ၾကားသိရသမွ်

ယုံယုံကြည်ကြည်နဲ့ ကလေးထိန်းတစ်ဦးထံ ခြောက်လသားအရွယ် ရင်သွေးလေး ပို့ဆောင်ပြီးနောက် ၎င်းတို့ရဲ့ရင်သွေးလေးကို ဆုံးရှုံးခဲ့ရတဲ့ မိဘနှစ်ပါး

မလေးရှား ဇနီးမောင်နှံစုံတွဲတစ်တွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စင်္ကာပူနိုင်ငံ၊ Sengkang မြို့ရှိ ကလေးထိန်းတစ်ဦးထံ ၎င်းတို့ရဲ့ရင်သွေးလေးကို ပို့ဆောင်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ရင်သွေးလေးကို ဆုံးရှုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ၆ နာရီ ၂၅ မိနစ်မှာ သဘာဝအတိုင်းသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့ဟာ စိတ်မကောင်းစရာဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က The Straits Times သို့ ပြောကြားခဲ့ပါတယ်။

အသက်ရှုရပ်ကာ သတိလစ်သွားပြီးနောက် ကလေးငယ်အား အထွေထွေရောဂါကုဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံရောက်ရောက်ချင်းမှာဘဲ ဆရာဝန်များက အသက်မရှိတော့ကြောင်း ကြေညာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး လောလောဆယ်တော့ ၎င်းတို့က ဒီအမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။

မိဘနှစ်ပါးဖြစ်တဲ့ Yong Zhen Cheng အမည်ရှိအမျိုးသား နှင့် Du Jing Lei အမည်ရှိအမျိုးသမီး တို့ ဇနီးမောင်နှံဟာ စင်္ကာပူမြို့တော်မှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် 30 ရွယ်တူ မလေးရှားနိုင်ငံသားများဖြစ်ကြပါတယ်။

ခြောက်လသားအရွယ် Yong Jing Yu အမည်ရှိ၎င်းတို့ရဲ့ကလေးက စင်္ကာပူနိုင်ငံသားမဟုတ်တဲ့အတွက် သူ့ကို ကလေးထိန်းဌာနသို့ ပို့ဆောင်ရင် SGD 2,000 ကုန်ကျမည်ဖြစ်တာကြောင့် ၎င်းတို့ဇနီးမောင်နှံက အင်တာနက်ပေါ်ရှိ ကလေးထိန်းတစ်ဦးကို ရှာဖွေခဲ့ကြပါတယ်။ ထို့နောက် ကလေးထိန်းအတွေ့အကြုံ 10 နှစ်ရှိတဲ့ အသက် ၄၀ အရွယ် Liu အမည်ရှိကလေးထိန်းအမျိုးသမီးကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ရဲ့ ကလေးထိန်းရန်အတွက် SGD 900 တောင်းခံတဲ့အပေါ် ၎င်းတို့လည်း သဘောတူခဲ့ကြပါတယ်။

၎င်းတို့စုံတွဲက တစ်လလျှင် ဝင်ငွေ SGD 4,000 သာရတာကြောင့် ထိုအချိန်မှာ Liu က ၎င်းတို့အတွက် အကောင်းဆုံးရွေးချယ်မှုလို့ထင်ကာ ခြောက်လအရွယ် သားလေး Jing Yu ကို ၎င်းကလေးထိန်းထံပို့ဆောင်ခဲ့ကြပါတယ်။

Liu က Jing Yu ကို ပြုစုစောင့်ရှောက်တဲ့အပြင် အခြားကလေးနှစ်ဦးဖြစ်တဲ့ အသက်တစ်နှစ်အရွယ် နှင့် ကိုးလအရွယ် ကလေးနှစ်ဦးကိုလည်း ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။ “ အခင်းဖြစ်ပွါးတဲ့နေ့ ညနေ ၃ နာရီခန့်မှာ Jing Yu က ဧည့်ခန်းအနီးရှိ ကလေးထိန်းခြံထဲမှာ အိပ်ပျော်နေခဲ့တာပါ။ ညနေ ၆ နာရီ ၁၅ လောက်မှာတော့ ကျွန်မက သူ့ကို ရေချိုးပေးဖို့ နိုးရင်းနဲ့ သူ့မျက်နှာတစ်ခြမ်းက ခရမ်းရောင်ဖြစ်နေမှန်း သိလိုက်ရတယ်။

နောက်ပြီး သူ အသက်ရှူမဝတော့သလိုဖြစ်နေတဲ့အပြင် သူ့ခန္ဓာကိုယ်ကလည်း မတောင့်တင်းတော့တာကြောင့် ကျွန်မ ထိတ်လန့်တုန်လှုပ်သွားပြီး Jing Yu ကို နှိုးရန်ကြိုးစားခဲ့ပေမဲ့လည်း တုံ့ပြန်မှုမရှိခဲ့ဘူး။ ဒါ့ကြောင့် ကျွန်မက စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) သို့ ချက်ချင်းဖုန်းဆက်အကူအညီတောင်းခဲ့တယ်။

SCDF ရောက်လာတဲ့အချိန်အထိ သူ့ရင်ဘတ်ကိုဖိပေးပြီး သူ့ကျောကို ညင်သာစွာ နှိပ်နယ်ခြင်းဖြင့် ဆေးမှူးများရဲ့ ညွှန်ကြားချက်ကို ကျွန်မ လိုက်နာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့တာတွေက အသုံးမဝင်ခဲ့ပါဘူး ” လို့ ကလေးထိန်းက The Straits Times သို့ ပြန်ကြားခဲ့ပါတယ်။

Yong က သူ့နဲ့ သူ့ဇနီးက သားဖြစ်သူကို ဆုံးရှုံးလိုက်တာ ခြောက်ရက်ရှိပြီဖြစ်ပေမဲ့ ၎င်းတို့လင်မယားက အဆိုပါကလေးထိန်းထံမှ အဆက်အသွယ်မရခဲ့တဲ့ပြင် ၎င်းတို့ရဲ့သားလေးက ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တစ်ဦးဖြစ်ကြောင်း တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

သားဖြစ်သူက Liu ရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာ သုံးလကြာနေခဲ့ပြီးနောက် ကလေးထိန်းပြောင်းရန် စိတ်ကူးခဲ့ဖူးတာကိုလည်း မိခင် Du က ပြောကြားခဲ့ပါတယ်။ ၎င်းတို့ပြောစကားအရ ၊၎င်းတို့ဟာ Liu ရဲ့အကျင့်စာရိတ္တကို အကြိမ်အနည်းငယ် ရိပ်မိခဲ့ပြီး သားလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီကွက်များကို ရံဖန်ရံခါ တွေ့ရှိခဲ့ကြောင်း ဖခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

Mia (KBdailynews)

Reference : says