လူေသလၽွင္ လက္မႏွစ္ခုႏွင္႕ ေျခမႏွစ္ခုကိုပူးျပီး ႀကိဳးခ်ည္ထားတာ ဘာေၾကာင့္မွန္းမသိခဲ့ပါ..
“တုတ္နဲ႔ငုတ္” လူတစ္ေယာက္ေသလၽွင္ လက္မႏွစ္ခုႏွင့္ ေျခမႏွစ္ခုကိုႀကိဳးခ်ည္ထားတတ္သည္။ ဘာေၾကာင့္မွန္းမသိခဲ့ပါ။ ထုံးစံအရလုပ္သည္ဟုသာ နားလည္ထား၏။ ဟိုတုန္းက ဆရာေတာ္တစ္ပါးေဟာၾကားေသာ တရားကိုနာရင္း ဤအေၾကာင္းကို သိခြင့္ရခဲ့သည္။
ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ နားေထာင္ရင္းသေဘာက်မိသည္။ ဓမၼမိတ္ေဆြမ်ား အက်ိဳးရွိနိုင္သည့္အတြက္ ေဖာ္ျပလိုက္ပါသည္။တစ္ခါတုန္းက လယ္ပိုင္ရွင္သူေဌးတစ္ေယာက္ဆီမွာ အခစားလုပ္သည့္ သူရင္းငွားတစ္ေယာက္ရွိသည္။
ေန႔စဥ္လုပ္ေနေသာ္လည္း ႀကီးပြားတိုးတက္ျခင္းမရွိ၍ စိတ္ပ်က္ေနေလ၏။ တစ္ေန႔၌ စဥ္းစားမိ၏။ လယ္ပိုင္ရွင္ထံ လယ္ေတာင္းမည္။ ကိုယ္ပိုင္ လယ္လုပ္ခြင့္ရလၽွင္ စီးပြားေရး အဆင္ေျပနိုင္သည္။ “သူေဌး သူေဌးမွာ မ်က္စိတစ္ဆုံး လက္ညိဳးထိုးမလြဲ လယ္ေတြအမ်ားႀကီးပါ။
ကၽြန္ေတာ့္မွာ လယ္တစ္ကြက္ေတာင္မရွိဘူး လယ္တစ္ရွင္စာေလာက္ေပးပါ။”လယ္တစ္ရွင္စာဆိုတာ ႏြားႏွစ္ေကာင္ႏွင့္ တစ္မိုးတြင္းလုပ္ကိုင္ေလာက္တဲ့ ေျမကိုေျပာတာပါ။သူေဌးက သူရင္းငွားကိုၾကည့္ၿပီး သနားသြားပါတယ္။
“မင္းလိုခ်င္သေလာက္ ငါေပးမယ္။ေရာ့ဒီမွာ ငုတ္တစ္ေခ်ာင္း ေရာ့ဒီမွာ တုတ္တစ္ေခ်ာင္း ဒီကေနသြားပါ။မင္းလိုခ်င္သေလာက္ လယ္ေျမကိုေရာက္ရင္ငုတ္ကို တုတ္နဲ႔ရိုက္ၿပီး မွတ္ထားခဲ့။ငုတ္အတြင္းကို မင္းပိုင္တဲ့ ေျမအျဖစ္ မွတ္ထားခဲ့။”
သူေဌးစကားဆုံးေတာ့ သူရင္းငွားခမ်ာဘယ္ေလာက္ဝမ္းသာမလဲ စဥ္းစားၾကည့္ပါ။တုတ္နဲ႔ငုတ္ကို ကိုင္ၿပီး ခပ္သြက္သြက္ေလၽွာက္သြားပါတယ္။ ၿပီးေတာ့ ေနာက္ျပန္ ၾကည့္လိုက္ပါတယ္။စိတ္ထဲမွာလည္း ေတြးလိုက္ပါတယ္။”နည္းေသးတယ္” ဟူ၍ ျဖစ္ပါသည္။
ငါလမ္းေလၽွာက္တာ.. ေႏွးလို႕ျဖစ္မယ္ဆိုၿပီးမေျပး႐ုံတမယ္ သြားျပန္ပါတယ္။”နည္းေသးတယ္” ဟူ၍ပင္ ျဖစ္ပါသည္။မိမိရွိပီးသား ဥစၥာမ်ားႏွင့္ ေနာက္ထပ္ရမည့္ ပစၥည္းဥစၥာမ်ားကိုတဏွာမ်က္လုံးႏွင့္ၾကည့္လၽွင္ အေျဖက တစ္ခုတည္း ျဖစ္ပါသည္။”နည္းေသးတယ္”ဟူ၍ ျဖစ္ပါသည္။
ဓမၼမိတ္ေဆြမ်ားခင္ဗ်ာ။ မိုးလင္းမွမိုးခ်ဳပ္ တကုပ္ကုပ္နဲ႔ မေမာနိုင္မပန္းနိုင္ရွာေဖြေနၾကျခင္းသည္ တဏွာက ခိုင္းလို့ျဖစ္ပါသည္။မိုးခ်ဳပ္လို့ စာရင္းသိမ္းၿပီး “နည္းေသးတယ္” ထပ္ရွာဦးမယ္ ေတြးျခင္းသည္ တဏွာ၏ သတၱိျဖစ္ပါသည္။
ဘုရားမသြားနိုင္ ေက်ာင္းမတက္နိုင္ေအာင္ ခိုင္းေနတာ တဏွာပင္ျဖစ္သည္။တရားမနာနိုင္ေအာင္ခုႏွစ္ရက္မၽွ တရားအားမထုတ္နိုင္ေအာင္တရားအတြက္ အခ်ိန္မေပးနိုင္ေအာင္ခိုင္းေနတာ တဏွာျဖစ္၏။ ရက္ႀကီးအခါႀကီးမွာ အမ်ားသူငါကုသိုလ္ေတြျပဳလို့။
ဒါေတြကို ျမင္ေသာ္လည္း ဒီရက္ကေစ်းေရာင္းလို့ ပိုေကာင္းတယ္ဆိုၿပီးဘုရားေက်ာင္းကန္ မ်က္ႏွာလႊဲတာ တဏွာေၾကာင့္ျဖစ္သည္။သူရင္းငွားက နည္းေသးတယ္အေတြးနဲ႔ငုတ္နဲ႔ တုတ္ကိုေျမမွာခ် ခါးေတာင္းကို ေျမႇာင္ေအာင္က်ိဳက္ၿပီး တုတ္နဲ႔ငုတ္ကိုကိုင္ၿပီး
ေျပးပါေတာ့တယ္။မ်ားမ်ားရဖို့ ျမန္ျမန္ေျပးေနျခင္းပါ။ေျပးရင္းေျပးရင္း အေမာဆို့ၿပီး လယ္ကြက္တစ္ခုထဲကို ေမွာက္လဲသြားပါတယ္။ကူမည့္သူမရွိဘဲ ေမွာက္လဲေနေတာ့ပါးစပ္ထဲ ႏွာေခါင္းထဲမွ ေရဝင္ၿပီးေသသြားပါတယ္။အေတာ္ၾကာမွ လယ္ပိုင္ရွင္က
”ေဟ့သူရင္းငွား လယ္ယူဖို့သြားတာျပန္လာတာမေတြ႕ေသးဘူး လာလိုက္ၾကစို့” လို့အနီးရွိ လူမ်ားေခၚၿပီး လိုက္ၾကည့္ပါတယ္။လယ္ကြက္ထဲမွာ ေမွာက္လဲေသတာ ေတြ႕ေတာ့စိတ္မေကာင္းစြာနဲ႔ ေဘးကလူေတြကို ေျပာပါတယ္။
ငါကလယ္ေျမေတြကို လိုသေလာက္ေပးတယ္သူက ေျခာက္ေပပဲယူသြားတယ္ ေျပာၿပီးေျမျမဳပ္ဖို့ ေျခာက္ေပတြင္း တစ္တြင္းတူးခိုင္းပါတယ္။တြင္းတူးေနတုန္းမွာ ေမွာက္ခုံႀကီး ေသေနတဲ့သူရင္းငွားကို ပက္လက္လွန္လိုက္ပါတယ္။
လက္ထဲက တုတ္နဲ႔ငုတ္က ျပဳတ္မထြက္ဘဲ ကိုင္ထားျမဲ ျဖစ္ေနပါတယ္။ လယ္ပိုင္ရွင္က ေသေသခ်ာခ်ာၾကည့္ၿပီးအေလာင္းကို တြင္းထဲမခ်ခင္တုတ္နဲ႔ ငုတ္ကို သူရင္းငွား လက္ထဲမွ ျဖဳတ္လိုက္ၿပီးႀကိဳးတစ္ေခ်ာင္းနဲ႔ လက္မႏွစ္ေခ်ာင္းကို ပူးခ်ည္လိုက္ပါတယ္။
ေဘးကလူေတြက လယ္ပိုင္ရွင္ကို ဘာလုပ္ဖို့ခ်ည္တာလဲလို့ေမးေတာ့ လယ္ပိုင္ရွင္က ျပန္မေျဖေသးဘဲေျခမႏွစ္ေခ်ာင္းကိုပူးၿပီး ႀကိဳးနဲ႔ခ်ည္ျပန္ပါတယ္။ ျပီးမွေဘးက လူေတြကို ရွင္းျပပါတယ္။”တုတ္နဲ႔ ငုတ္ကိုင္ၿပီး ညညေျပးေနမွာစိုးလို့ေျခမနဲ႔ လက္မကို ႀကိဳးခ်ည္ထားတာပါလို႕”ေျဖလိုက္ပါတယ္။
မၾကာခဏဆိုသလို မိမိကိုယ္ကိုျပန္ေမးသင့္တဲ့ ေမးခြန္းေလး တစ္ခုရွိပါတယ္။နင္ေျပးေနတုန္းလား ငုတ္ရိုက္ေနၿပီလား ဆိုတာပါပဲ။ Credit:(ဓမၼဒူတအရွင္ပညာဝရ)
Unicode
လူသေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုပူးပြီး ကြိုးချည်ထားတာ ဘာကြောင့်မှန်းမသိခဲ့ပါ
“တုတ်နဲ့ငုတ်” လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည်။ ဘာကြောင့်မှန်းမသိခဲ့ပါ။ ထုံးစံအရလုပ်သည်ဟုသာ နားလည်ထား၏။ ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နားထောင်ရင်းသဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက် ဖော်ပြလိုက်ပါသည်။တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှာ အခစားလုပ်သည့် သူရင်းငှားတစ်ယောက်ရှိသည်။
နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍ စိတ်ပျက်နေလေ၏။ တစ်နေ့၌ စဉ်းစားမိ၏။ လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။ “သူဌေး သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ လယ်တွေအများကြီးပါ။
ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူး လယ်တစ်ရှင်စာလောက်ပေးပါ။”လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့် တစ်မိုးတွင်းလုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။
“မင်းလိုချင်သလောက် ငါပေးမယ်။ရော့ဒီမှာ ငုတ်တစ်ချောင်း ရော့ဒီမှာ တုတ်တစ်ချောင်း ဒီကနေသွားပါ။မင်းလိုချင်သလောက် လယ်မြေကိုရောက်ရင်ငုတ်ကို တုတ်နဲ့ရိုက်ပြီး မှတ်ထားခဲ့။ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့။”
သူဌေးစကားဆုံးတော့ သူရင်းငှားခမျာဘယ်လောက်ဝမ်းသာမလဲ စဉ်းစားကြည့်ပါ။တုတ်နဲ့ငုတ်ကို ကိုင်ပြီး ခပ်သွက်သွက်လျှောက်သွားပါတယ်။ ပြီးတော့ နောက်ပြန် ကြည့်လိုက်ပါတယ်။စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။”နည်းသေးတယ်” ဟူ၍ ဖြစ်ပါသည်။
ငါလမ်းလျှောက်တာ နှေးလို့ဖြစ်မယ်ဆိုပြီးမပြေးရုံတမယ် သွားပြန်ပါတယ်။”နည်းသေးတယ်” ဟူ၍ပင် ဖြစ်ပါသည်။မိမိရှိပီးသား ဥစ္စာများနှင့် နောက်ထပ်ရမည့် ပစ္စည်းဥစ္စာများကိုတဏှာမျက်လုံးနှင့်ကြည့်လျှင် အဖြေက တစ်ခုတည်း ဖြစ်ပါသည်။”နည်းသေးတယ်”ဟူ၍ ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများခင်ဗျာ။ မိုးလင်းမှမိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင်မပန်းနိုင်ရှာဖွေနေကြခြင်းသည် တဏှာက ခိုင်းလို့ဖြစ်ပါသည်။မိုးချုပ်လို့ စာရင်းသိမ်းပြီး “နည်းသေးတယ်” ထပ်ရှာဦးမယ် တွေးခြင်းသည် တဏှာ၏ သတ္တိဖြစ်ပါသည်။
ဘုရားမသွားနိုင် ကျောင်းမတက်နိုင်အောင် ခိုင်းနေတာ တဏှာပင်ဖြစ်သည်။တရားမနာနိုင်အောင်ခုနှစ်ရက်မျှ တရားအားမထုတ်နိုင်အောင်တရားအတွက် အချိန်မပေးနိုင်အောင်ခိုင်းနေတာ တဏှာဖြစ်၏။ ရက်ကြီးအခါကြီးမှာ အများသူငါကုသိုလ်တွေပြုလို့။
ဒါတွေကို မြင်သော်လည်း ဒီရက်ကဈေးရောင်းလို့ ပိုကောင်းတယ်ဆိုပြီးဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့်ဖြစ်သည်။သူရင်းငှားက နည်းသေးတယ်အတွေးနဲ့ငုတ်နဲ့ တုတ်ကိုမြေမှာချ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး တုတ်နဲ့ငုတ်ကိုကိုင်ပြီး
ပြေးပါတော့တယ်။များများရဖို့ မြန်မြန်ပြေးနေခြင်းပါ။ပြေးရင်းပြေးရင်း အမောဆို့ပြီး လယ်ကွက်တစ်ခုထဲကို မှောက်လဲသွားပါတယ်။ကူမည့်သူမရှိဘဲ မှောက်လဲနေတော့ပါးစပ်ထဲ နှာခေါင်းထဲမှ ရေဝင်ပြီးသေသွားပါတယ်။အတော်ကြာမှ လယ်ပိုင်ရှင်က
”ဟေ့သူရင်းငှား လယ်ယူဖို့သွားတာပြန်လာတာမတွေ့သေးဘူး လာလိုက်ကြစို့” လို့အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။လယ်ကွက်ထဲမှာ မှောက်လဲသေတာ တွေ့တော့စိတ်မကောင်းစွာနဲ့ ဘေးကလူတွေကို ပြောပါတယ်။
ငါကလယ်မြေတွေကို လိုသလောက်ပေးတယ်သူက ခြောက်ပေပဲယူသွားတယ် ပြောပြီးမြေမြုပ်ဖို့ ခြောက်ပေတွင်း တစ်တွင်းတူးခိုင်းပါတယ်။တွင်းတူးနေတုန်းမှာ မှောက်ခုံကြီး သေနေတဲ့သူရင်းငှားကို ပက်လက်လှန်လိုက်ပါတယ်။
လက်ထဲက တုတ်နဲ့ငုတ်က ပြုတ်မထွက်ဘဲ ကိုင်ထားမြဲ ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်က သေသေချာချာကြည့်ပြီးအလောင်းကို တွင်းထဲမချခင်တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီးကြိုးတစ်ချောင်းနဲ့ လက်မနှစ်ချောင်းကို ပူးချည်လိုက်ပါတယ်။
ဘေးကလူတွေက လယ်ပိုင်ရှင်ကို ဘာလုပ်ဖို့ချည်တာလဲလို့မေးတော့ လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲခြေမနှစ်ချောင်းကိုပူးပြီး ကြိုးနဲ့ချည်ပြန်ပါတယ်။ ပြီးမှဘေးက လူတွေကို ရှင်းပြပါတယ်။”တုတ်နဲ့ ငုတ်ကိုင်ပြီး ညညပြေးနေမှာစိုးလို့ခြေမနဲ့ လက်မကို ကြိုးချည်ထားတာပါလို့”ဖြေလိုက်ပါတယ်။
မကြာခဏဆိုသလို မိမိကိုယ်ကိုပြန်မေးသင့်တဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်။နင်ပြေးနေတုန်းလား ငုတ်ရိုက်နေပြီလား ဆိုတာပါပဲ။ Credit:(ဓမ္မဒူတအရှင်ပညာဝရ)