မိုးေလ၀သ

လာမည့် ဧပြီလမှာ အားကောင်းတဲ့ မုန်တိုင်းတစ်ကြိမ် ဝင်ရောက်အုံးမည့် မြန်မာနိုင်ငံ

လာမည့် ဧပြီလ အတွင်း အားကောင်းတဲ့ မုန်တိုင်း ၁ကြိမ် ဖြစ်ပေါ်နိုင်ပြီး ရန်ကုန်အပါအဝင်

တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ၄ ရက်မှ ၉ ရက်ခန့် မိုးထစ်ချုန်း ရွာသွန်း တယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မိုး/ဇလရဲ့ ထုတ်ပြန်ချက်မှာ ဧပြီလအတွင်းလေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊

မန္တလေးတိုင်း ဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၄)ရက်မှ (၉)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊

ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၀)ရက်မှ (၁၅)ရက်ခန့်နှင့် ရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊

ကချင်ပြည်နယ်တွင် မိုးရွာသွန်းမြဲ အောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊

ရှမ်းပြည်နယ ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ဆိုပါတယ်။

ဧပြီလအတွင်း နေ့အပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

myanmaplatform

Unicode