အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီဆိုလျှင် ဒါလေးတွေ ဖြစ်အောင်တော့ လုပ်ပေးပါ
ကိုယ့်အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီ ဆိုလျှင်
ဘုရားရှိခိုးတဲ့ အခါ ဂုဏ်တော် တစ်ခုခုကို အာရုံလေးပြုထားပါ။
ဘုရားကို တစ်ခုခုလှူ ဒါန်းမှုပြုတဲ့ အခါ သက်တော်ထင်ရှားဘုရားရှင်ကဲ့သို့အာရုံယူထားပါ။
ဘုရားကို ကိုးကွယ်မှုပြုတဲ့ အခါ ဘုရားကျောင်းဆောင်အား နေ့စဉ်သန့်ရှင်းမှုပြုလုပ်ပါ။
ဘုရားခန်းသန့်ရှင်းမှုပြုလုပ်တဲ့ အခါ ပန်းရေချမ်းလည်းနေ့စဉ် ရေလဲလည်ပေးပါ။
ပန်းရေချမ်း လဲလည်မှုပြုတဲ့ အခါ ရိုသေသမှု တလေးတစားပြုမူ နေထိုင်ပါ။
ရိုသေသမှုနဲ့ စိတ်ထဲရှင်းနေတဲ့ အခါ ပြုဆဲကုသိုလ်ကို ဝမ်းမြောက်ပြီးနေပါ။
ကြည် နူးမှုနဲ့ ဝမ် မြော် နေဆဲ အချိန်ခါဆင့်ပွား ကုသိုလ် အဖြစ် အမျှတမ် ပေးငှ ဝေပါ။
အမျှတမ်း ပေးငှ ဝေတဲ့စိတ် အစဉ်မှာ ပုဂ္ဂလအဓိဋ္ဌာန်ကင်းပြီး သုံးဆယ့်တစ်ဘုံ ရည်စူးပါ။
အမျှ ပေး ဝေလို့ ဘဝဂ်ညံသွားတဲ့ အဲဒီသာဓု ခေါ်သံက နေ့စဉ် အာရုံ ပြ နိုင်ရင် ပိုက်ဆံမကုန်ပဲ နဲ့ သင့်အတွက် အာစိဏ္ကံ ကုသိုလ်လေးတစ်ခုပါ။
ဖန်ခါးမြေအရှင်
==========