စစ်တပ်အရာရှိများ CDMဝန်ထမ်းများနှင့် ထိမ်း မြားခွင့်မပြုကြောင်း ညွှန်ကြားထား..
စစ်တပ်အရာရှိများအနေဖြင့် စစ်ကောင်စီ ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဝန်ထမ်းများ၊ စစ်ကောင်စီမှ ပုဒ်မ ၅၀၅ က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများနှင့် လက် ထပ်ထိမ်းမြားခွင့်မပြုရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည် ။
စစ်တပ်အရာရှိများ အနေဖြင့် လက်ထပ်ခွင့်တင် ပြရာတွင် ယင်းကဲ့သို့ CDMနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများနှင့် လက်ထပ်ခွင့်မပြုခြင်းဖြစ်ပြီး ယင်းကဲ့သို့ လက်ထပ်ခွင့်တင်သည့် အရာရှိအား အရေးယူခြင်းပြုလုပ်မည်မဟုတ်ကြောင်း သိရသည် ။
CDMဝန်ထမ်းတွေနဲ့ လက်ထပ်ခွင့်မပြုဘူး ဆိုတာ ဟုတ်တယ်။ ကကရေး စစ်ရေးချုပ်ရုံး က စာထွက်ထားတယ်။ အဲ့လိုတင်လို့ အရေးတော့မယူမယ်လို့တော့ မပါဘူး ခွင့်မပြုတာဘဲရှိမယ် ဟု စစ်တပ်အရာရှိတစ်ဦးက MPAသို့ပြောသည် ။
လက်ထပ်ခွင့်တင်မည့် အရာရှိအနေဖြင့်လည်း မိ မိ၏ ဇနီးလောင်းအား သေချာစိစစ်ပြီးမှ တင်ပြရမည်ဖြစ်ပြီး ၎င်းနှင့်ထိမ်းမြားမည့်သူသည် CDM ဝန်ထမ်း သို့မဟုတ် ဖမ်းဝရမ်းထုတ်ခံထားရသည်ကို မသိရှိဘဲ ယင်းအကြောင်းအရာများအား.. ဇနီးလောင်းမှ လက်ထပ်ခွင့်တွင် ထိန်ချန်၍ လိမ်လည်ရေးသွင်း တင်ပြပါက
၎င်းအရာရှိ၏ ဇနီးလောင်းအား စစ်တပ်မှတရားလိုပြုလုပ် တ ရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။ လက်ထပ်ခွင့်တင်ပြရာတွင် ပါရှိရမည့် ဇနီးလောင်း၏ ပြစ်မှုကင်းရှင်းကြောင်း ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာတို့တွင် CDMပြုလုပ်နေသူ သို့မဟုတ် ဖမ်းဝရမ်း ထုတ်ခံထားရသူများ မဖြစ်စေရေး
သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းမှ သေချာစွာစိစစ်၍ ထောက်ခံပေးရန်နှင့်.. မှားယွင်းပေါ့လျော့၍ ထောက်ခံပေးပါက ၎င်းရပ်ကွက်နှင့် ရဲစခန်းများ၏ တာဝန်ရှိသူများကိုပါ အရပ်ဖက်တရားရုံးတွင် အရေးယူဆောင်ရွက်သွားမည် ဟု သိရသည် ။
Credit ~ Myanmar Pressphoto Agency