ၾကားသိရသမွ်

သားငါးရောင်းသူများထက် အကုသိုလ်ပိုကြီးနေသည့် ငှက်ပျောသီးသည် (သို) သမ္မာအာဇီဝဖြင့် အကုသိုလ်ယူကြသူများ

မြန်မာပြည်မှာ ငှက်ပျောသီးကို အစားအသောက်မှာမှ ဖီးကြမ်းငှက်ပျောသီးက မြန်မာပြည်မှာ ရောင်းရအကောင်းဆုံးစာရင်းထဲကအရာ။ ဖီးကြမ်းငှက်ပျောသီးကခွန်အားကို ဖြစ်စေတယ်။ မွေးပြီးလသား ကလေးအရွယ်မှစကာလူရွယ်၊ လူလတ်၊ သက်ကြီး ပိုင်းတွေအတွက်ခွန်အားဖြစ်စေလို့ စားကြတယ်။ရန်ကုန်မြို့ဗားဂရာကမ်းနားမှာငှက်ပျောသီး၊ အုန်းသီးဒိုင်တွေအများကြီးရှိတယ်။

သည်နေရာကမှ ရန်ကုန်မြို့ရဲ့ မြို့နယ်အသီးသီးကို ဖြန့်ချိတယ်။ ပွဲထိုး၊ နတ်ဆက်တဲ့ရေသီငှက်ပျောသီးယူမလား (ရခိုင်ငှက်ပျောလို့လည်းခေါ်ကြတယ်)၊ ဖီး ကြမ်း၊ သီးမွှေးနဲ့ ရွှေငှက်ပျောသီးတွေရတယ်။ ရာသီပေါ်ဖြစ်တဲ့ သရက်သီးနဲ့ ကြံတို့ကိုလည်း သည်ကမ်းနားကပဲ ဖြန်ချိတယ်။ ရှမ်းပြည်နယ်နဲ့ အထက်မြန်မာပြည်ကလာတဲ့သရက်သီးတွေကတော့ ကုန်းလမ်းနဲ့ သီရိမင်္ဂလာဈေးကို

တိုက်ရိုက်ဝင်တယ်။ကမ်းနားမှာ ငှက်ပျောသီးတွေအဝင်များတဲ့အခါမှာ ဈေးအလွန်ပေါပေမဲ့ရှားပြီဆိုရင်တော့လုံးဝမမြင်ရဘူး။ သည်အချိန်မျိုးမှာငှက်ပျောပွဲစားတွေပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ ပိုက်ဆံရှိရင် ရွှေဘုံသာလမ်းသွားပြီး အချိန်မရွေးရွှေကိုဝယ်ယူလို့ ရပေမဲ့ငှက်ပျောသီးကိုတော့ရှားလာပြီဆိုရင် ဘယ်လောက်ပေးပေးဝယ်မရဘူးဆိုတဲ့တင်စားတဲ့စကားရှိကြတယ်။

မြန်မာလူမျိုးတွေဟာကလေးမွေးပြီးခြောက်လလောက်အကြာမှာဖီးကြမ်းငှက်ပျောသီးကို အခွံကို အပ်နဲ့အပေါက်လေးတွေဖောက်တယ် (ငှက်ပျောသီးရဲ့ အစေးဓာတ်တွေထွက်ကုန်အောင်ပေါ့)။ ပြီးတော့မီး ဖုတ်တယ်။ ကလေးငယ်ကို ကျွေးတယ်။ ကလေးနို့တိုက်စဉ်မှာမိခင်ကအစားရှောင် ရ၏။ ဒါကိုလည်းသိပ်ပြီးလိုက်နာလိုဟန်မရှိ။သည်တော့မိခင်နို့ကိုအားပြုရမည့်အစားလသားနှင့်

ဖြည့်စွက်အစာတို့ ကျွေးလေတော့၏။ ထမင်းကို ပိတ်စိမ်းပါးနှင့်တိုက်ပြီးသုံးလလောက်နှင့်ကလေးကို ခွံ့သူရှိ၏။ အဓိကလက်မလွှတ်တာကတော့ ဖီးကြမ်းပါ။တကယ်တမ်းမြို့နယ်အတွင်းကငှက်ပျောသီးသည်များဖီးကြမ်းရောင်းစားပုံကိုလေ့လာဖူးပါသလားဟု ပြည်သူတွေကိုမေးလို၏။ငှက်ပျောသီးသည်များအားလုံးသည်နတ်ပွဲဆက်သည့်ရေသီ (ခေါ်) ရခိုင်ငှက်ပျောမှတစ်ပါး

ကျန်ငှက်ပျောသီးများအားလုံးကိုဆေးဆွတ်ကြ၏။ ဆေးဆွတ်ပုံမှာငှက်ပျောသီးများကိုအခိုင်မှအဖီးလိုက်ဖြတ်ကြ၏။ ပြီးလျှင်အဝတ်လျှော်ဇလုံအရွယ်အစားလောက်ရှိသော ဇလုံထဲတွင်ရေလေးပုံသုံးပုံခန့်ထည့်မည်။ ထိုအထဲသို့ အိမ်နီးချင်း သို့မဟုတ်ပေါင်ဖော်တို့တိုင်း ပြည်မှလာသောအသီးအနှံအမြန်မှည့်သော ဆေးကိုလစ်ပိုပုလင်းအဖုံးတစ်ဖုံးစာခန့်ထည့်၍ရောမွှေမည်။

ထိုဆေးအရည်ဖျော်စပ်ထားသောဇလုံအတွင်းသို့ဆစ်ပိုင်းထားသောငှက်ပျောသီးများကိုတစ်ဖီးချင်းနှစ်ပြီးသပ်သပ်ရပ်ရပ်စီထားကာ အပေါ်မှငှက်ပျောဖက်ဖြင့်အုပ်ထားလျှင်မိုးသည်းထန်စွာရွာ၍နေရောင်လုံးဝမရသောနေ့များမှာပင် ယနေ့လိုနေ့လယ်ကစပြီးအုပ်ထားပါကနက်ဖြန်မနက်တွင်ခပ်တင်းတင်းအနေအထားဖြင့် မှည့်လာသည်။ သန်ဘက်ခါမနက်တွင်မူခပ်ပျော့ပျော့

အနေအထားဖြစ်လာပြီးနောက်တစ်ရက်ဆိုလျှင်တော့ ငှက်ပျောသီး၏အညှာပိုင်းများစပြီးမဲပုပ်လာတော့၏။ သူတို့ဇလုံထဲသို့တစ်ချက်မျှသာနှစ်လိုက်သောဆေး၏။ အပူဓာတ်သည်မည်မျှပြင်းသည်ကို ခန့်မှန်းကြည့်နိုင်ပါပြီ။ရေသီခေါ်ရခိုင်ငှက်ပျောသီးကိုမူအရောင်းအဝယ်ဈေးတည့်ပြီးမှရေဆေးပေးသလိုလိုဖြင့်ဇလုံထဲတစ်ချက်နှစ်ကာပြန်ပေးလိုက်၏။ငှက်ပျောဖက်ဖြင့်အုပ်မထားသောကြောင့်

သုံးလေးရက်ကြာမှ မှည့်တတ်၏။ ဒါကိုပင်အဘကချစ်လို့အပျော် မြန်တာဟုဆိုကာပျော်နေကြသူများ ရှိသေးသည်။ငှက်ပျောသီးသည်ပျော့လာလျှင်ပင် လူသိပ်မကြိုက်တော့ပေ။ ထိုအခါအမှည့်မြန်သောဆေးလည်း အုပ်ထားပြီးဖြစ်၍အမြန်ရောင်းထွက်ရန် ဈေးသည်တို့ ကြိုးစားလာကြ၏။ အဖီးလိုက်ရောင်းသလို ငှက်ပျောသီးဈေးကွက်ပေါ်မူတည်၍အဖီးကို ဖြတ်တောက်ပြီးငှက်ပျောသီး

သုံးလုံးတစ်ပုံ၊ လေးလုံးတစ်ပုံနှုန်းဖြင့်ဗန်းထဲသို့ထည့်ကာတစ်ပုံ ၅၀ဝ ကျပ်ဖြင့်ရောင်းကြတော့သည်။ဤသို့ရောင်းခြင်းက ပို၍ရောင်းအားကောင်းပြီးအကုန်မြန်၏။အကြောင်းမှာငွေတတ်နိုင်၍အဖီးလိုက်ဝယ်သွားသော ငှက်ပျောသီး ဆေးအုပ်မှာလည်းနောက်နေ့မနက်တွင်အိမ်သားများစားမကုန်မီပျော်ပြီးနောက်တစ်ရက်မှာပုပ်ကာလွှင့်ပစ်ရသောကြောင့်တစ်နိုင်တစ်ပိုင်ငါးရာဖိုးအပုံကလေး

များဝယ်စားခြင်းဖြင့်လွှင့်မပစ်ရတော့ပေ။ ရောင်းသူလည်းရောင်းအားကောင်းပြီးဝယ်သူလည်းအဆင်ပြေ၏။အဆင်မပြေသည်ကမွေးဖွားပြီးမကြာမီအချိန်မှသေဆုံးခါနီးအထိလူတန်းစားအသီးသီးစားနေကြသောထိုဖီးကြမ်း ငှက်ပျောသီးတို့အားမှည့်ဆေးများအုပ်ပြီး စားသောက်ကြရခြင်း၊ အသီးအနှံအလုံးအထည် ပမာဏကြီးမားလှပသည်ကိုမက်မော၍ပြင်ပမှတင်သွင်းလာသော

သဘာဝမျိုးစေ့မဟုတ်သောမျိုးစေ့များကို သဘာဝမြေဩဇာမဟုတ်သောဓာတ်မြေ ဩဇာတို့ဖြင့်စိုက်ပျိုးထားသောအစားအသောက် သီးနှံများကိုစားရသောပြည်သူတို့အတွက်အဆမတန်အန္တရာယ်များနေသည်ကိုတော့မည်သည့် ဆရာဝန်မှမငြင်းရဲသည်မှာအမှန်ပင်။မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဒုတိယအဖြစ်အများဆုံးတိုင်းပြည်ဖြစ်နေရခြင်းမှာဤသည်လည်းအချက်

တစ်ခုအနေဖြင့်ပါဝင်နေ၏။ ငှက်ပျောသီးရောင်းသူများသေချာစဉ်းစားကြစေလို၏။ အကုသိုလ်အလုပ်ဖြင့်အသက်မမွေးချင်လို့အသီးအနှံရောင်းစားခါမှသားငါးရောင်းသူထက် အကုသိုလ်ပိုများသည့်အဖြစ်ကိုရောက်ရှိနေပြီဆိုတာတွေးမိကြပါရဲ့လားဟု စိုက်ပျိုးသောတောင်သူဦးကြီးတို့ကိုလည်း မေးလို၏။အထက်ပါ အကြောင်းအရာတို့ကိုကျွန်တော့်၏ညီအရင်းသဖွယ်ဖြစ်နေသော

မြောက်ဒဂုံအမှတ်၅ဈေးမှငှက်ပျောသီးရောင်းသောမောင်ဇော်အားလက်တွေ့တရားဟော၏။ ငှက်ပျောခိုင်မှငှက်ပျောသီးအချို့ကိုသဘာဝအတိုင်းမှည့်စေ၏။ ပြီးလျှင်ဒါကဆေးစိမ်၊ ဒါကသဘာဝအမှည့်ဟုပြောပြီးရောင်းချစေ၏။ ဈေးနှုန်းကိုလည်းငှက်ပျောသီးတစ်ဖီးလျှင် ၄၀ဝ ကျပ်လောက်ပိုတင်ထား၏။ သို့သော်လူတို့သည်မျက်စိနားများပွင့်လာကြပြီဖြစ်၍ဆေးစိမ်ငှက်ပျောထက်

ဈေးကြီးသောသဘာဝအမှည့်များကိုပို၍အဝယ် လိုက်ကြ၏။ထို့ကြောင့် အခြားငှက်ပျောသီးရောင်းသူများကိုလည်းကျွန်တော်တိုက်တွန်းလိုသည်။ ကျွန်တော်ပေးသည့်နည်းလမ်းကို စမ်းကြည့်ပါ။ မောင်ဇော့်လိုအောင်မြင်လာပြီးအဆင်ပြေလာပါလိမ့်မည်။ သူဌေးမဖြစ်ဘဲထမင်းစားရရုံရှာဖွေသည့်အလုပ်မှာငရဲမပါကြပါစေနဲ့။ တခြားသီးနှံစိုက်ပျိုးသောတောင်သူများအားလည်း

သဘာဝအတိုင်းသာစိုက်ပျိုးကြပါမြေဆီလုံးဝညံ့ ဖျင်းသောဒေသများမှလွဲ၍ပေါ့။ သဘာဝမျိုးစေ့တွေကိုနိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် လှိုင်လှိုင်ဖြန့်ဝေပေးပါ။သည်ကိစ္စသည်အနာဂတ်နိုင်ငံတော် အတွက် ခပ်ပေါ့ပေါ့ပစ်ထားရမည့်အရာမဟုတ်ပါ။ ယခုကတည်းကစီမံကိန်းဖြင့်စတင်လျှင်နောင်အနှစ်၂၀မှာတိုင်းပြည်တစ်ပြည်လုံး သဘာဝအသီးအနှံများဖြင့်ပြန်လည်စားသောက်နိုင်မည့်

အပြင်နိုင်ငံရပ်ခြားသို့ပင်တင်ပို့နိုင်လောက်ပါသည်။ယခုတော့ ဆရာဝန်ကလည်း သင်ထားသော စာအရ အသီးအနှံများစားခိုင်း၏။ အောက်ခြေအထိလေ့လာထားသောကျွန်တော်တို့မှာဘယ်အသီးအနှံက ဆေးနဲ့ လွတ်သလဲ၊ သဘာဝစစ်စစ်လဲလိုက်လံရှာဖွေစားသောက်နေရ၏။ ဒါတောင်ဆေးနဲ့လွတ်တာရှာမရသလောက်ပါ။

ကိုယ့်အိမ်မှာကိုယ်စိုက်ပြီး စားရမယ့်ကိန်းပေါ်နေသော်လည်း မြေကမရှိ။ လုပ်ကြပါဦးအုပ်ချုပ်သူတို့ရေဟုပင်ဟစ်လိုက်ချင်တော့သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ် ကိုမို