ဘဝ မှာ ပွဲဈေးတွေ နဲ့ zoo တွေမှာတောင် မမြင်ဘူးခဲ့တဲ့ တောကြီးမြွေဟောက် ကို အနီးကပ် ကြုံရတာပဲ
unicode
လေးကေကော် မှာ ပထမ ဆုံး စတင်ပစ်ခတ်တဲ့နေ့မှာကျွန်တော်တို့လည်း ကျရာ နေရာ ကနေ ကျွံလာတာကိုစောင့်နေရတာပေါ့။
လက်နက်ကြီးတွေနဲ့ ထု 40mm 60mm တွေ နဲ့ပါထုကျတော့ တောတောင်ထဲက တွင်းအောင်းတွေ ထွက်လာတယ် တူပါတယ်။
သိပ်မကြာပါဘူး ကျွန်တော်တို့ ကင်းပုန်းနေတဲ့ မြောင်းထဲကို ပြေးဝင်လာတဲ့ King Cobra ကြီး ( တောကြီး မြွေဟောက် )ပေါ့
ကျွန်တော်က မြွေတော့ တစ်ကယ် ကြောက်တာ
ဘဝ မှာ ပွဲစျေးတွေ နဲ့ zoo တွေမှာတောင် မမြင်ဘူးခဲ့တဲ့ တောကြီးမြွေဟောက် ကို အနီးကပ် ကြုံရတာပဲ
ကြီးကလည်း ကြီး မြန်ကလည်း မြန် ပါးပျဉ်းထောင်လိုက်ရင် လူ ခါးလောက် ထောင်တယ်
ပါးပျဉ်းကြီးကလည်း ပြန့်လို့ကျွန်တော်တို့နဲ့ ၁၅ ပေလောက် ရှိတဲ့ King Cobra တိုက်ပွဲပေါ့
သူကလည်း လှမ်းပေါက် ကျွန်တော်တို့ကလည်း ခဲတွေနဲ့ ထု သူက လမ်းကြောင်းရှာပြေး ကျွန်တော်တို့လည်း ပြေးလိုက်ထု ပေါ့
မသတ်ရင်လည်း အန္တရာယ်က ရှိတော့လိုက် ဖိုက်ရတာပါပဲ။
အမှတ်ရစရာ အဖြစ်တွေ မှတ်တမ်းလေး လာသိမ်းတာပါ။