ထောပတ်သီးက လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် လတ်ဆတ်တဲ့ ထောပတ်သီးတောင် ခွဲထားပြီးရင် အစိမ်းရောင်ကနေ အညိုရောင်ကို လျင်လျင်မြန်မြန် ပြောင်းသွားတတ်ပါတယ်။ လေထဲက အောက်ဆီဂျင်နဲ့ထိတွေ့ပြီးနောက်မှာတော့ ထောပတ်သီးက အရောင်ပြောင်းသွားတတ်ပါတယ်။
အဲဒါကြောင့် ထောပတ်သီးကို ခွဲပြီးနောက် အညိုရောင် မပြောင်းသွားအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
နည်းလမ်း ၁
– သံပုရာသီးတစ်လုံးကို ခြမ်းပြီး ထောပတ်သီးပေါ်မှာ ညှစ်လိုက်ပါ။
– ပြီးရင်ထောပတ်သီးကို ပလက်စတစ်နဲ့ပတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။
နည်းလမ်း ၂
– ဘူးတစ်ခုထဲကို ရေပြည့်လောက်တဲ့အထိ ထည့်ပါ။
– လှီးထားတဲ့ ထောပတ်သီးကို ရေထဲကို မှောက်ရက် ထည့်လိုက်ပါ။
– ဘူးကို အဖုံးဖုံးပြီး ရေခဲသေတ္ထာထဲမှာ ထားလိုက်ပါ။ အဲဒီအခါ ထောပတ်သီးက ၂ ရက်ကြာ လတ်ဆတ်နေနိုင်ပါတယ်။
နည်းလမ်း ၃
– ရေခဲသေတ္ထာထဲမှာ ထောပတ်သီးကို သိမ်းတဲ့အခါ မှောက်ပြီးတော့သိမ်းပါ။ အဲဒီအခါ အောက်ဆီဂျင်နဲ့ ထိတွေ့မှုနည်းပြီး အညိုရောင် မပြောင်းသွားတော့ပါဘူး။
နည်းလမ်း ၄
– ကြက်သွန်နီကို အမျှင်လေးတွေဖြစ်အောင်လှီးပြီး ဘူးတစ်ခုထဲမှာ ထည့်ပါ။
– ပြီးရင် ထောပတ်သီးကို ထည့်လိုက်ပါ။ အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါပြီ။
နည်းလမ်း ၅
– ထောပတ်သီးအသားတွေကို ညိုမသွားအောင်လို့ သံလွင်ဆီ သုတ်လိမ်းပေးပါ။ ဒါမှမဟုတ် အရသာမရှိတဲ့ အခြားဆီတွေကိုလည်း အသုံးပြုလို့ရပါတယ်။ အဲဒီနောက် ထောပတ်သီးကို ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။
Zombie (lovemedia)