ၾကားသိရသမွ်

“လစာ အရမ်းကောင်းပေမယ့် အီအီးကို ပါဆယ်ဆွဲနေရတဲ့ ပူတင်ရဲ့ ဘော်ဒီဂတ်တွေအကြောင်း”

“လစာအရမ်းကောင်းပေမယ့် အီအီးကို ပါဆယ်ဆွဲနေရတဲ့ ပူတင်ရဲ့ ဘော်ဒီဂတ်တွေ အကြောင်း”

ရုရှားသမ္မတ ပူတင်ရဲ့ဘော်ဒီဂတ်တွေဟာလစာ အတော်ကောင်းတယ်လို့ ဆိုပါတယ်။ ပူတင်ရဲ့ အနီးကပ် ဘော်ဒီဂတ် ဗစ်တာဇိုလိုတော့ဗ်တို့ ဆိုရင် အိမ်အကောင်းစား၊ ကားအကောင်းစားနဲ့ ချမ်းချမ်းသာသာ နေရတယ်လို့ ဆိုပါတယ်။

သူတို့လို ပူတင် ဘော်ဒီဂတ်တွေဟာ FPS လို့ ခေါ်တဲ့ (Russian president’s Federal Protection Service) ကနေ စိတ်ကြိုက်ရွေးထုတ်ထားသူတွေ ဖြစ်ပါတယ်။

သင်ဟာ လစာ အင်မတန်ကောင်းတဲ့ ပူတင်ရဲ့ ဘော်ဒီဂတ် အလုပ်ကို သွားလုပ်ဖို့စဉ်းစားမယ်ဆိုရင် တစ်ခုတော့ စဉ်းစားဖို့လိုပါတယ်။

ပူတင်ရဲ့ ဘော်ဒီဂတ်တွေဟာ ပူတင်ပါတဲ့အင်အင်း 💩 တွေကို သေသေချာချာ မပျောက်ရှရအောင် ထုပ်ပိုးပြီး ရုရှားကို ပြန်သယ်ရတယ်လို့ ဆိုပါတယ်။

နိုင်ငံခြား ခရီးစဉ်တွေမှာ ပူတင်ဟာ ရိုးရိုးအိမ်သာမှာ မတက်ပဲ ပူတင်အတွက် (porta-potty) သယ်လို့ရတဲ့ ယာယီအိမ်သာ သပ်သပ် ယူသွားရတယ်လို့ ဆိုပါတယ်။

ပူတင်ပါသမျှ အင်အင်း 💩💩 တွေကို အိတ်တစ်လုံးနဲ့ ထုပ်ပြီး စပါယ်ရှယ်လက်ဆွဲအိတ် briefcase 💼 ထဲ ထည့်ပြီး အိမ်ပြန်သယ်ရတယ်လို့ ဆိုပါတယ်။

ပူတင်ကြွလာလို့ ဘေးတစ်ဖက်တစ်ချက်မှာ ကိုယ်ရံတော် ဘော်ဒီဂတ်တွေဟာ 💼 လက်ဆွဲအိတ်တွေကို ရှိုးနဲ့မိုးနဲ့ သယ်လာတာကို တွေ့ရင် ဒေါ်လာတွေ နျူးကလီယား ကွန်ထရိုလာတွေ သယ်လာတယ် မထင်ပါနဲ့။ တချို့အိတ်တွေဟာ ပူတင်ရဲ့ အင်းအင်း 💩 ထုပ်တွေ ဖြစ်ပါတယ်။

ဒီအကြောင်းကို ပြင်သစ် သတင်းမဂ္ဂဇင်း Paris Match က ပထမဦးဆုံး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပူတင်ဟာ သူ့အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီး ဘာလို့ ပြန်သယ်သလဲဆိုတာ အကြောင်း ရှိပါတယ်။

၂၀၁၆ တုန်းက အီဂေါအတာမန်ကိုရဲ့ ပြောပြချက်အရ ဆိုဗီယက် ခေါင်းဆောင်စတာလင် လက်ထက်ကတည်းက ရုရှားအထူးထောက်လှမ်းရေး တပ်ဖွဲ့ အေးဂျင့်တွေဟာ အင်အင်း 💩 ကိုခိုးကြောင်ခိုးဝှက် လေ့လာတဲ့ လုပ်ငန်းစဉ်စခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၉ ခုနှစ်မှာ တရုတ်ခေါင်းဆောင် မော်စီတုံး ဆိုဗီယက်ရုရှားကို လာတော့ စတာလင်ရဲ့ အမိန့်နဲ့ မော်စီတုံးတက်တဲ့ အိမ်သာက မိလ္လာပိုက်တွေကို မိလ္လာကန်နဲ့ မချိတ်ဆက်ပဲ စပါယ်ရှယ်ပုံးထဲ ထည့်ဖို့ စီမံထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေ ဥက္ကဋ္ဌကြီးမော်ရဲ့ အင်အင်း 💩 တွေကို အထူးလျှို့ဝှက် ဓာတ်ခွဲခန်းကိုပို့ပြီး မော်စီတုံးရဲ့ ကျန်းမာရေး အခြေအနေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

အဓိကကတော့ အင်အင်း 💩 ထဲက ပိုတက်ဆီယမ်နဲ့ အမိုင်နိုအက်စစ် ပမာဏကို စစ်ဆေးပြီး စိတ်အခြေအနေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရှင်တွေဟာ အင်မတန် အကြောက်တရား ကြီးမားပြီး သူတို့ကိုယ်သူတို့ လုံခြုံရေး မပြောနဲ့ အင်အင်း 💩လုံခြုံရေးက အစ ဂရုစိုက်တယ်လို့ ဆိုပါတယ်။

အင်း … ဒီသတင်း ဖတ်မိတဲ့ အဘတစ်ယောက်တော့ သွားလေရာမှာ ဘော်ဒီဂတ်တွေကို အင်းအင်း 💩 အကျုံးခိုင်းပြီး လက်ဆွဲသေတ္တာနဲ့ ထည့်သယ်ခိုင်းမှာကို တွေးပြီး မြင်ယောင်မိပါကြောင်း။

အဘ ဘော်ဒီဂတ် လုပ်ချင်ရင် လစာကောင်းပြီး စတိုင်က အမိုက်စားပေမဲ့ အင်အင်း 💩 ကျုံးရမယ်၊ အင်အင်းထုပ် သယ်ရမယ် ဆိုတာ သိထားကြပါရန် …

Credit #RichardMyoThant

11-Jun-2022