အိမ်သာကို သွားချင်ပေမယ့် သွားလို့မရဘဲ အောင့်ထားရတဲ့အချိန်တွေ သင့်မှာ ရှိဖူးမှာပါ။ အချိန်ကြာကြာ အောင့်ထားတာက အကြိမ်ပေါင်းများစွာ ကြာလာရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။
ခန္ဓာကိုယ်ထဲကနေ ဘက်တီးရီးယားတွေ၊ အမျှင်ဓာတ်တွေ၊ ရေတွေ၊ အစာချေလို့မရတဲ့အရာတွေကို စွန့်ပစ်ဖို့က အရမ်းကို အရေးကြီးတဲ့အရာပါ။ အချို့လူတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ အိမ်သာတက်ပေမယ့် အချို့တွေကတော့ တစ်နေ့ကို တစ်ခါပဲ အိမ်သာကို သွားပါတယ်။
၃ ရက်ကို တစ်ကြိမ်ကနေ ၃ ကြိမ်အထိ အိမ်သာတက်တာက ပုံမှန်ပါပဲ။ တစ်ခါတရံမှာတော့ သင်က အိမ်သာကိုသွားချင်ပေမယ့် မသွားလိုက်ရတာတွေ ရှိမှာပါ။ တစ်ကြိမ်နှစ်ကြိမ်ကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အကျင့်ပါသွားရင်တော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။
အချိန်အကြာကြီး အိမ်သာမတက်ဘဲ အောင့်ထားရင် ဘာတွေ ဖြစ်လာနိုင်မလဲ။
– အချိန်ကြာကြာကြီး အောင့်ထားလေလေ အူက ရေတွေကို ပိုပြီး စုပ်ယူလေပါပဲ။ အချိန်အကြာကြီးအောင့်ထားပြီးမှ အိမ်သာတက်ရင် အရမ်းခက်ခဲပါတယ်။
– နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ စအိုမှာ ပက်ကြားအက်ပြီး နာကျင်တာ၊ သွေးထွက်တာကို ခံစားရစေပါတယ်။
– အချိန်အကြာကြီး အောင့်ထားပြီးနောက်မှာတော့ စအိုကြွက်သားတွေက ဆန့်လာပြီး ဘယ်အချိန်မှာ အညစ်အကြေးစွန့်မလဲ ဆိုတာကို နားလည်ရခက်သွားစေပါတယ်။
– ဝမ်းချုပ်တာက အိမ်သာတက်ချင်တာကို ခဏခဏအောင့်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပါပဲ။
တစ်နေ့ကို ဘယ်နှကြိမ် အပေါ့သွားသင့်လဲ။
တစ်နေ့တာအတွက် ကြိမ်ရေဘယ်လောက် အပေါ့သွားသင့်လဲ ဆိုတာကိုလည်း သင်သိချင်နေမှာပါ။ ဒီမေးခွန်းအတွက် တိကျတဲ့အဖြေ မရှိပါဘူး။ လူအများစုကတော့ တစ်နေ့ကို ၆ ကြိမ်ကနေ ၇ ကြိမ်ခန့် အပေါ့သွားကြပါတယ်။ ၂၄ နာရီတိုင်းမှာ ၄ ကြိမ်ကနေ ၁၀ ကြိမ်အထိ အပေါ့သွားတာက ပုံမှန်ပါပဲ။
ခဏခဏ အပေါ့သွားရတဲ့ အကြောင်းအရင်းတွေကတော့
– အသက်ကြီးခြင်း
– ဆီးချိုရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
– ရေသောက်များခြင်း
– ဆီးကို များများသွားစေတဲ့ သောက်စရာတွေကို သောက်သုံးခြင်း
– သုံးစွဲတဲ့ ဆေးဝါး စတာတွေပဲ ဖြစ်ပါတယ်။
ဆီးမသွားဘဲ အောင့်ထားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ။
– အပေါ့သွားချင်တာကို အချိန်အကြာကြီး အောင့်ထားရင် နေထိုင်ရခက်လာပြီး ကျောက်ကပ်နဲ့ ဆီးအိမ်မှာ နာကျင်မှုတွေ ဖြစ်ပေါ်စေမှာပါ။
– အချိန်အကြာကြီး အပေါ့မသွားဘဲနေရင် ကြွက်သွားတွေက တင်းလာပြီး တင်ပါးဆုံရိုး နာကျင်တာလည်း ဖြစ်စေပါတယ်
– အပေါ့မသွားဘဲ အချိန်ကြာကြာအောင့်ထားရင် ဘက်တီးရီးယားတွေ ပိုပွားလာပြီး ဆီးလမ်းကြောင်းလည်း ပိုးဝင်စေပါတယ်။
– နောက်ထပ်ဆိုးကျိုးကတော့ ဆီးအိမ်ကျယ်လာတာပါ။ ဒါက အန္တရာယ်ရှိပြီး ပုံမှန်အပေါ့မသွားနိုင်တဲ့အထိ ဖြစ်စေပါတယ်။
– အချို့လူတွေကမှာ အချိန်အကြာကြီး အောင့်ထားတဲ့အခါ ကျောက်ကပ်မှာ ကျောက်တွေတည်လာပါတယ်။ ဆီးမှာ ယူရစ်အက်စစ်နဲ့ calcium oxalate ပါဝင်တဲ့အခါမှာလည်း ဆီးကျောက်တည်ပါတယ်။
Zombie (lovemedia)