ငွေစက္ကူအတု ကိစ္စ စိုးရိမ်ဖွယ်ရာ မရှိဟုဆို
မတ်လ ၂၄ ရက်နေ့ ယနေ့မှာ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငွေစက္ကူအတု ကိစ္စစိုးရိမ်ဖွယ်ရာ မရှိဟုပြောဆိုလိုက်ပါတယ်။
၂၀၀၈ခုနှစ် အခြေခံဥပဒေပုဒ်မ၃၆(င) အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေသော ငွေကြေးအား တရားမဝင် ငွေကြေးအဖြစ်သတ်မှတ်ခြင်းမပြုဟု ဖော်ပြထားကြောင်း၊

ငွေအတုကိစ္စသည်လည်း အွန်လိုင်းမှတဆင့် ကြေညာလိမ်လည်ခြင်းသာများပြီး လက်တွေ့တွင် ငွေကြေးတစ်စုံတစ်ရာတောင်းဆိုပြီး ရလျှင် အကောင့်ပိတ်၊
ဖုန်းပိတ်ဖြင့် လိမ်လည်မှုများသာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာသုံးစွဲနိုင်ပါတယ်လို့ ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားတာဖြစ်ပါတယ်။
လက်ရှိတွင် အွန်လိုင်းပေါ်ငွေအတုဆိုပြီးရောင်းချသည့် လူမှုကွန်ယက်စာမျက်နှာ (၇)ခုကို စစ်ဆေးခြင်း၊အမှုဖွင့်ခြင်းများဆောင်ရွက်လျှက်ရှိပြီး page ၅ ခုကို မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲစခန်းနှင့် မြန်အောင်မြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ငွေအတုများဖမ်းမိရမိမှုအနေဖြင့် တစ်သောင်းကျပ်တန်ငွေစက္ကူအတုအရွက် ၅၀၀၀ကျော်၊ ငါးထောင်ကျပ်တန်ငွေ စက္ကူအတုအရွက် ၉၀၀၀ ကျော်ရှိနေသည်ဟု သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။

Zawgyi
ေငြစကၠဴအတု ကိစၥ စိုးရိမ္ဖြယ္ရာ မရွိဟုဆို
မတ္လ ၂၄ ရက္ေန႔ ယေန႔မွာ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေငြစကၠဴအတု ကိစၥစိုးရိမ္ဖြယ္ရာ မရွိဟုေျပာဆိုလိုက္ပါတယ္။
၂၀၀၈ခုႏွစ္ အေျခခံဥပေဒပုဒ္မ၃၆(င) အရ နိုင္ငံေတာ္သည္ တရားဝင္ထုတ္ေဝေသာ ေငြေၾကးအား တရားမဝင္ ေငြေၾကးအျဖစ္သတ္မွတ္ျခင္းမျပဳဟု ေဖာ္ျပထားေၾကာင္း၊
ေငြအတုကိစၥသည္လည္း အြန္လိုင္းမွတဆင့္ ေၾကညာလိမ္လည္ျခင္းသာမ်ားၿပီး လက္ေတြ႕တြင္ ေငြေၾကးတစ္စုံတစ္ရာေတာင္းဆိုၿပီး ရလၽွင္ အေကာင့္ပိတ္၊
ဖုန္းပိတ္ျဖင့္ လိမ္လည္မႈမ်ားသာျဖစ္ၿပီး ျပည္သူလူထုအေနနဲ႔ စိုးရိမ္ပူပန္မႈမရွိဘဲ ယုံၾကည္စြာသုံးစြဲနိုင္ပါတယ္လို႔ ယေန႔ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ေျပာဆိုထားတာျဖစ္ပါတယ္။
လက္ရွိတြင္ အြန္လိုင္းေပၚေငြအတုဆိုၿပီးေရာင္းခ်သည့္ လူမႈကြန္ယက္စာမ်က္ႏွာ (၇)ခုကို စစ္ေဆးျခင္း၊အမႈဖြင့္ျခင္းမ်ားေဆာင္ရြက္လၽွက္ရွိၿပီး page ၅ ခုကို ျမန္ေအာင္ၿမိဳ႕နယ္၊ ကေနာင္နယ္ေျမရဲစခန္းႏွင့္ ျမန္ေအာင္ၿမိဳ႕မရဲစခန္းတို႔တြင္ အမႈဖြင့္ထားတယ္လို႔ သိရွိရပါတယ္။
၂၀၂၂ ခုႏွစ္အတြင္း ေနျပည္ေတာ္၊ ကရင္ျပည္နယ္၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းႏွင့္ ရန္ကုန္တိုင္းတို႔တြင္ ေငြအတုမ်ားဖမ္းမိရမိမႈအေနျဖင့္ တစ္ေသာင္းက်ပ္တန္ေငြစကၠဴအတုအရြက္ ၅၀၀၀ေက်ာ္၊ ငါးေထာင္က်ပ္တန္ေငြ စကၠဴအတုအရြက္ ၉၀၀၀ ေက်ာ္ရွိေနသည္ဟု သတင္းထုတ္ျပန္ခ်က္မ်ားအရသိရွိရပါတယ္။



