မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသူ မစုထက်ဝိုင်း ပြန်လည်လွတ်မြောက်မိုးကုတ်မြို့မှ အသက်အငယ်ဆုံး ဖမ်.ဆီးခံရသူ သမီးငယ် စုထက်ဝိုင်း ပြန်လည် လွတ်မြောက်လာကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်
“သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်.ဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်။ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်.ဆီးထားဆဲပါ” ဟု ကိုစိုးဌေးက ရေးသားထားသည်။
သမီးငယ် စုထက်ဝိုင်းမှာ ဖမ်.ဆီးခံထားရသည့် နှစ်ပတ်ကျော် ကာလအတွင်း ထမင်းဝအောင် မစားရကြောင်း၊ ရေချိုးလျှင် အိမ်သာရေကို အသုံးပြုရကြောင်း သူက ဆက်လက်ရေးသားထားသည်။
“ထမင်းဝအောင် မစားရဘူး”.”ရေချိုးရင် အိမ်သာရေနဲ့ချိုးရတာ”.လို့ ပြန်ပြောပြပါတယ်။ ဖွားဖွားစု(ဒေါ်အောင်ဆန်းစုကြည်)” လွတ်ပြီလားလို့ လည်းမေးပါတယ် ”မလွတ်သေးဘူး သမီးရေ”ဆိုတော့
ခပ်ငေးငေးလေး ဖြစ်သွားပုံက ရင်ထဲထိရှ ရပါတယ်ဗျာ” ဟု ပြောသည်။ သမီးငယ် ပြန်လည်လွတ်မြောက်ရန် ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်းလည်း
ကိုစိုးဌေးက ရေးသားထားသည်။ သမီးငယ် စုသက်ဝိုင်းမှာ အသက်ငါးနှစ် အရွယ်ရှိပြီး မိခင်ဖြစ်သူ အစ်မဖြစ်သူတို့နှင့်အတူ ဖ.မ်.ဆီးခံရခြင်းဖြစ်သည်။