ဇူလိုင် ၂၂၊ ၂၃၊ ၂၄ ရက်နေ့တွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးနိုင်သည့်ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ ရက်ကြိုခန့်မှန်းပေးထားတာဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်းပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွေမှာ အနောက်တောင်မုတ်သုန်လေ ပြန်လည်အားကောင်းစပြုလာပါတယ်။
၂၀၂၂ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပိုမို အားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်အတွင်းနှင့်တနင်္သာရီတိုင်းဒေသကြီးမှာ မိုးကြီးနိုင်ကာ
မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသကြီးတွေမှာလည်း မိုးရွာနိုင်ပါတယ်။
ဇူလိုင်လ ၂၂ ရက် ၂၃ ရက်နေ့တို့တွင် တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် မိုင်းဆတ်ခရိုင်
လင်းခေးခရိုင် လွိုင်ကော်ခရိုင်တောင်ကြီးခရိုင် ဒေသတွေမှာမိုးရွာနိုင်ပြီး ၂၃ ရက်နေ့ မိုးကြီးနိုင်ပါတယ်။
ရက်ကြိုခန့်မှန်းချက်အနေဖြင့် ၂၀၂၂ ဇူလိုင်လ ၂၃ ရက် ၂၄ ရက်နေ့တွေမှာ မန္တလေးတိုင်း မကွေးတိုင်း မိုးရွာနိုင်ပြီး
မလှိုင်ဆည်တို ပန်းအိုင် ရုံးစည်ကြီး တောင်သာ ဝဲလောင် ဇဂျမ်း ကံမြဲ ဆင်တဲဝ လယ်ဟောင်း လယ်ယား စက်ထိန်း ပုပ္ပါး ဗျတ္တပန်းဆက်လမ်း ပုဂံ ညောင်ဦး
ဆည်ရွာ ငါသရောက် လက်ပံချီပေါ် ပခုက္ကူ ရေစကြို မြောင် ချောင်းဦး မုံရွာ ချောက် ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်။
မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် မုံရွာခရိုင် ပြည်ခရိုင် သရက်ခရိုင် အောင်လံခရိုင် မကွေးခရိုင် မင်းဘူးခရိုင် ချောက်ခရိုင်
ပေါက် ကမ္မ မြစ်ခြေ ပုခမ်းကြီး မြိုင် မြောင် ရေစကြို ညောင်ဦး ပုဂံ ဆည်ရွာ ငါ့သရောက် ကျောက်ပန်းတောင်း လယ်ကွက်ကြီး ဝဲလောင် ကံမြဲ ဇဂျမ်း ဆင်တဲဝ
တောင်သာ မြင်းခြံ တမိုက်သာ နွားထိုးကြီး မြို့သာ ငါန်းဇွန် မြင်းမူ ချောင်ဦး မုံရွာ ဒေသများတွင် တောင်သူပျော်မိုးများစွာရွာသွန်းနိုင်ပါတယ်။
Source: Su Su San မင်း ဂွတ် သီ
Credit
zawgyi,
Credit



