Takezō #ZEUS
Crd
Unicode
အင်္ဂါနေ့တွင် ကမ္ဘာနှင့်အနီးဆုံးဥက္ကာခဲဖြတ်သန်းမှုနှင့်ကြုံတွေ့ရမည်
လာမယ့်အင်္ဂါနေ့ January 18 ရက်နေ့ရဲ့ 5 PM ဝန်းကျင်လောက်မှာ ပေပေါင်း 3400 ကျော် သို့မဟုတ် မိုင်တစ်ဝက်ခန့်အကျယ်ရှိကာ
Empire State Building ကြီးရဲ့သုံးဆလောက်အမြင့်ရှိတဲ့ဥက္ကာခဲတစ်ခုဟာကမ္ဘာနဲ့အနီးကပ်ဆုံးဖြတ်သန်းသွားမှာဖြစ်ပါတယ်။
ဒီဥက္ကာခဲကို 1994 August 9 ရက်နေ့မှာ Australia ကနက္ခတ်ပညာရှင်တစ်ဦးဖြစ်သူ Robert McNaught ကရှာဖွေတွေ့ရှိခဲ့ပြီး (7482) 1994 PC1 လို့နာမည်ပေးခဲ့ပါတယ်။
ဒီဥက္ကာခဲဟာ 1993 January 17 တုန်းကလည်းနီးနီးလေးဖြတ်သန်းခဲ့ပြီး 2105 January 18 မှာလဲအလားတူဖြတ်သန်းသွားမှာပါ။
ဒါပေမယ့်အခု 2022 January 18 မှာတော့တကယ်ကိုအနီးကပ်ဆုံးစံချိန်နဲ့ဖြတ်သန်းသွားမှာဖြစ်ပြီးနောင်နှစ်ပေါင်း 200 လောက်အထိဒီလောက်နီးလာနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ကမ္ဘာ့အနီးကနေဖြတ်သန်းသွားတဲ့အခါမှာ တစ်စက္ကန့်ကို 12 မိုင်နှုန်းနဲ့ရွေ့လျားသွားမှာဖြစ်ပါတယ်။ကမ္ဘာကိုဝင်တိုက်မိမှာကိုတော့သိပ်ပြီးမစိုးရိမ်ကြပါနဲ့။
ဥက္ကာခဲဟာကမ္ဘာနဲ့မိုင်ပေါင်း Million နဲ့ချီတဲ့အကွာအဝေးကနေဖြတ်သန်းသွားမှာဖြစ်တဲ့အတွက်ကမ္ဘာကိုဝင်တိုက်ဖို့ဆိုတာအလွန်နည်းတဲ့အခွင့်အရေးဖြစ်ကြောင်းကိုလည်း NASA ကထုတ်ပြန်ထားပါတယ်။(အလွန်နည်းသော်လည်း zero chance မဟုတ်ပါ)
ကမ္ဘာပေါ်ကလူတွေသွားမထိသရွေ့သူလမ်းသူသွားမှာဖြစ်ပေမယ့်ခုချိန်မှာတော့ဥက္ကာခဲမှာဘာတွေပါဝင်လာမလဲဆိုတာကိုနိုင်ငံအတော်များများစိတ်ဝင်စားနေကြတာအမှန်ပါပဲ။
Mars နဲ့ Jupiter ကြားမှာရှိတဲ့သတ္တုဥက္ကာခဲတစ်လုံးတောင် $10,000 quadrillion အထိတန်ဖိုးရှိတာကြောင့် Don’t Look Up ဇာတ်ကားထဲကလိုမဖြစ်ဖို့တော့မျှော်လင့်ပါတယ်။
Takezō #ZEUS