ဗဟုသုတ

လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်…

ဆရာဖေမြင့်ရဲ့ …

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာ လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်ရှိပါတယ်…

အဲ့တာဘာလဲဆိုတော့ …

” ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ ”

– ကျွန်တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား? …

စာထဲမှာညွှန်းဆိုထားတာကတော့ … မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား , ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား ,

အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား , ပြီးခဲ့တဲ့လက ရတဲ့မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ ,

ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူးမို့လား , တကယ်တော့ မင်းကိုယ်မင်းကလွဲပြီးလူတစ်ကာကို ပိုက်ဆံတွေပေးနေခဲ့တာပါတဲ့ …

အဲ့လိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဆောင်းခဲ့မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက်ချမ်းသာနေမလဲ ..??

” အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့ ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်ရမည် ” ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက်သုံးမပြစ်ပဲ ဆယ်ပုံတစ်ပုံလောက်ကို စုဆောင်းထားဖို့ပဲဖြစ်ပါတယ် …

အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ

“ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေဖြစ်ရမယ် ”

တစ်နည်းအားဖြင့်စုဆောင်းရုံနဲ့မပြီးဘူး ပြန်လည်ရင်းနှီးပြီးခိုင်းစေရမယ် … အဲ့ကျေးကျွန်ငွေသားတွေကနေ တစ်ဆင့် နောက်ထပ် အစွယ်ဖွားသားသမီးတွေ မွေးနိုင်အောင် လုပ်ဆောင်ရမယ်တဲ့ …

မင်းဟာချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင်လုပ်ရပါမယ်တဲ့ …

ဒါကြောင့် ချမ်းသာချင်တဲ့လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမဲ့ အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုယ့်အတွက်ပြန်လည်စုဆောင်းဖို့ပဲ ဖြစ်ပါတယ် …

#La_Min_Htun

#ဆရာကြီးဖေမြင့်ရဲ့စာအုပ်ထဲမှကိုးကား၍

CreditForwardToSuccess

unicode


ဘဘေီလုံမှာ အခမြျးသာဆုံးပုဂ်ဂိုလျ စာအုပျထဲမှာ လူတစျယောကျအနေ နဲ့ ခမြျးသာခငြျရငျ ပထမဆုံး လိုကျနာ ကငြျ့သုံးရမဲ့ တစျခကြျရှိပါတယျ…

အဲ့တာဘာလဲဆိုတော့ …













#La_Min_Htun


CreditForwardToSuccess