အေမေသဆုံးသြားတဲ့ေန႔မင္းအေမ ဆုံးသြားၿပီ နင့္အေမ ေသသြားၿပီဆိုတဲ့ အသံမ်ိဳးကို အေမဆုံးရႈံးခဲ့ရဖူးသူတိုင္း
ၾကားခဲ့ရတဲ့ စကားလည္းျဖစ္သလိုမၾကားခ်င္ဆုံး စကားတစ္ခြန္းလည္းျဖစ္မွာပါ။အဲဒီအခ်ိန္အခိုက္တန္႔ေလးမွာ
ခံစားရတဲ့ခံစားခ်က္ကငိုခ်င္ေပမယ့္ မ်က္ရည္မထြက္ခဲ့ဘူးအသံထြက္ခ်င္ေပမယ့္ ဆြံ႕အသြားခဲ့တယ္အဲဒါက
ဘဝမွာလုံးဝေမွ်ာ္လင့္မထားေသာ.ေတြ႕ႀကဳံလိုက္ရတဲ့ အံ့ၾသျခင္းေၾကာင့္ပဲ။
ခဏအၾကာမွ ကမာၻႀကီးမီးေလာင္သြားသလိုခႏၶာကိုယ္တစ္ခုလုံး အပူေတြတက္လာတယ္ဝမ္းေခါင္းထဲကေန အသံနက္ႀကီးနဲ႔။
အသံတစ္သံထြက္က်လာခဲ့တယ္ေလ အဲဒါက အေမ ဆိုတဲ့စကားတစ္ခြန္းေပါ့။ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ေတာ့ဘူး
အေၾကာက္တရားေတြလည္းကင္းေနပီ အေမ့ကိုဖက္ဖက္ၿပီး ငိုေႂကြးျခင္းေတြနဲ႔အတူ
ရင္ထဲမွာ တကယ္အသိတစ္ခုရွိေနတာက ေနာက္ေန႔ေတြကစတင္ၿပီးလက္က်န္ဘဝရဲ႕အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ
ငါဟာ အေမလို႔ေခၚခြင့္မရွိေတာ့တဲ့သူလို႔။အ႐ြယ္ေရာက္လာျပန္ေတာ့ အားအင္ေတြအျပည့္နဲ႔ ထမင္းတစ္လုတ္ေလာက္ေတာ့
အေမ့ကိုေကြၽးခ်င္ေမြးခ်င္ခဲ့တယ္ ဒါေပမယ့္ အေမက ေဘးနားမွာရွိမေနေတာ့ဘူး။သူမ်ားသားသမီးေတြ အေမ အေမလို႔ေခၚတဲ့အသံကိုၾကားရတိုင္း
အခုဆိုရင္ အေမဘယ္ဘဝမ်ားေရာက္ေနသလဲ အေမ့ရဲ႕အေၾကာင္းေတြ ျပန္ေတြးေတာရင္းနဲ႔ပဲ။တိတ္တဆိတ္နဲ႔ ဘယ္သူမွမၾကားေအာင္
ႏႈတ္ခမ္းဝမွာတင္ အေမ လို႔တမ္းခဲ့တယ္။ရွာရင္လည္းေတြ႕ ၾကာရင္လည္းေမ့ဆိုတဲ့ ဒီစကားထဲမွာ အေမေတြေတာ့မပါေလာက္ဘူးထင္ပါရဲ႕ေနာ္။
ဘာျဖစ္လို႔တုန္းဆိုေတာ့ အ႐ြယ္ေတြသာရတယ္ ငယ္ကတည္းကတိုင္ ယေန႔အ႐ြယ္ထိ ေမ့မရေသးလို႔ေလ။
မေမ့ပါရေစနဲ႔ လက္ေတြ႕မွာ အေမ မရွိေပမယ့္ ရင္ထဲမွာေတာ့ အေမ့ကိုဖက္တြယ္ထားပါရေစ…
အေမလို႔လည္းေခၚခြင့္မရွိေတာ့ေပမယ့္ စိတ္ထဲကအလိုရွိတဲ့အခါ တမ္းပါရေစ .ျပန္မဆုံႏိုင္ေတာ့တာသိပါလွ်က္နဲ႔
အေမကိုဆုံးရႈံးလိုက္ရတဲ့ သားသမီးတိုင္း အေမ့ကိုေလ ႐ူးမိုက္စြာေတြနဲ႔ပဲေမွ်ာ္ေနတတ္ၾကတယ္ဆိုတာပါပဲေလ…။
Aung lay
Unicode Version
အမေသေဆုံးသွားတဲ့နေ့မင်းအမေ ဆုံးသွားပြီ နင့်အမေ သေသွားပြီဆိုတဲ့ အသံမျိုးကို အမေဆုံးရှုံးခဲ့ရဖူးသူတိုင်း
ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလိုမကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။အဲဒီအချိန်အခိုက်တန့်လေးမှာ
ခံစားရတဲ့ခံစားချက်ကငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူးအသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်အဲဒါက
ဘဝမှာလုံးဝမျှော်လင့်မထားသော.တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။
ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလိုခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့။
အသံတစ်သံထွက်ကျလာခဲ့တယ်လေ အဲဒါက အမေ ဆိုတဲ့စကားတစ်ခွန်းပေါ့။ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး
အကြောက်တရားတွေလည်းကင်းနေပီ အမေ့ကိုဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ
ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီးလက်ကျန်ဘဝရဲ့အချိန်တိုင်း အချိန်တိုင်းမှာ
ငါဟာ အမေလို့ခေါ်ခွင့်မရှိတော့တဲ့သူလို့။အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ ထမင်းတစ်လုတ်လောက်တော့
အမေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် ဒါပေမယ့် အမေက ဘေးနားမှာရှိမနေတော့ဘူး။သူများသားသမီးတွေ အမေ အမေလို့ခေါ်တဲ့အသံကိုကြားရတိုင်း
အခုဆိုရင် အမေဘယ်ဘဝများရောက်နေသလဲ အမေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ။တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင်
နှုတ်ခမ်းဝမှာတင် အမေ လို့တမ်းခဲ့တယ်။ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ အမေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်။
ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။
မမေ့ပါရစေနဲ့ လက်တွေ့မှာ အမေ မရှိပေမယ့် ရင်ထဲမှာတော့ အမေ့ကိုဖက်တွယ်ထားပါရစေ…
အမေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့် စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ .ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့
အမေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အမေ့ကိုလေ ရူးမိုက်စွာတွေနဲ့ပဲမျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ…။
Aung lay