ၾကားသိရသမွ်


Zawgyi







Unicode

သမီးအရင်းဖြစ်သူမှ လေဖြန်းပြီးအလုပ်မလုပ်နိုင်တော့တဲ့ ဖခင်ကို မကျွေးနိုင်တော့ဟုဆိုကာ… See more

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ဘရာဘွမ်လမ်းမဘေးမှာ လေဖြန်းနေတဲ့ ဖခင်ကို သမီးအရင်းဖြစ်သူက စွန့်ပစ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရသူ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

“လာပစ်ထားတာ ၅ ရက်လောက်ရှိပါပြီ။ အဘိုးကြည့်ရတာ လေဖြန်း ရောဂါ‌ရှိနေပြီးတော့ မျက်စိမှာလည်း ဒဏ်ရာရထားပါတယ်။မျက်စိဒဏ်ရာက လာပစ်ထားတဲ့အချိန် ဆိုင်ကယ်မှောက်ထားလို့ရတဲ့ ဒဏ်ရာပါ။သူ့သမီးနဲ့ တခြား အမျိုးသမီးတစ်ယောက်က လာပစ်သွားတာပါ။

စကား‌တော့ သိပ်မပြောနိုင်‌ပေမဲ့ ပြောသမျှအကုန်နားလည်နေပါတယ်။အဘိုးက ရန်ကြီးအောင်ရပ်ကွက်မှာ နေပါတယ်လို့ ငိုပြီး ပြောပြပါတယ်။လူမှုကူညီရေး အသင်းအဖွဲ့တွေကနေတဆင့် ဘိုးဘွားရိပ်သာကို ပို့ပေးလို့ရရင် သိပ်ကောင်းမှာပဲ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ နိုင်ငံရေးနဲ့ ကိုဗစ်ကြောင့် စီးပွားရေး အဆင်မပြေမှုတွေများစွာ ပေါ်ပေါက်‌နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Credit Original Writer