မနေ့ညက ကုလအစည်းအဝေးမှာ အားရစရာကောင်းခဲ့တဲ့ နိုင်ငံကြီးများ၏ တင်ပြချက်အချို့ …..
UN meeting
ပြင်သစ်က ထပ်ပြောလိုက်ပါပြီ UN ကထုတ်ခဲ့တဲ့ Statement တွေ/ စကားလုံးတွေဟာ သိပ်ကို ဩဇာကြီးလှပါတယ်။
ဒါပေမဲ့ သူတို့က မမှုပါဘူးတဲ့ ဒီထက်ပိုတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ချက်ချင်းလုပ်မှ ရပါတော့မယ်တဲ့(We are wining guys!!!)
ရုရှား
ရုရှားကတော့ လုံးဝကိုစကားမပြောချင်တော့ပေမဲ့ မအလရဲ့ လုပ်ရက်တွေကို လက်ရှောင်လိုက်ပါပြီပြောကြားချိန် ၁ မိနစ်တောင်မပြည့်ပါဘူး…..
US ကတော့ ပြောလိုက်ပါပြီ စကားလုံးတွေ၊ Statements တွေနဲ့ မရတော့ပါဘူးတဲ့ Action လက်တွေ့လုပ်ဆောင်မှကို ရတော့ပါမယ်တဲ့။
သိပ်ကို ပြည်သူတွေကြားချင်နေတဲ့ စကားကို ပြောကြားသွားတာပါ သူ့နောက်ကို တစ်ခြားနိုင်ငံတွေက ပါလာရင်ကို ရပါပြီ
အိန္ဒိယ
အိန္ဒိယကတော့ သွေးထွက်သံယိုတွေ ဆက်လက်မဖြစ်အောင်နှင့် ဒေသတွင်းကိစ္စကို အာဆီယံအတွင်း အဖြေရှာဖို့နှင့်
ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသင့်ရမှာ ဖြစ်ကြောင်းနှင့် မြန်မာနဲ့
အိမ်နီချင်းဖြစ်တာကြောင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားသင့်ပါတယ်ဆိုပြီး ပြောသွားပါတယ်
အိုင်ယာလန်က ဘာပြောတယ်ထင်လဲ
သူ့ပြည်သူကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုထားတဲ့ စစ်သားတွေဟာ ကိုယ်ပြည်သူကို ကိုယ်တိုင်ပြန်သတ်နေပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကိုဗစ်ကြောင့် အများကြီး ထိခိုက်ပြီးပါပြီတဲ့ တပ်မတော်က အာဏာပါ သိမ်းလိုက်တဲ့အတွက် ပြည်သူတွေ အများကြီး နစ်နာနေရပါပြီ။
ကျွန်တော်တို့ အနောက်ပိုင်းက ရောင်းဝယ်လိုက်တဲ့ လက်နက်တွေဟာ ပြည်သူတွေကို သတ်ဖို့မဟုတ်ပါဘူးတဲ့
အရေးကြီးတဲ့ Action ကိုလုပ်ဆောင်ဖို့ လိုနေပါပြီတဲ့ဗျာ။
သံအမတ်ကြီး ဉီးကျော်မိုးထွန်း သူကတော့ ပြည်သူဘက်ကနေပဲ အသက်တွေ ဆက်လက်မဆုံးရှုံးခင် လက်တွေ့လုပ်ဆောင်ချက်တွေကို တောင်းဆိုလိုက်ပါတယ်။
ဆက်လက်ကြန့်ကြာနေအုံးမယ်ဆိုရင် ပြည်သူတွေ အထုအထောင်းဆက်လက်ခံနေရာမှာ ဖြစ်ကြောင်း၊ လူငယ်တွေဟာလမ်းမပေါ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေပြီး၊ CDM ဟာလည်း အရှိန်အဟုန်ကောင်းနေကြောင်း
မြန်မာပြည်သူတွေကို ဘယ်နည်းလမ်းနဲ့မဆို အခုချက်ချင်း ကာကွယ်ပေးရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ တစ်ချို့သော
ဒေသများတွင် No Fly Zone ကိုသတ်မှတ်ပေးရမှာ ဖြစ်ကြောင်း၊
အာဏာသိမ်းစစ်ကောင်းစီနှင့် အပေါင်းအပါများကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ပေးသင့်ပါကြောင်း၊
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဘယ်နည်းလမ်း၊ ဘယ်လမ်းကြောင်းကမဆို အခုချက်ချင်း ကာကွယ်ပေးကြပါ။
ကျေးဇူးပြု၍ ကို (၃) ကြိမ်တောင်းခံပြီး အခုချက်ချင်း လက်တွေ့လုပ်ဆောင်ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။
Credit,
unicode
မနေ့ညက ကုလအစညြးအဝေးမှာ အားရစရာကောငြးခဲ့တဲ့ နိုငငြံကှီးမွား၏ တငပြှခကွအြခွို့ …..
UN meeting
သိပကြို ပှညသြူတှကှေားခငွနြတေဲ့ စကားကို ပှောကှားသှားတာပါ သူ့နောကကြို တဈခှားနိုငငြံတှကေ ပါလာရငကြို ရပါပှီ
အိန်ဒိယ
Credit,