ၾကားသိရသမွ်

း ၿမိဳ႕လယ္ေခါင္တြင္ ခ်ိတ္ဆြဲထားသည့္ ေလာ္စပီကာ တစ္လုံးမွ စစ္အာဏာရွင္ “အလိုမရွိ” သီခ်င္းသံေၾကာင့္ စစ္ေကာင္စီမ်ားက

ေတာင္ႀကီးၿမိဳ႕လယ္ စစ္အာဏာရွင္ “အလိုမရွိ” သီခ်င္းေၾကာင့္ စစ္ေကာင္စီမ်ား လိုက္လံစစ္ေဆးေန

သွ်မ္းသံေတာ္ဆင့္၊ ဇန္နဝါရီ ၁၉

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီး ၿမိဳ႕လယ္ေခါင္တြင္ ခ်ိတ္ဆြဲထားသည့္ ေလာ္စပီကာ တစ္လုံးမွ စစ္အာဏာရွင္ “အလိုမရွိ” သီခ်င္းသံေၾကာင့္ စစ္ေကာင္စီမ်ားက လာေရာက္ဖြင့္သည့္သူကို လိုက္လံစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

ယေန႔ (ဇန္နဝါရီ ၁၉)ရက္ ေန႔လယ္ပိုင္း ၁ နာရီခြဲဝန္းက်င္တြင္ ေတာင္ႀကီး ၿမိဳ႕လယ္ေခါင္ ၿမိဳ႕မေစ်းႏွင့္ Asia Light သို႔ လမ္းျဖတ္ကူးသည့္ ေနရာအနီးရွိ ဓာတ္တိုင္ေပၚတြင္ စစ္အာဏာသိမ္း အလိုမရွိ သီခ်င္းအား ဘလူးတူးျဖင့္ ဖြင့္လ်က္ ခ်ိတ္ထားေၾကာင္း သတင္းသိရသည္။

“ဘယ္တုန္းက လာခ်ိတ္သြားမွန္းေတာ့ မသိရဘူး၊ သီခ်င္းသံၾကားမွ လန႔္ကုန္တာ၊ တစ္ေနရာရာက မွားဖြင့္ လိုက္သလားေပါ့၊ ေသခ်ာရွာၾကည့္ေတာ့ ဓာတ္တိုင္မွာ ခ်ိတ္ထားတဲ့ ေလာ္စပီကာကေန အသံလာမွန္း သိရတယ္” ဟု ေတာင္ႀကီးၿမိဳ႕ မင္းလမ္းတြင္ ရွိေနသူတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ သီခ်င္းသံသည္ စစ္တပ္မွ ႏိုင္ငံေတာ္ အာဏာသိမ္းမႈကို လက္မခံေသာ ႏိုင္ငံေရးသီခ်င္း (ဆႏၵျပ သပိတ္စစ္ေၾကာင္းခ်ီတက္စဥ္ ဖြင့္ေသာ သီခ်င္း) ျဖစ္သျဖင့္ ျပည္သူမ်ားလည္း သြားျဖဳတ္ျခင္း၊ တို႔ထိျခင္းမ်ား မျပဳခဲ့ေၾကာင္း သိရသည္။

“ဆႏၵျပသီခ်င္းပါ၊ ဒီလို ၿမိဳ႕လယ္ေခါင္မွာ မၾကားရတာ ၾကာလို႔လားမသိဘူး၊ ဒီေန႔ၾကားရတာ ၾကက္သီးေမႊးညႇင္းေတြေတာင္ ထတယ္၊ ဘယ္ျပည္သူမွ သြားမျဖဳတ္ဘူး၊ နာရီဝက္ေလာက္ၾကာမွ စစ္သားနဲ႔ ရဲေတြ လာျဖဳတ္သြားတယ္၊ အနီးပတ္ဝန္းက်င္က CCTV ေတြကိုလည္း စစ္ေဆးမႈေတြ လုပ္သြားတယ္” ဟု ျဖစ္စဥ္မ်ားကို ျမင္ေတြ႕ခဲ့သည့္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

အဆိုပါ ေလာ္စပီကာကို ေန႔လယ္ ၂ နာရီဝန္းက်င္အခ်ိန္တြင္ စစ္ေကာင္စီလက္ေအာက္ခံ စစ္သားႏွင့္ ရဲမ်ား လာေရာက္ျဖဳတ္ယူသြားၿပီး အနီးပါတ္ဝန္းက်င္ရွိ အေဆာက္အအုံႏွင့္ ဆိုင္ခန္းမ်ားမွ CCTV မ်ားကို လိုက္လံစစ္ေဆးေနေၾကာင္းလည္း သိရသည္။

သွ်မ္းသံေတာ္ဆင့္

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၁၉

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မဈေးနှင့် Asia Light သို့ လမ်းဖြတ်ကူးသည့် နေရာအနီးရှိ ဓာတ်တိုင်ပေါ်တွင် စစ်အာဏာသိမ်း အလိုမရှိ သီချင်းအား ဘလူးတူးဖြင့် ဖွင့်လျက် ချိတ်ထားကြောင်း သတင်းသိရသည်။

“ဘယ်တုန်းက လာချိတ်သွားမှန်းတော့ မသိရဘူး၊ သီချင်းသံကြားမှ လန့်ကုန်တာ၊ တစ်နေရာရာက မှားဖွင့် လိုက်သလားပေါ့၊ သေချာရှာကြည့်တော့ ဓာတ်တိုင်မှာ ချိတ်ထားတဲ့ လော်စပီကာကနေ အသံလာမှန်း သိရတယ်” ဟု တောင်ကြီးမြို့ မင်းလမ်းတွင် ရှိနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သီချင်းသံသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးသီချင်း (ဆန္ဒပြ သပိတ်စစ်ကြောင်းချီတက်စဉ် ဖွင့်သော သီချင်း) ဖြစ်သဖြင့် ပြည်သူများလည်း သွားဖြုတ်ခြင်း၊ တို့ထိခြင်းများ မပြုခဲ့ကြောင်း သိရသည်။

“ဆန္ဒပြသီချင်းပါ၊ ဒီလို မြို့လယ်ခေါင်မှာ မကြားရတာ ကြာလို့လားမသိဘူး၊ ဒီနေ့ကြားရတာ ကြက်သီးမွှေးညှင်းတွေတောင် ထတယ်၊ ဘယ်ပြည်သူမှ သွားမဖြုတ်ဘူး၊ နာရီဝက်လောက်ကြာမှ စစ်သားနဲ့ ရဲတွေ လာဖြုတ်သွားတယ်၊ အနီးပတ်ဝန်းကျင်က CCTV တွေကိုလည်း စစ်ဆေးမှုတွေ လုပ်သွားတယ်” ဟု ဖြစ်စဉ်များကို မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လော်စပီကာကို နေ့လယ် ၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများ လာရောက်ဖြုတ်ယူသွားပြီး အနီးပါတ်ဝန်းကျင်ရှိ အဆောက်အအုံနှင့် ဆိုင်ခန်းများမှ CCTV များကို လိုက်လံစစ်ဆေးနေကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့်