“ရေခဲထုပ်တွေအများကြီးထည့်ထားရင်ပစ်လဲနေလို့ နှစ်ခါခွဲရောင်းရတာပါသားရယ်
တစ်နေ့ လုံးရောင်းမှ ၂၅၀၀ ဘဲ မြတ်တာပါ ဈေး မဆစ်ပါနဲ့နော်…”
“ဒီ ၁၅ ထုပ်ကို သားအကုန်ယူမှာလေ နည်းနည်းတော့ လျော့ပေးပါဦး..”
” အဖွား တကယ်လျော့မရတော့လို့ပါ…”
“ဟုတ်ကဲ့ပါ အဖွား…ဒီမှာ ပိုက်ဆံ…”
“သား ပိုက်ဆံတွေက အများကြီးဘဲ…”
“အဲ့ဒါ ၁၅၀၀ မဟုတ်ဖူးလား…”
“မဟုတ်ပါဘူး…
ဒါ ၅၀၀ တန် တွေလား..???..”
“အဖွားသေချာလေးကြည့်ပါဦး…”
“တစ်သောင်းတန်တွေ
1.2.3.4.5.6.7.8.9.10…
၁၀ရွက်တောင်..ဟီး…ရော့….””ဟာ..မဟုတ်ဘူးလေ အဖွားကို အကုန်လုံးကန်တော့တာ..”
“တကယ်လားဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ်သားရယ်…”
“ဒါဆို ဒီရေခဲထုပ်တွေက …””သားစားရင် စား ၊ မစားရင် ဒီနားကလူတွေဝေလိုက်တော့လေ…”
“ဟုတ်ပြီဗျာ…ကဲ ပျော်ရဲ့လား အဖွား…””ပျော်တာပေါ့ သားရယ်..
တစ်နေ့ လုံးရောင်းမှ ၂၅၀၀ လောက်ဘဲရတာလေအခုက တစ်သိန်းကြီးများတောင်ဆိုတော့အဖွားအရမ်းပျော်တာပေါ့..”
အသက် (၇၆) အရွယ်ရောက်နေတဲ့အပြင်ခါးလေးတွေ ကုန်းပြီးလမ်းလျှောက်တာတုန်ရီနေပေမယ့်ဇွဲမလျော့ဘဲ ဈေးရောင်းနေတဲ့ အဖွားဒေါ်တင်ရီ ကို လှူလိုက်ရတဲ့တစ်သိန်း ကျပ် ဟာ အားလုံးရင်ထဲမှာ
ကျေနပ်ပီတိဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။
တောင်ဒဂုံ (၁၀၄) ရပ်ကွက် ရောက်ရင်လဲအဖွားဒေါ်တင်ရီ ရဲ့ ရေခဲထုပ်လေးတွေကိုအားပေးကြဖို့ တိုက်တွန်းပါတယ်ဗျာ။
ဒီလို သက်ကြီးရွယ်အိုများတွေ့မြင်တဲ့အခါမှာလှူခွင့်ရအောင် ကျွန်တော်နဲ့အတူပါဝင်လှူဒါန်းကျတဲ့ အလှူရှင်များအားလုံး
ကျန်းမာချမ်းသာလန်းဖြာကြပါစေ ။🙏🙏🙏
#MoeSat
လေးစားစွာဖြင့်ခရစ်ဒစ်ပေးပါသည်🙏
zawgyi
“မဟုတ်ပါဘူး…
ဒါ ၅၀၀ တန် တွေလား..???..”
“တစ်သောင်းတန်တွေ
1.2.3.4.5.6.7.8.9.10…
#MoeSat