ေျမာက္ဒဂုံ ငါးမာန္ေအာင္ဘုရားအနီး ပစ္ခတ္မႈျဖစ္ပြား
ေဝဟင္စိုး
ရန္ကုန္ၿမိဳ႕၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၃၃) ရပ္ကြက္ ငါးမာန္ေအာင္ဘုရားအနီး ယေန႔ မြန္းလြဲ ၂ နာရီ ၁၀မိနစ္အခ်ိန္ ခန္႔တြင္ ေသနတ္မ်ားျဖင့္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာ
င္း ယင္းပတ္၀န္းက်င္ေနထိုင္သူတစ္ဦးက မဇၥ်ိမ ကိုေျပာသည္။
ထို႔ေၾကာင့္ ငါးမာန္ေအာင္ဘုရားလမ္းဘက္မွ ေဘလီတံတားဘက္သို႔ သြားလာေနေသာ ယာဥ္မ်ား လာရာလမ္းေၾကာင္း အတိုင္းျပန္လည္ေကြ႕ကာ
ေမာင္းႏွင္ေနၿပီး၊ ပစ္ခတ္မႈ ျဖစ္ပြားသည့္ ဘုရားလမ္းႏွင့္ အနီးပတ္၀န္းက်င္ကို စစ္ေကာင္စီတပ္မ်ား လမ္းပိတ္ဆို႔ စစ္ေဆးလွ်က္ရွိသည္။
“ ဘယ္လိုစျဖစ္လဲဆိုတာေတာ့ မသိဘူး။ ေသနတ္ပစ္သံေတြၾကားေတာ့ ကြၽန္ေတာ္တို႔လည္း ထြက္ေျပးၾကတာ။ ေသနတ္ပစ္သံက ဆယ္ခ်က္ေက်ာ္မယ္။ ဆ
က္တိုက္ဆိုသလိုလည္း ပစ္ခတ္သံေတြ ၾကားေနရတယ္။” ဟု ဆိုသည္။
ယင္း ပစ္ခတ္မႈျဖစ္စဥ္မွာ မည္သို႔ ျဖစ္ပြားခဲ့သည္ကို မသိရွိရေသးဘဲ ျဖစ္စဥ္ျဖစ္ပြားသည့္ အေျခအေနကို ဆက္လက္စုံစမ္းလွ်က္ရွိသည္။
ထို႔အျပင္ ယေန႔တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ သု၀ဏၰ ျပည္ေထာင္စုပန္းၿခံအနီးတစ္ဝွက္ သြားလာေနေသာ ျပည္သူမ်ား ယင္းေနရာမွ ေရွာင္ရွား
သြားလာၾကရန္ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕တစ္ခုက အသိေပးထားသည္။
မြောက်ဒဂုံ ငါးမာန်အောင်ဘုရားအနီး ပစ်ခတ်မှုဖြစ်ပွား
ဝေဟင်စိုး
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၃၃) ရပ်ကွက် ငါးမာန်အောင်ဘုရားအနီး ယနေ့ မွန်းလွဲ ၂ နာရီ ၁၀မိနစ်အချိန် ခန့်တွင် သေနတ်များဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း
ယင်းပတ်ဝန်းကျင်နေထိုင်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ထို့ကြောင့် ငါးမာန်အောင်ဘုရားလမ်းဘက်မှ ဘေလီတံတားဘက်သို့ သွားလာနေသော ယာဉ်များ လာရာလမ်းကြောင်း အတိုင်းပြန်လည်ကွေ့ကာ မောင်းနှင်နေပြီး၊
ပစ်ခတ်မှု ဖြစ်ပွားသည့် ဘုရားလမ်းနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်များ လမ်းပိတ်ဆို့ စစ်ဆေးလျှက်ရှိသည်။
“ ဘယ်လိုစဖြစ်လဲဆိုတာတော့ မသိဘူး။ သေနတ်ပစ်သံတွေကြားတော့ ကျွန်တော်တို့လည်း ထွက်ပြေးကြတာ။ သေနတ်ပစ်သံက ဆယ်ချက်ကျော်မယ်။ ဆက်တိုက်
ဆိုသလိုလည်း ပစ်ခတ်သံတွေ ကြားနေရတယ်။” ဟု ဆိုသည်။
ယင်း ပစ်ခတ်မှုဖြစ်စဉ်မှာ မည်သို့ ဖြစ်ပွားခဲ့သည်ကို မသိရှိရသေးဘဲ ဖြစ်စဉ်ဖြစ်ပွားသည့် အခြေအနေကို ဆက်လက်စုံစမ်းလျှက်ရှိသည်။
ထို့အပြင် ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ပြည်ထောင်စုပန်းခြံအနီးတစ်ဝှက် သွားလာနေသော ပြည်သူများ ယင်းနေရာမှ ရှောင်ရှားသွားလာကြရန် မြို့ပြ
ပြောက်ကျားအဖွဲ့တစ်ခုက အသိပေးထားသည်။