ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။
သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။
ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။
အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။
မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။
ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ ခဏနေဦးသား။ အန်တီ သားပြောခမပေးရသေးဘူးလေ ဆိုတော့ ပြန်ထိုင်တယ်။
သားမငိုဘူးလို့ အန်တီ့ကိုဂတိပေးဆိုပြီး လက်သန်းလေးနဲ့ ဂတိပြုတယ်။မေမေနဲ့ ဖေဖေရော ဆိုတော့ အမေနဲ့ အဖေက အဲဒီဘုရားထဲမှာပဲ သဲပန်းချီကားရောင်းတယ်တဲ့။
အဲဒီလိုနဲ့ အနားကနေ ရှိုက်ပြီး ထွက်သွားတယ်။ ဘုရားကနေပြန်ထွက်မယ်လုပ်တော့ သူ့အမေဆိုသူ(ကိုယ်ဝန်နဲ့)နဲ့အတူထိုင်ပြီး ငိုနေပြန်တယ်။ အမေကိုမေးတော့ အိပ်ရေးမဝလို့ပါတဲ့။
ပြန်စဉ်းစားမိတော့ ၄နှစ်အရွယ်ကလေးတယောက်ဟာ လွတ်လပ် ပေါ့ပါးစွာ ကစားပျော်ရွှင်နေချင်တာပေါ့။မနက်ဘယ်အချိန်က ထလာရသည်မသိ ကလေးပီပီ အိပ်ရေးမဝတော့ ဂျီကျချင်တာတောင် အမေ့နားမနေရ။
ငွေဝင်ဖို့ ဘုရားသမိုင်းတွေ လိုက်ရွတ်ပြပြီး မိသားစုကို တဖက်တလမ်း ကနေ ရှာပေးနေရတယ်။
မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရပုံပေါ်တယ်။ သူတယောက်ဝင်ငွေက သူ့မိသားစု မှာ အများဆုံး ဖြစ်မလားမသိဘူး။
ချစ်စရာကောင်းလို့ သူ့ဘုရားသမိုင်းဆုံးဆုံး မဆုံးဆုံး ထောင်တန်လောက်တော့ပေးသွားကြတာပါ။ဘယ်လိုပြောရမလဲမသိတဲ့ ခံစားမှုနဲ့ ဘုရားကနေ ပြန်လာခဲ့ရတယ်။
Credit to Original
Zawgyi
ရႈိက္ႀကီးတငင္ငိုၿပီး ဘုရားသမိုင္း ကို ရွင္းျပေနေလရဲ႕။ ဘာျဖစ္လို႔လဲ သားလို႔ ေမးလည္း ေခါင္းခါၿပီး ရႈိက္ကာ ရႈိက္ကာ နဲ႔ပဲ ဘုရားသမိုင္းေၾကာင္းေတြ ရွင္းျပေနတယ္။
သူ႔နားမွာ သူ႔အကိုလည္း သူ႔လိုပဲ စတစ္ေကာ္လာအက်ႌနဲ႔ ပုဆိုးေလးေတြနဲ႔။ အကိုကို ေမးေတာ့လည္း ဘာေၾကာင့္ငိုမွန္းမသိ။
ဘုရားဖူးဧည့္သည္ေတြက နားေထာင္လိုက္ သူေျပာျပတဲ့ အတြက္ ၁၀၀၀-စီထုတ္ေပးလိုက္ နဲ႔ အဲဒီနားမွာပဲ သူ ၄၀၀၀ ေလာက္ရတယ္။ လြယ္အိတ္ေလးထဲ ထည့္တယ္။
အဲဒါနဲ႔ သူ႔ကို လူရွင္းရာေခၚလာၿပီး ေအးေအးေဆးေဆး ထိုင္ခိုင္းၿပီး သားဘာျဖစ္လဲေမးလည္း ငိုၿပီး ဘုရား သမိုင္းေတြ ဆက္႐ြတ္ေနတယ္။
မ်က္ရည္သုတ္ ေပးၿပီး သားမငိုနဲ႔ေတာ့၊ အသက္ဝဝရႈၾကည့္၊ စိတ္ကိုၿငိမ္ၿငိမ္ထား၊ မငိုပဲနဲ႔ရွင္းျပပါဆိုေတာ့ လြယ္အိတ္နဲ႔ မ်က္ရည္သုတ္ၿပီး ပထမမငိုဘူး။ေျပာရင္းနဲ႔ ငိုတယ္။
ၿပီးေတာ့ သူတျခားတေနရာသြားဖို႔လုပ္တယ္။ ခဏေနဦးသား။ အန္တီ သားေျပာခမေပးရေသးဘူးေလ ဆိုေတာ့ ျပန္ထိုင္တယ္။
သားမငိုဘူးလို႔ အန္တီ့ကိုဂတိေပးဆိုၿပီး လက္သန္းေလးနဲ႔ ဂတိျပဳတယ္။ေမေမနဲ႔ ေဖေဖေရာ ဆိုေတာ့ အေမနဲ႔ အေဖက အဲဒီဘုရားထဲမွာပဲ သဲပန္းခ်ီကားေရာင္းတယ္တဲ့။
အဲဒီလိုနဲ႔ အနားကေန ရႈိက္ၿပီး ထြက္သြားတယ္။ ဘုရားကေနျပန္ထြက္မယ္လုပ္ေတာ့ သူ႔အေမဆိုသူ(ကိုယ္ဝန္နဲ႔)နဲ႔အတူထိုင္ၿပီး ငိုေနျပန္တယ္။ အေမကိုေမးေတာ့ အိပ္ေရးမဝလို႔ပါတဲ့။
ျပန္စဥ္းစားမိေတာ့ ၄ႏွစ္အ႐ြယ္ကေလးတေယာက္ဟာ လြတ္လပ္ ေပါ့ပါးစြာ ကစားေပ်ာ္႐ႊင္ေနခ်င္တာေပါ့။မနက္ဘယ္အခ်ိန္က ထလာရသည္မသိ ကေလးပီပီ အိပ္ေရးမဝေတာ့ ဂ်ီက်ခ်င္တာေတာင္ အေမ့နားမေနရ။
ေငြဝင္ဖို႔ ဘုရားသမိုင္းေတြ လိုက္႐ြတ္ျပၿပီး မိသားစုကို တဖက္တလမ္း ကေန ရွာေပးေနရတယ္။
မူႀကိဳေတာင္မတက္ရေသးတဲ့ကေလး။စကားေျပာတတ္ကတည္းက ဘုရားသမိုင္းအလြတ္႐ြတ္ခိုင္းၿပီး ဘုရားထဲမွာ အလုပ္လုပ္ခဲ့ရပုံေပၚတယ္။ သူတေယာက္ဝင္ေငြက သူ႔မိသားစု မွာ အမ်ားဆုံး ျဖစ္မလားမသိဘူး။
ခ်စ္စရာေကာင္းလို႔ သူ႔ဘုရားသမိုင္းဆုံးဆုံး မဆုံးဆုံး ေထာင္တန္ေလာက္ေတာ့ေပးသြားၾကတာပါ။ဘယ္လိုေျပာရမလဲမသိတဲ့ ခံစားမႈနဲ႔ ဘုရားကေန ျပန္လာခဲ့ရတယ္။
Credit to Original