ၾကားသိရသမွ်

လူမရှိတဲ့ တဲက ဆန်၂ဗူးချက်စားခဲ့မိလို့ ငွေ(၂၀၀၀)ချန်ထားခဲ့တဲ့ PDF ချစ်စရာစိတ်ဓာတ်လေး

စစ်ကြောင်းထွက်ရင်း ဗိုက်ဆာလို့တဲတစ်ခုမှ ဆန် (၂) ဗူးချက်စားမိရာ ပိုင်ရှင်မတွေ့သဖြင့် ပိုက်ဆံ (၂၀၀၀) ကျပ်နှင့် ပြန်စာလေးချန်ထားခဲ့ပြီး PDF တစ်ဦးရဲ့ကျင့်ဝတ်ကို ပြသခဲ့

ဇန်နဝါရီ ၁၉၊ PDF Newsflash

အကြမ်းဖက်စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရန်အတွက် စစ်ကြောင်းထွက်ရင်း ဗိုက်ဆာလာသဖြင့် တောင်ယာတဲတစ်ခုမှ ဆန် (၂) ဗူးချက်းစားမိရာ ပိုင်ရှင်မတွေ့သဖြင့် မကွေး PRA မှ ရဲဘော်တစ်ဦးက ပိုက်ဆံ (၂၀၀၀) နဲ့ မေတ္တာတုန့်ပြန်စာလေး ချန်ထားခဲ့ပြီး ကာကွယ်ရေးတပ်သားတစ်ဦးရဲ့ တာဝန်နဲ့ လိုက်နာရမဲ့ကျင့်ဝတ်ကို ပြသခဲ့ပါတယ်။

” စစ်ကြောင်းထွက်တယ်။

ဗိုက်ဆာလို့ တောင်ယာတဲတစ်ခုကိုဝင်ပြီးဆန်နှစ်ဗူးချက်စားလိုက်တယ်။

ပိုင်ရှင်မတွေ့လို့ ပိုက်ဆံ ၂၀၀၀ နှင့်မေတ္တာတုန့်ပြန်စာလေး ချန်ထားခဲ့တယ်။

ကျနော်တို့အားလုံးဟာ ပြည်သူ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ဖို့ သစ္စာဆိုထားကြတယ်လေ ” ဟု မကွေး PRA ကထုတ်ပြန်ထားပါတယ်။

#PDFNewsflash




” စစ်ကြောင်းထွက်တယ်။




#PDFNewsflash