ဘရာဇီးမွာ အပန္းေျဖ ေလွေတြေပၚ ေက်ာက္ေဆာင္ၿပိဳက်လို႔ ၇ ဦးထက္မနည္းေသဆုံး
—People’s Spring
ဘရာဇီး ႏိုင္ငံက ေရတံခြန္ တစ္ခုမွာ အပန္းေျဖ ေလွငယ္ေတြေပၚ ေက်ာက္ေဆာင္ႀကီးတစ္ခု ၿပိဳက်ၿပီး လူ ၇ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။
မီနက္စ္ဂီ႐ိုင္စ္ ျပည္နယ္မွာရွိတဲ့ ေရအိုင္တစ္ခုမွာ ေရတံခြန္ေတြ စီးက်ၿပီး သဘာဝ ရႈခင္း လွပတာေၾကာင့္ လာေရာက္ အပန္းေျဖသူေတြ စည္ကားေနေလ့ ရွိပါတယ္။ ေရအိုင္ထဲမွာ ေလွငယ္ေလးေတြ စီးနင္းၿပီး ကမာၻလွည့္ ခရီးသြား ဧည့္သည္ေတြ စုေဝးေနခ်ိန္မွာ ဧရာမ ေက်ာက္ေဆာင္ႀကီးတစ္ခု ၿပိဳက်လာတာ ျဖစ္ပါတယ္။
ေလွတစ္စီးေပၚက ႐ိုက္ယူထားတဲ့ ဗီဒီယိုမွာေတာ့ ေက်ာက္ခ်ပ္ႀကီး တစ္ခ်ပ္ဟာ ေအာက္တည့္တည့္က ေလွေတြေပၚ တည့္တည့္ ပိက်သြားတာ ေတြ႕ရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ လူ ၇ ဦး ေသဆုံးေၾကာင္း အတည္ျပဳထားၿပီး ေနာက္ထပ္ ၃ ဦး ေပ်ာက္ဆုံးေနပါတယ္။ ဒဏ္ရာရသူ ၃၂ ဦးထက္မနည္း ရွိခဲ့ၿပီး ေလွ ၁ စီး နစ္ျမဳပ္သြားပါတယ္။ က်န္တဲ့ ေလွေတြကေတာ့ လြတ္ေျမာက္ခဲ့တယ္လို႔ ဆိုပါတယ္။ လြင့္စဥ္လာတဲ့ ေက်ာက္တုံး အစအနေတြ ထိမွန္လို႔ ေလွ ၃ စီးမွာ အပ်က္အစီးေတြ ျဖစ္ခဲ့ပါတယ္။
လတ္တေလာမွာေတာ့ ေရကန္တဝိုက္ကို ဝင္ထြက္သြားလာခြင့္ ပိတ္ထားၿပီး ေပ်ာက္ဆုံးေနသူေတြကို လိုက္လံ ရွာေဖြေနပါတယ္။ ဘရာဇီး ေရတပ္က ေရငုပ္သမားေတြပါ အခင္းျဖစ္ရာ ေနရာတဝိုက္မွာ အလုပ္မ်ားေနတာ ေတြ႕ရပါတယ္။ မူလက ေပ်ာက္ဆုံးသူ ၁၂ ဦးထိ ရွိခဲ့တယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ ေဆး႐ုံေရာက္ေနသူ စာရင္းေတြကို စိစစ္ၿပီးခ်ိန္မွာေတာ့ ၃ ဦးသာ ေပ်ာက္ဆုံးေၾကာင္း အာဏာပိုင္ေတြက ျပင္ဆင္ ေၾကညာခဲ့ပါတယ္။
#လူထုေႏြဦး
ဘရာဇီးမှာ အပန်းဖြေ လှေတွေပေါ် ကျောက်ဆောင်ပြိုကျလို့ ၇ ဦးထက်မနည်းသေဆုံး
—People’s Spring
ဘရာဇီး နိုင်ငံက ရေတံခွန် တစ်ခုမှာ အပန်းဖြေ လှေငယ်တွေပေါ် ကျောက်ဆောင်ကြီးတစ်ခု ပြိုကျပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မီနက်စ်ဂီရိုင်စ် ပြည်နယ်မှာရှိတဲ့ ရေအိုင်တစ်ခုမှာ ရေတံခွန်တွေ စီးကျပြီး သဘာဝ ရှုခင်း လှပတာကြောင့် လာရောက် အပန်းဖြေသူတွေ စည်ကားနေလေ့ ရှိပါတယ်။ ရေအိုင်ထဲမှာ လှေငယ်လေးတွေ စီးနင်းပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ စုဝေးနေချိန်မှာ ဧရာမ ကျောက်ဆောင်ကြီးတစ်ခု ပြိုကျလာတာ ဖြစ်ပါတယ်။
လှေတစ်စီးပေါ်က ရိုက်ယူထားတဲ့ ဗီဒီယိုမှာတော့ ကျောက်ချပ်ကြီး တစ်ချပ်ဟာ အောက်တည့်တည့်က လှေတွေပေါ် တည့်တည့် ပိကျသွားတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူ ၇ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး နောက်ထပ် ၃ ဦး ပျောက်ဆုံးနေပါတယ်။ ဒဏ်ရာရသူ ၃၂ ဦးထက်မနည်း ရှိခဲ့ပြီး လှေ ၁ စီး နစ်မြုပ်သွားပါတယ်။ ကျန်တဲ့ လှေတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ လွင့်စဉ်လာတဲ့ ကျောက်တုံး အစအနတွေ ထိမှန်လို့ လှေ ၃ စီးမှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ရေကန်တဝိုက်ကို ဝင်ထွက်သွားလာခွင့် ပိတ်ထားပြီး ပျောက်ဆုံးနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ ဘရာဇီး ရေတပ်က ရေငုပ်သမားတွေပါ အခင်းဖြစ်ရာ နေရာတဝိုက်မှာ အလုပ်များနေတာ တွေ့ရပါတယ်။ မူလက ပျောက်ဆုံးသူ ၁၂ ဦးထိ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဆေးရုံရောက်နေသူ စာရင်းတွေကို စိစစ်ပြီးချိန်မှာတော့ ၃ ဦးသာ ပျောက်ဆုံးကြောင်း အာဏာပိုင်တွေက ပြင်ဆင် ကြေညာခဲ့ပါတယ်။
#လူထုနွေဦး
Video Player