ၾကားသိရသမွ်

ဖုန်းဆင်းမ်ကတ် အသစ်ဝယ်ယူပါက စတင်အသုံးပြုရန် ဝန်ဆောင်ခအခွန်ကောက်ခံခြင်းသည် ဆင်းမ်ကတ်အသုံးပြု၍ ကျူးလွန်သည့်ရာဇဝတ်မှုများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

ဖုန်းဆင်းမ်ကတ်အသစ်ဝယ်ယူပါက စတင်အသုံးပြုရန် ဝန်ဆောင်ခအခွန်(Activation Tax) ကောက်ခံခြင်းသည် ဆင်းမ်ကတ်အသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများကထိန်းချုပ်ရန်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အင်တာနက်စျေးနှုန်းများ မြင့်တက်လာခြင်း နှင့် ဖုန်းဆင်းမ်ကတ်များအား တန်ဖိုးမြှင့်ခြင်းနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး ၏မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆင်းမ်ကတ်တွေ အလွယ်တကူဝယ်ပြီး တလွဲသုံးခြင်းမပြုအောင်အတွက် နိုင်ငံတော် တည်ငြိမ်ရေး၊ နိုင်ငံသားများရဲ့လုံခြုံရေးထိ ခိုက်စေမှု၊ မလိုလားမှုတွေ ဖြစ်ပေါ်စေတယ်။ ဒ

ါကြောင့်ဆင်းမ်ကတ်အသုံးပြုမှုကို အဝေးထိန်းစနစ်နဲ့ ဗုံးဖောက်ခွဲတာတွေ ဆောင်ရွက်နိုင်တဲ့အတွက် ဒါထိခိုက်လာနိုင်တယ်။

ါကြောင့်မလို့ ဆင်းမ်ကတ်ကို အသုံးပြုပြီးတော့ ကျူးလွန်တဲ့ရာဇဝတ်မှုတွေလျော့ချရေး၊ ထိန်းချုပ် နိုင်ရန်အတွက် ဥပဒေပြင်ပလုပ်ရပ်များကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

ထို့ပြင်ဆင်းမ်ကတ်များကို အသုံးပြု၍ အင်တာနက် အလွန်အကျွံသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျော့ချပေးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီးဆင်းမ်ကတ်များကို ဝယ်ယူအသုံးပြု၍ သတင်းမှားများ ဖြန့် ဝေခြင်းပါအဝင် အခြားသော ပြစ်မှုများကို ကျူးလွန်၍ ယင်းဆင်းမ်ကတ်ကို လွှင့်ပစ်သည့် ဖြစ်စဉ်များအတွက် ထိန်းချုပ်ခြင်းသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

\

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အခုက ဘယ်လိုဖြစ်နေတုန်းဆိုတော့ဆင်းမ်ကတ် ဝယ်လိုက်တယ်။ သတင်းတွေကအစမဟုတ်တဲ့ ဟာတွေလုပ်လိုက်တယ်။ လုပ်ပြီးရင်ဆင်းမ်ကတ်က ဘာမှတန်ဖိုးမရှိဘူးဆိုပြီး လွှင့်ပစ် လိုက်တယ်။ ဒါမျိုးတွေအတွက် ထိန်းချုပ်တာ ဖြစ်ပါတယ်။

ကျန်တဲ့ ပြည်သူလူထုကို ဖိနှိပ်ဖို့၊ ပြည်သူလူထုနဲ့ပတ်သက်ပြီး အကျပ်အတည်းဖြစ်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ လုပ်ဆောင်ခြင်း မဖြစ်ပါဘူး။ ခုနကပြောတဲ့ အင်တာနက် အခွန်အကောက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကအများပြည်သူနဲ့ဆက်ဆံတဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားပေးမှာလည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဆင်းမ်ကတ်ရောင်းချမှုနှင့် ဆင်းမ်ကတ်ကို စတင်အသုံးပြုရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (Sim Card Activation )အပေါ် ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ် နှစ်သောင်း ဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ်တည်း ကျသင့်စေရမည်ဆိုသော အချက်သည် ထပ်မံဝယ်ယူအသုံးပြုမည်ဆင်းမ်ကတ်များ အတွက် ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ သန်း ၅၀ လို့ ပြောပါတယ်။သန်း ၅၀ နီးပါးရှိပါ တယ်။ ဆင်းမ်ကတ်အသုံးပြုတဲ့ လူဦးရေသန်း ၇၀ ရှိပါတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးမှာ လူတစ်ယောက်သည် အနည်းဆုံး ဆင်းမ်ကတ် တစ်ကတ်ပိုင်ပြီး သန်း ၅၀၊ ၅၄ သန်းဆိုတာ မွေးစကနေစပြီးပါတယ်။

အဲဒါကြောင့်မလို့ နောက်ထပ်ဝယ်မယ့်ဆင်းမ် ကတ်တွေအတွက်သာ ကျွန်တော်တို့နှစ်သောင်းဖြစ်ပါတယ်။ ဟိုဆင်းမ်ကတ်တွေ အတွက် မဟုတ်ပါဘူး။ ဘာကြောင့်မလို့ ကျွန်တော်တို့လုပ်ရသလဲ။ နံပါတ်တစ် လုံခြုံရေး အခြေအနေပြောပါမယ်။

ဘယ်နိုင်ငံမှာမှ မည်သည့်နိုင်ငံမှာမှဆင်းကတ်ကို မြန်မာနိုင်ငံလို လွတ်လွတ်လပ်လပ်ဝယ်လို့ မရပါဘူး။ အခု Keypad ဖုန်းတွေနဲ့ဗုံးခွဲနေတယ်။ ဆင်းမ်ကတ်တွေနဲ့ဗုံးခွဲနေတယ်။ ဘာကြောင့်လဲ၊ ဒီဟာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ပထမဦးဆုံးကန့်သတ်ခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဆင်းမ်ကတ်စတင်အသုံးပြုခြင်းဝန် ဆောင်ခအခွန်များကို ဘင်္ဂလားဒေ့ရှ်၊ ဘရား ဇီး၊ အီတလီ၊ ပါကစ္စတန်၊ တူရကီ အစရှိသည့် ကမ္ဘာ့နိုင်ငံများတွင်လည်း ကောက်ခံလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

crd