ကြားသိရသမျှ

အဆိုတော်ပိုပို ယနေ့ပြန်လွတ်..

အဆိုတော်ပိုပို ယနေ့ပြန်လွတ် ၊ ဒါရိုက်တာ မိုက်တီးနှင့် မဝင်းမင်းသန်းတို့လည်း ပြန်လွတ်ဟု သတင်းထွက်

နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အဆိုတော် ပိုပိုဟာ ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည် ။

အဆိုတော် ပိုပိုသည် ဆန္ဒ ပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့်အပြင် CDM လှုံ့ ဆော်မှုများတွင် ပါဝင်ခဲ့သည့်အတွက် နိုင်ငံတော်အကြ ည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဝရမ်း ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုတော် ပိုပိုအား ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် ညနေပိုင်းတွင် သူမ၏ နေအိမ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီးယနေ့ အောက်တိုဘာ (၂၈) ရက်တွင်ညနေပိုင်းတွင် အဆို တော် ပိုပို ထောင်မှ ပြန်လည် လွတ်မြောက်ကြောင်း ၎င်း ၏ မိတ်ဆွေအသိုင်းအဝိုင်းများမှ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့်ဖော်ပြကြခြင်း ဖြ စ်သည်။

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် ပိုပိုရဲ့မန်နေဂျာက “မပိုပိုအခုအိမ်ပြန်ရောက်နေပါပြီ နေကောင်းကျန်းမာစွာရှိနေပါတယ်” လို့ ပြောပါတယ်။

၎င်းနှင့်အတူ ဒါရိုက်တာ မိုက်တီးနှင့် ဗြူးတီးဘလော့ဂါ မဝင်းမင်းသန်းတို့ပါ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ပေါ်ပြူလာနယူးစ် အနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုတော်ပိုပို ယနေ့ပြန်လွတ် ၊ ဒါရိုက်တာ မိုက်တီးနှင့် မဝင်းမင်းသန်းတို့လည်း ပြန်လွတ်ဟု သတင်းထွက်

နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အဆိုတော် ပိုပိုဟာ ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

အဆိုတော် ပိုပိုသည် ဆန္ဒ ပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့်အပြင် CDM လှုံ့ ဆော်မှုများတွင် ပါဝင်ခဲ့သည့်အတွက် နိုင်ငံတော်အကြ ည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဝရမ်း ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုတော် ပိုပိုအား ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၅ ရက် ညနေပိုင်းတွင် သူမ၏ နေအိမ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီးယနေ့ အောက်တိုဘာ (၂၈) ရက်တွင် ညနေပိုင်းတွင် အဆို တော် ပိုပို ထောင်မှ ပြန်လည် လွတ်မြောက်ကြောင်း ၎င်း ၏ မိတ်ဆွေအသိုင်းအဝိုင်းများမှ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့်ဖော်ပြကြခြင်း ဖြ စ်သည်။