ဗေဒင်

21.July.2022 မှ 27.July. 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

21.July.2022 မှ 27.July. 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်းစိတ်ညစ်စရာတွေတော်တော်များများ ဝေးသွားပါလိမ့်မယ်။ သောကတွေနည်းသွားနိုင်တဲ့ ကာလလဲဖြစ်ပါတယ်။

လူကြီးတွေချစ်ခင်တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ အလုပ်ရှာနေသူများအလုပ်ရတတ် ပါတယ်။

သတိထားရမှာက အရင်ကတည်းကစကားမဆင်ခြင်တဲ့သူတွေသတိထားပါ။ စကားနဲ့ပတ်သက်ပြီးပြဿနာ ရှင်းရတတ်ပါတယ်။

ငွေကံအားကောင်းတတ်ပြီး ဝင်စရာရှိတဲ့ လာဘ်လာဘတွေဝင်လာတတ်ပါတယ်။

ဘာလုပ်လုပ် မိဘတွေကိုဦးထိပ်ထားပြီးလုပ်ရင်ပိုအဆင်ပြေတတ်တဲ့ကာလပဲဖြစ်ပါတယ်။

ကျန်းမာရေးအားကောင်းပေမဲ့ခြေအေး ဝမ်းရောင်ဆိုသလို ခြေထောက်အအေးမခံပါနဲ့။

အစာမကြေ ဗိုက်အောက်တာတွေဖြစ်တတ်ပါတယ်။ ကိုယ်အလေး ချိန်ကျသွားတတ်ပါတယ်။ သွေးပေါင်လဲကျတတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်သောလုပ်ငန်းများ အဆင်မပြေနှေး ကွေးနေတတ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းရှင်များ မိမိအလုပ်အပေါ်အာရုံနှစ်လို့မရဖြစ်နေတတ်ပါ တယ်။

အချစ်ရေး မှာတော့ ချစ်သူဆီက ပူလောင် ခါးရှသော အချစ်ရေးကိုရနေတတ်ပါတယ်။ ချစ်သူရဲ့ဥပေက္ခာကို ရနေတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ မိသားစုတာဝန် တွေကြောင့်မနားရတတ်ပါတယ်။ ထမင်းလက်ဆုံ စားရဖို့တောင် မလွယ် တာ မျိုး တွေ့ရတတ်ပါတယ်။

ပညာရေးမှာ တော့ အားနည်းချက်များပါတယ်။ ဆရာသင်တာ နားမလည်တာက များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၁/၈

အထူးဟော အဆင်ပြေလာတတ်ပါတယ်။

ယတြာ လက်ဖက်ခြောက်တစ်ထုပ် မိဘအကြီးအကဲတစ်ဦးဦးကိုလက်ဆောင်ပေးပါ။

#တနင်္လာ

ဒီကာလအတွင်း သတိထားရမှာတော့ သူခိုးသူဝှက်ကံပဲဗျ။ မိမိဆီကပစ္စည်းတွေကို တန်ဖိုးကြီးတာတွေကို ပေါ်ပေါ်ထင်ထင်မကိုင်နဲ့ဗျ။

လုံခြုံရေးလျော့နည်းနေတဲ့ကာလလို့ကံကပြနေတယ်။ တတ်နိုင်သမျှဒီအပတ်ထဲဇိမ်ခံ ပစ္စည်းမဝယ်ပါနဲ့။

မိမိလက်ထဲရောက်ရင်အပျက်မြန်တာမျိုးတွေအထူးဖြစ်တတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက် ပြီးတော့လဲ ကျန်းမာရေးလျော့ရဲတာမျိုးတွေ့ရပါတယ်။

ကျန်းမာရေးညံ့လာပြီဆို တော်ရုံနဲ့ ချက်ချင်းပျောက်ဖို့ခက်ခဲ တဲ့ကာလပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးဖြေရှင်းရမဲ့ကိစ္စတွေပေါ်လာတတ်ပါတယ်။

စပ်တူအလုပ်များသဘောထား အယူအဆကွဲလွဲတာမျိုးတွေဖြစ်တတ်ပါတယ်။

အလှမ်းကျယ်အလယ်လပ် ဆိုတာမျိုးဖြစ်တတ်တဲ့ကာလမို့ စိတ်ထဲ မှာကြီးမားတဲ့အကြံအစည်တွေတွေးပြီးလုပ်ကိုင်ချင်စိတ်ပေါ်နေရင်

လေ့လာသုံးသပ်ဆန်းစစ်ပြီးမှသာဆောင်ရွက်ပါ။ လူငယ်ဆန်ဆန်လုပ်လို့မရပါဘူး။ ဘာကိစ္စဖြစ်ဖြစ်အချိန်ယူပြီးမှ ဆုံးဖြတ်ချက်ချပါ။

လုပ်ရဲကိုင်ရဲတဲ့စိတ်တွေက ဒီကာလမှာအမှားတွေကိုဖန်းတီးမိသ လိုဖြစ်နေရတတ်ပါတယ်။

အချစ်ရေးမှာတော့ ဟန်ဆောင်လိမ်ညာသောချစ်သူ ကြောင့်စိတ်ညစ် ရတတ်ပါ တယ်။

ချစ်သူက ပြဿနာတွေကိုဖွင့်မပြောဘဲ တစ်ယောက်ထဲကြိတ်ဖြေရှင်းနေတတ်ပါ တယ်။ အိမ်ထောင်ရေး ကတော့တည်ငြိမ်သောအိမ်ထောင်ရေးပါပဲ။

အိမ်ထောင်အညံ့အဆိုးတွေကင်းနေတတ် ပါ

တယ်။ ပညာရေးကတော့ ဆိုးနေတာတော့မတွေ့ပါဘူး။ မိမိကိုယ်တိုင်သင်ယူလိုစိတ်ရှိဖို့ပဲလိုပါတယ်။

အကျိုးပေးဂဏန်း ၅/၃/၉

အထူးဟော အချစ်ရေးကံအားနည်းတယ်။

ယတြာ စံပယ်ပန်းလေးတွေပန်းမွေ့ယာခင်းပြီးဘုရားကပ်ပါ။

#အင်္ဂါ

ဒီကာလအတွင်းက timetables နဲ့လုပ်လေ တလွဲတချော်ဖြစ်လေပါပဲ။ မိမိလုပ်ချင်တာတွေကို စိတ်ထဲပေါ် လာရင်ပေါ်တဲ့အတိုင်း လုပ်ပါ။

အကွက်ချပြီး စနစ်တကျဆောင်ရွက်ခြင်းများက အဆင်မပြေဖြစ်တတ်လို့ပါပဲ။

တတ် နိုင်သမျှရေလမ်းခရီဖြစ်စေ၊ရေကူးခြင်း၊ရေဆော့ခြင်းဖြစ်စေ ဒီကာလအတွင်းရှောင်လိုက်ဖို့လိုပါတယ်။

ကျန်း မာ ရေး ကတော့ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။တော်ရုံရောဂါတွေဝင်ရောက်ဖို့မလွယ်တဲ့ကာလတစ်ခုဖြစ် ပါ တယ်။

ငွေကြေးနဲ့ပတ်သက်ပြီး အဝင်များတယ်။ ဝင်သလောက်လဲပြန်ထွက်နိုင်တာကိုတွေ့ရတယ်။ ဒါကြောင့် အဖတ် တင်အောင် ဝယ်စရာရှိတာ ဝယ်လိုက်ပါ။

စားသောက်ကုန်လုပ်ငန်းများ အစားအသောက် အသစ်တွေကို စတင် ဖန်တီးသင့်တဲ့ကာလပါပဲ။

ဟောပြောမှုဆိုင်ရာအလုပ်များ၊အကျိုးဆောင်အလုပ်များအောင်မြင်နေတတ်ပါ တယ်။

မြေယာနှင့် အဆောက်အဦးနဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံခွင့်တွေရလာတတ်ပါတယ်။ စိုက်ပျိုးရေးကိစ္စများ အထူး အောင်မြင်တတ်ပါတယ်။

ကျန်းမာရေးညံ့နေတာမျိုးမတွေ့ရပါဘူ။ ချစ်သူရဲ့လေးနက်တဲ့ ချစ်ခြင်းတရားကိုရရှိပါလိမ့် မယ်။

အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်က အစစအရာရာနားလည်မှု ပေးနေ တတ်ပါတယ်။ ပညာရေး မှာတော့ လွယ်ကူစွာတတ်မြောက်မည်။

ပညာရေးပြိုင်ပွဲများတွင် ဆုထူးချွန်စွာရလာလိမ့်မယ်။

အကျိုးပေးဂဏန်း ၄/၆/၃

အထူးဟော ငွေကုန်ကြေးကျများမယ်။

ယတြာ ကရေကရာ ဘုရားကပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်အတွင်း တတ်နိုင်သ၍အလုပ်စီးပွားတွေကို ပုံစံပြောင်းပြီးလုပ်လေအောင်မြင်လေပါပဲ။

ကျန်းမာရေး ကတော့ဒီကာလအတွင်းကောင်းသောအကျိုးခံစားရပါတယ်။ အညံ့အဆိုးမရှိသလောက်နည်းပါတယ်။

ငွေကြေးနဲ့ ပတ်သက်ပြီးအထူးကံကောင်းတယ်။ လူမှုရေးနဲ့ဆက်စပ်ပြီးငွေရလာနိုင်တဲ့ကာလပဲဖြစ်ပါတယ်။

အကြွေးရစရာရှိရင် အကုန်မဟုတ်ရင်တောင် ဖဲ့ဆပ်တာကြောင့် ကြန့်ကြာနေတဲ့ငွေတွေရလာတတ်ပါတယ်။

စကားများများပြောရတဲ့ အလုပ်မျိုးတွေ၊နှုတ်နဲ့အသက်မွေးရတဲ့အလုပ်မျိုးတွေ အဆင်ပြေတတ်ပါတယ်။

လူများများနဲ့ အဖွဲ့အစည်းနဲ့ လုပ်ရ တဲ့အလုပ်တွေကသိသာစွာ ဝင်ငွေတိုးလာတတ်ပါတယ်။

အရမ်းအေးစက်ပြီး သည်းခံတတ်သူများ ပေါက်ကွဲစရာ ကိစ္စပေါ်လာတတ်ပါတယ်။

ရောင်းလိုသောမြေများ ရောင်းလိုသောအိမ် များရောင်းထွက်ဖို့ အကြောင်းဖန်လာ တတ် ပါတယ်။ ကျန်းမာရေးကတော့နှလုံးအား နည်းတတ်ပါတယ်။

မောပန်းလွယ်တဲ့ကာလ ပါပဲ။အချစ်ရေးအညံ့ မရှိပါ ဘူး။ ချစ်သူကျန်းမာရေးကိုတော့စိတ်ပူရ တတ်ပါတယ်။

အိမ်ထောင်ရေးကံမှာတော့ ဧည့်သည်များအိမ်ရောက် လာ ရင် ပိုမိုသာယာတတ်ပါတယ်။ ပညာရေး ကံအထူးကောင်းပါတယ်။

သားသမီးအတွက် စိတ်ချမ်းသာ စရာ ကိစ္စကြုံ မယ်။ နိုင်ငံခြားကသားသမီးများဆီကလက်ဆောင်ရမယ်။

အကျိုးပေးဂဏန်း ၅/၈/၀

အထူးဟော လုပ်ငန်းစီးပွားတွေကောင်းလာမယ်။

ယတြာ ထမင်းသုပ်ဘုရားကပ်ပေးပါ။

#ကြာသပတေး

ဒီအပတ်ထဲ ကံအားနည်းတဲ့နေ့သားကို ပြပါဆိုရင် ကြာသပတေးပဲ။ အထူးသဖြင့် လွတ်လပ်မှုပျောက်ဆုံးတာ

စိတ်ကြည်လင်မှုနည်းတာမျိုးတွေအဓိကဖြစ်တတ်ပါတယ်။ လေချင်သူတွေ၊ပျော်ချင်ပါးချင်သူတွေအတွက်စိတ် ညစ်ရတဲ့အပတ်ထဲရောက်နေတာပေါ့။

အလုပ်ထဲမှာစိတ်နှစ်ပြီး စိတ်ရောကိုယ်ရောအနားမပေးတဲ့သူမျိုးတွေကတော့ အညံ့တွေနည်းပါးပါလိမ့်မယ်။

ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအဝဝရှောင်ပါ။ ငွေချေးခြင်း၊အာမခံခြင်း၊ ငွေများစွာ ထုတ်သုံးပြီးကုန်လှောင်ခြင်းတွေ အထူးသတိထားချိန်ဆလုပ်သင့်တဲ့ကာလပါပဲ။

ကျန်းမာရေးကတော့ တတ်နိုင် သမျှ အောက်ပိုင်းအားနည်းတယ်။ မသွားနိုင်မလာနိုင်တဲ့ဟာမျိုးသတိထားရမယ်။

ဥပမာ ချော်လဲတာ၊ သံဆူးတာ ခြေခေါက်လဲတာတွေသတိထားပါ။ပြိုင်ဘက်များကိုရင်ဆိုင်နေရတတ်ပါတယ်။

ပြဿနာ များဖြေရှင်းနေ ရသည့် အတွက်လုပ်ငန်းရှေ့ဆက်လို့မရတတ်ပါတယ်။ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်ဖြစ်နတတ်ပါတယ်။

အချစ်ရေး ကတော့ အညံ့မရှိသလောက်နည်းနေပါတယ်။ သာယာတဲ့အချစ်ခရီးလမ်းကိုလျှောက်လှမ်းရတတ်ပါ တယ်။

အိမ်ထောင်ရေးကတော့ သားသမီးနဲ့ပတ်သက်ပြီးလင် မယားချင်းစကားများရတတ်ပါတယ်။ ပညာရေး က တော့ အကောင်းများပါတယ်။

နည်းပညာနဲ့နွယ်သောပညာအ သစ်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁၊၆၊၄

အထူးဟော သတိထားပြီးနေသင့်တဲ့ကာလပါ။

ယတြာ အရဟံဂုဏ်တော်ကိုသာ အားတိုင်းပွားများနေပါ။

#သောကြာ

ဒီအပတ်အတွင်း အားထားရာကမိမိအောက်လက်ငယ်သားနဲ့ မိမိစနစ်တကျ တွက်ချက်လုပ်နိုင်မှုသာဖြစ်ပါ တယ်။

ငွေကံကောင်းပေမဲ့ ကျန်းမာရေးကြောင့်ငွေသုံးရတတ်တာမို့ ကျန်းမာရေးဂရုစိုက်ပါ။

မိန်းကလေးများ ဓမ္မတာ သားအိမ်ရောဂါနှင့် သွေးအားနည်းခြင်းကို ဂရုစိုက်သင့်သလို အမျိုးသားများကတော့ ထိခိုက်ရှနာနှင့် ဖျားနာ ခြင်း

ကိုဂရုစိုက်ရမဲ့ကာလဖြစ်ပါတယ်။ အလုပ်ပိုတွေများနေနိုင်တယ်။ မိသားစုတာဝန်တွေ၊လူမှုရေးတာဝန်တွေများ နေ တတ်ပါတယ်။

ခရီးတိုတွေများနေနိုင်သလို ခရီးရှည်တွေလဲသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။

သူများတွေရဲ့ အကူအညီထက်မိမိကပဲအကူအညီတွေပေးနေရတတ်တဲ့ကာလပါပဲ။အနေအထိုင်အသွားအလာဆင်ခြင်ပါ။

ကြော်ငြာနဲ့ပတ်သက်သောကိစ္စများကတော့ ဒီကာလမှာအားစိုက်လုပ်ကိုင်လို့ ကောင်းပါတယ်။

အကောင်းအဆိုးတွေ ရောထွေးနေတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။အလုပ်နဲ့ပတ်သက်သော လိုအပ် တဲ့data အချက်အလက်တွေကို

စုဆောင်းနိုင်ပါလိမ့်မယ်။အချစ်ရေး မှာတော့ ရပ်ဝေး၊နယ်ခြား၊အွန်လိုင်းကနေ ချစ်သူရတတ်မျိုးဖြစ် လွယ်ပါတယ်။

အိမ်ထောင်ရေးရှုပ်ထွေးပွေလီတတ်ပါတယ်။ ရုတ်တရက် ရန်ထဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။

မည်သည့် ပညာ မဆိုစတင်သင်ယူလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း ၂/၆/၀

အထူးဟော ကျန်းမာရေးဂရုစိုက်ကြပါ

ယတြာ နန်းကြီးသုပ်ဘုရားကပ်ပါ။

#စနေ

အဘက်ဘက်က ကံကောင်းနေတာမျိုးတွေ့ရတယ်ဗျ။ အလုပ်တွေလဲ ကောင်းမယ်။ ဝန်ထမ်းဆိုလဲတာဝန် တွေကိုကောင်းစွာ ထမ်းဆောင်နိုင်ပါလိမ့်မယ်။

အလုပ်ကြောင့် စိတ်ချမ်းသာရတတ်သလို၊ အလုပ်မှာနေရာပေးတာ ရာထူးတိုးတာမျိုးတွေဖြစ်တတ်ပါတယ်။

ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေက ငွေပေါ်တတ်တဲ့ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလေးတွေပေါ်လာတတ်ပါတယ်။

အလုပ်ရှာနေသူများအလုပ်ရတတ်ပါတယ်။ ကျန်းမာ ရေးအတွက် စိတ်ချမ်းသာရလိမ့်မယ်။

ကိုယ်ပိုင်စီးပွားများ ကောင်းသောအချိတ်အဆက်တွေရလာတတ်ပါတယ်။ ထီကံကောင်းနေတတ်ပါတယ်။

ဖြစ်နိုင်ရင် အင်္ဂါသားသမီးတစ်ယောက်ယောက် နှင့်စပ်တူလုပ်ကိုင်စေချင်ပါတယ်။

အလုပ်ထဲစိတ်နှစ်နေမိတာကြောင့် မိသားစုကိုလျစ်လျူရှုမိနေတတ်ပါတယ်။ကျန်းမာရေးကတော့ ထင်သလောက် မညံ့ပါဘူး။

မတ်တပ်ဖျား မတ်တပ်နာလောက်ပါပဲ။အချစ်ရေးမှာတော့ စိတ်လေလွင့်နေတတ်ပါတယ်။ ချစ်သူရဲ့ ငြင်းပယ်ခြင်း ကိုခံရတတ်ပါ တယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကြောင့် စိတ်ချမ်းသာပျော်ရွှင်ရ တတ်ပါတယ်။

ပညာရေးဘက် စိတ်မဝင်စားဘဲ အားကစားဘက်နှင့် ဂိမ်းဘက်ကို ပိုမိုစိတ်ပါဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၇

အထူးဟော ကံမြင့်မားနေမယ်။

ယတြာ ကျန်းမာရေးအားနည်းသူကိုဆေးဝါးဓာတ်စာလှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695 ,09 44 5555 695