အော်တို ဂီယာအသုံးပြုသူများမြင့်မားသော တောင်အတက်များတွင် အဲယားကွန်း မဖွင့်ပါနှင့်
အဲယားကွန်းဖွင့်တက်ပါကEngine Loading များတဲ့အတွက် ကားအင်ဂျင် ပိုရုန်းရပါသည်
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော S, 2 တို့ဖြင့်သာ တောင်တက်ပါ
D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည်
S, 2 မှာထားတာနဲ့ D. မှာထားတာက ဘာကွာလဲဆိုတော့
D မှာက အတက်အတွက်S, 2 ထည့်ပေးသည့်တိုင် ဆီပေးတဲ့နှုန်း Throttle Shutter…Engine Loading စတာတွေ မတူပါ
D ရိုးရိုးထားတာနဲ့ O/D Off ထားပြီးသုံးတာ ECT Power သုံးတာချင်းမတူပါ
O/D Off ကတော့နောက်ဆုံးဂီယာ အသေးဆုံး တစ်ချက် 4,5 စသည်ဖြင့်မဝင်တော့ပါ
S, 2, ဂီယာသုံးထားရင်အင်ဂျင်ကွန်ထရိုးဘောက်ကနေ Engine Loading ပိုရုန်းနိုင်ရန်အတွက်
Throttle Shutter ကို ပုံမှန်ထက် ၁၅ ရာခိုင်းနှုန်းအထိပိုဖွင့်ကာ ဂီယာအချိန်းပြောင်းလုပ်ပေးပြီး
ပုံမှန်ထက်ဆီပိုပေး…မီးပိုမြင့်ပေးပြီးEngine Power ပိုကောင်းလာအောင်ကူညီပေးပါတယ်
O/D နဲ့ ECT Powerလည်း အဲ့လိုသဘောမျိုးEngine Power ပိုကောင်းအောင်ကူညီပေးတာပါ
ဒီဇယ် Pickup ကားများနှင့်Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်ဂီယာကို ကြိုဒေါင်းပါ
မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါကManual ဂီယာကားများတွင်ကလပ်ပလိတ်ပြား မျက်နှာပြင်များချော်တတ်ပါသည်
မြင့်မားသောတောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေManual ဂီယာဖြစ်စေ
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်အနည်းဆုံးဆင်းပါ
အဆင်းရှည်သော တောင်ဆင်းများတွင်ဂီယာအသေးဖြစ်သော3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အားကြာရှည်စွာ မှေးထားပါက တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာမမိတော့ပါ
ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့် နားလိုက်ပါက
ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ ကောင်းသွားပါလိမ့်မည်
ချစ်မိတ်ဆွေများအားလုံးလိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ
Crd#
Zawgyi
တောင်ပေါ်လမ်းတွေကို အိမ်စီးကားနဲ့ မောင်းတော့မယ်ဆိုရင်…
Crd#