအေျပာင္းအလဲ၊ရာထူးအေျပာင္းအလဲေတြျဖစ္ရတတ္ပါတယ္။ ပညာေရး ကံေကာင္းႏိုင္ေပမဲ့ မိမိတက္လမ္း အတြက္အတားအဆီးေတြႀကဳံရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၅၊၄၊၃အထူးေဟာ _စိတ္ပင္ပန္းရမည္။ယၾတာ -ဘဲဥေလးေတြျပဳတ္ၿပီးေတာ့ ကိုယ္ခ်စ္တဲ့ေခြးတစ္ေကာင္ကို ခ်ေကြၽးလိုက္ပါ။

ေသာၾကာ

မည္သို႔ပင္ဆိုေစ..စိတ္လိုက္မာန္ပါျပန္လည္ေျပာဆိုျခင္းမ်ားမျပဳလုပ္သင့္ပါဘူး။အေသးအမႊားစကားေလး တစ္ခြန္း၊သူတစ္ပါးအေပၚအေသးအမႊားေလာက္ body shaming လုပ္လိုက္မိတာကအစ တစ္ဖက္လူကမိမိကို ႀကီးစြာေသာရန္ၿငိဳးဖြဲ႕ျခင္းခံရတတ္ပါတယ္။ဒီအပတ္ထဲနားခ်င္ေပမဲ့မသြားခ်င္တဲ့ခရီးေတြသြားရတတ္ပါတယ္။အလုပ္ကိစၥေတြ၊လူမႈေရးကိစၥေတြေၾကာင့္အိမ္မကပ္ျဖစ္ရတတ္ပါတယ္။ က်န္းမာေရးလဲ အနည္းငယ္ညံ့ေန တတ္ပါ တယ္။အုံးလြဲတာ၊အိပ္ရာေျပာင္းလို႔ ကိုယ့္လက္မအီမသာျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါ တယ္။

အရင္ကတည္းက သြားကိုက္တတ္သူေတြ ဒီကာလထိုေဝဒနာျပန္ခံစားရတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕အုပ္စုဖြဲ႕တိုက္ခိုက္ျခင္း ေတြခံရတတ္ပါတယ္။ ရင္းႏွီးသူေတြနဲ႔ စကားမ်ားခြဲခြာရမဲ့အခ်ိန္ပါပဲ။ အခ်စ္ေရးကိစၥေတြလဲ အဆင္မေျပႀကဳံ ရတတ္ပါတယ္။သို႔ေသာ္ခ်စ္သူဆီက ေငြေၾကးအကူအညီမ်ိဳးေတာ့ရတတ္ပါတယ္။ရတာနဲ႔အေျပာခံရတာနဲ႔ မကာမိ တာ မ်ိဳးေတာ့ျဖစ္လိမ့္မယ္။ ရည္မွန္းခ်က္ေတြ ေမ်ာ္လင့္ထားတာေတြ အထစ္အေငါ့ႀကဳံၿပီးမွ အဆင္ေျပလိမ့္မယ္။

ဒါေၾကာင့္ ဒီအပတ္ထဲမွာေတာ့စိတ္ရွည္သည္းခံဖို႔အထူးလိုပါတယ္။ စက္ပစၥည္းမ်ား လွ်ပ္စစ္ပစၥည္းမ်ားအဝင္ မခံသင့္တဲ့ ကာလ ပါပဲ။ ခရီးေဝးကိစၥ ႏိုင္ငံျခားကိစၥခဏဆိုင္းထားသင့္တဲ့ကာလပါပဲ။ ပညာေရးကံ အထူးေကာင္းေန ပါ လိမ့္ မယ္။ အက်ိဳးေပးဂဏန္း-၁၊၄၊၈အထူးေဟာ -အနည္းငယ္ေတာ့ စိတ္လက္မအီမသာျဖစ္ရတတ္ပါတယ္။ယၾတာ -တတ္ႏိုင္သမွ် ေရအလႉေလးေတြမ်ားမ်ားလုပ္ပါ။

စေန

ကံေကာင္းျခင္းေတြမိမိဆီေရာက္လာေနပါၿပီ။စိတ္တူသေဘာတူလုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္လုပ္ငန္းခြင္ စိတ္ခ်မ္းသာခြင့္ရလာမဲ့ကာလပါပဲ။ေငြေၾကးနဲ႔ပတ္သက္ၿပီး ထီေပါက္တာမ်ိဳး၊ေငြအစုလိုက္ဝင္တာမ်ိဳးေတြဒီကာလ မွာႀကဳံရဖြယ္ရွိေနပါတယ္။ အလုပ္စီးပြားတိုးတတ္မည္။ မိမိတန္ဖိုးထားတဲ့အရာမ်ား မိမိလက္ဝယ္ေရာက္ရွိမည္။ ရတနာဝင္မည္။အနာဂတ္အက်ိဳးစီးပြားအတြက္ခိုင္မာစြာ ဆုံးျဖတ္ခ်က္ခ်သင့္တဲ့ကာလပါ။ အလုပ္ရွာေနသူမ်ား အလုပ္ရမည္။

အင္တာဗ်ဴးေျဖထားသူမ်ားေအာင္လိမ့္မည္။အထက္လူႀကီးမစမည္။ ဖခင္ဘက္ကအမ်ိဳးေတြဆီက အကူအညီေတြရမည္။ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ျဖစ္ေပၚလာႏိုင္တဲ့အခ်ိန္ပါပဲ။ ဒါေၾကာင့္ပဲရန္မ်ားတတ္ပါတယ္။ မိသားစုအတြင္း အမိန႔္ဆန္ဆန္ေျပာဆိုမႈေၾကာင့္စကားအေျခအတင္ျဖစ္ရလိမ့္မယ္။ ဘာသာေရးကိစၥ၊တရားအား ထုတ္ျခင္း၊ဝိပႆနာပြားမ်ားျခင္းမ်ား ဒီကာလမွာ ထူးျခားတဲ့ အသိဉာဏ္စဥ္ေတြရလာတတ္ပါ တယ္။တရား မေမ့သူမ်ား တရားေတြ႕ႏိုင္တဲ့ကာလပါပဲ။ အခ်စ္ေရးအတြက္အားနည္း ခ်က္ေတြကိုျပဳျပင္ ႏိုင္ပါလိမ့္မယ္။

အခ်စ္ ေၾကာင့္မိမိစိတ္ေတြေျပာင္းလဲလာမဲ့ကာလပါ။ က်န္းမာေရးအညံ့အဆိုးေတြေလ်ာ့သြားပါလိမ့္မယ္။ သမားေတာ္ ေကာင္း၊ ေဆးဝါးေကာင္းေတြနဲ႔ ေတြ႕ရလိမ့္မယ္။ပညာေရးကံေကာင္းေနပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၆၊၄၊၁အထူးေဟာ ကံေကာင္းေနမည္ ယၾတာ အႀကီးအကဲေတြကိုဆံပင္အသုံးအေဆာင္ပစၥည္းေတြျဖစ္တဲ့ ဘီးတို႔၊ကလစ္တို႔၊ဆံညႇပ္တို႔လက္ေဆာင္ေပး လိုက္ပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695//09 44 5555 695