တရုတ်ပြည်မှာလူတစ်ယောက်ဟာ နှစ်ပေါင်း (၃၃) နှစ်အကြာမှာသူ့အမေနဲ့ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
သူလေးနှစ်သားတုန်းက လူတစ်ယောက်ကခိုးယူပြီးရောင်းစားတာခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ သူလေးနှစ်သားအထိနေခဲ့တဲ့အမေ့အိမ်ကိုလုံးဝမမေ့ခဲ့ပါဘူး။
အခုနောက်ပိုင်းမှာ တရုတ်ပြည်မှာ ဟိုးအရင်ကခိုးယူခံခဲ့ရတဲ့ကလေးတွေ မိဘနဲ့ပြန်ဆုံတွေ့ရတဲ့ သတင်းတွေကိုဖတ်ရတော့ သူအမြဲသတိရနေခဲ့တဲ့နေရာပုံကို စာရွက်ပေါ်မှာမှတ်မိသလောက်ပုံကြမ်းဆွဲခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က အဲ့ဒီပုံကိုအွန်လိုင်းပေါ်တင်ပြီး သူ့မိဘနေရပ်ကိုမှန်းနိုင်တဲ့သူရှိလားလို့မေးခဲ့ပါတယ်။
အစကမျှော်လင့်ချက်သိပ်မထားခဲ့ပေမယ့် မကြာခင်မှာပဲသိတဲ့သူတွေက ဒါဟာမြန်မာပြည်နဲ့ကပ်လျက်ယူနန်ပြည်ကဝါးတောနေရာလေးတစ်ခုဖြစ်ကြောင်းပြောပြကြပါတယ်။
ရဲကသိသွားပြီး တပတ်လောက်အတွင်းမှာပဲ သူ့အမေနဲ့ပြန်ဆုံတွေ့နိုင်ခဲ့ပါတယ်။ အဲ့ဒီ Li Jingwei ဆိုသူဟာ ငယ်စဉ်က ယူနန်ပြည်နယ် Zhaotong မြို့ကနေ ၁၉၈၉ မှာခိုးယူခံခဲ့ရတာပါ။
သူ့ကို ကီလိုမီတာ ၁၈၀၀ လောက်ဝေးတဲ့နေရာမှာရောင်းစားခဲ့တာပါ။ ဖြစ်ချင်တော့သားပျောက်တဲ့အမေခမျာမှာ သူ့သားကိုရှာရင်း သူ့သားနဲ့ ကီလိုမီတာ ၆၀ လောက်အကွာရှိ မြို့မှာပြောင်းနေနေပေမယ့် သူ့သားအနီးအနားမှာရှိမှန်းမသိခဲ့ပါဘူး။
အခုတော့ DNA စစ်ကြည့်ရာမှာလည်း သူ့အမေဆိုတာသေချာသွားခဲ့ပါတယ်။ သူလေးနှစ်သားကတည်းက အိမ်ကိုပြန်ဖို့အမြဲတွေးနေခဲ့တာပါတဲ့။
ရုပ်သံကြည့်ရန်
အခုခေတ်မှာ ဆိုရှယ်မီဒီယာကိုကောင်းတဲ့ဘက်မှာအသုံးချပြီး ကွဲကွာနေသူတွေပြန်ဆုံတွေ့ဖို့ အခွင့်အလမ်းရှိကြောင်းပြောလိုပါတယ်။
Richard Myo Thant
6-January -2022