ကိုယ္ေမကိုယ္ ေထာက္ပံ့ကူညီတဲ့ လူမႈကယ္ဆယ္ေရး ဝန္ႀကီး ဆိုသူ သက္ သက္ခိုင္ ေဝဖန္ခံေနရ
ရန္ကုန္၊ ဇန္နဝါရီ ၂၁
စစ္ေကာင္စီရဲ႕ လူမႈဝန္ထမ္းကယ္ဆယ္ေရး ဝန္ႀကီး သက္သက္ခိုင္က သက္ ႀကီး႐ြယ္အိုေထာက္ပံ့ကူညီေရးအျဖစ္ ကိုယ့္အေမကိုယ္ ျပန္ေထာက္ပံ့ကူညီတာေၾကာင့္ ေဝဖန္မႈေတြ အလြန္ျမင့္တက္ေနပါတယ္။
သက္သက္ခိုင္ရဲ႕ ေနအိမ္ျဖစ္တဲ့ ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ၁၀ ရပ္ကြက္၊ ဓမၼေစတီလမ္း၊ ၿခံအမွတ္ ၁၂၇ /ေအ မွာ ေနထိုင္တဲ့ သက္သက္ခိုင္ရဲ႕ မိခင္ အသက္ ၉၀ ႏွစ္အ႐ြယ္ ေဒၚခင္ျမျမကို သက္ႀကီး႐ြယ္အိုေထာက္ပံ့မႈ အစီအစဥ္အျဖစ္ လူမႈ ဝန္ ထမ္းဦးစီးဌာန၊ ရန္ကုန္တိုင္းဦးစီးမႉးတို႔က ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ သြားေရာက္၍ ကူညီေထာက္ပံ့ခဲ့ၾကတာျဖစ္ပါတယ္။
သက္သက္ခိုင္ရဲ႕ လက္တြဲေဖာ္ ေအာင္ေက်ာ္ဝင္းက ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ က်ေရာက္မယ့္ ေဒၚခင္ျမျမရဲ႕ အသက္ ၉၀ ႏွစ္ျပည့္ေမြးေန႔ အႀကိဳ အမွတ္ တရ အျဖစ္ လူမႈဝန္ထမ္းဌာနရဲ႕ ေထာက္ပံံ့မႈဓာတ္ပုံမွတ္တမ္းကို လူမႈကြန္ရက္မွာ ေဖာ္ျပရာက အဲဒီသတင္းဟာ ပ်ံ႕ႏွံ႔သြားတာျဖစ္ပါတယ္။ ေနာက္ပိုင္း အရမ္းေဝဖန္ခံရေတာ့မွ လူမႈကြန္ရက္ပို႔စ္ကို ေအာင္ေက်ာ္ဝင္းက ျပန္လည္ ျဖဳတ္သြားခဲ့ပါတယ္။
“ေ႐ႊဆိုင္ပိုင္ရွင္ရဲ႕အေမ၊ ဓမၼေစတီလမ္းမွာ အိမ္နဲ႔ ၿခံနဲ႔ ခမ္းခမ္းနားနားေနတဲ့ သူ႔အေမကို သမီးဝန္ႀကီးက သက္ႀကီး႐ြယ္အို ေထာက္ပံ့မႈအျဖစ္ ျပန္ေထာက္ပံ့တာ ဆိုေတာ့ ကိုယ္ေမကိုယ္ေထာက္ပံ့တာလား။ ဒီႏိုင္ငံမွာ သက္ႀကီး႐ြယ္အိုေတြ မျပည့္မစုံနဲ႔ ဒုကၡေရာက္ေနၾကတာ အမ်ားႀကီး။ ဒါေတြကို မေထာက္ပံ့ဘဲ ဘယ္ႏွာ့ ကိုယ့္အေမ ကိုယ္ ျပန္ေထာက္ပံ့သလဲဆိုတာ နားမလည္ႏိုင္ေတာ့ဘူး” လို႔ ျပည္သူတစ္ဦးက လူမႈကြန္ရက္မွာ ေဝဖန္ထားပါတယ္။
သက္သက္ခိုင္ရဲ႕ အေမကို သူ႔ဌာနက ျပန္ေထာက္ပံ့မႈဟာ စစ္ေကာင္စီရဲ႕ သ႐ုပ္မွန္ကို ျပေနတယ္လို႔ ေဝဖန္သူ ျပည္သူေတြလည္းရွိေနပါတယ္။
“ကိုယ့္ေဆြမ်ိဳး ကိုယ္ေထာက္ပံ့။ လူထုက သေဘာမတူဘဲ ဝန္ႀကီးတက္လုပ္။ စစ္ဖိနပ္ကိုင္ၿပီး ဝန္ႀကီးလုပ္မွေတာ့ သူ႔ အမ်ိဳးအေဆြပဲ ေထာက္ပံ့တာမဆန္းဘူး။ အာဏာ သိမ္း ထားတဲ့ စစ္တပ္ေကာင္ေတြကလည္း အဲဒီလို အတန္းအစားေတြပဲ။ တူရာ တူရာ စုၾကတဲ့သူေတြပဲ” လို႔ ျပည္သူတစ္ဦးကလည္း ေဝဖန္ပါတယ္။
NLD အမတ္ျဖစ္ခဲ့တဲ့ သက္သက္ခိုင္ဟာ လူထုေဒၚေအာင္ဆန္းစုၾကည္ကို အျပင္း အထန္ ေဝဖန္ခဲ့သူတစ္ဦးျဖစ္ၿပီး မင္းေအာင္လႈိင္လက္ထက္မွာ လူမႈကယ္ဆယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံမႈကို လက္ခံခဲ့တဲ့အတြက္ စစ္တပ္ဘက္ေတာ္သား အခြင့္ အေရးသမားအျဖစ္ ျပည္သူေတြက အျပင္းအထန္ေဝဖန္မႈကို ျပန္လည္ခံစားေနရသူ ျဖစ္ပါတယ္။
ကိုယ်မေကိုယ် ထောက်ပံ့ကူညီတဲ့ လူမှုကယ်ဆယ်ရေး ဝန်ကြီး ဆိုသူ သက် သက်ခိုင် ဝေဖန်ခံနေရ
ရန်ကုန်၊ ဇန်နဝါရီ ၂၁
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဝန်ကြီး သက်သက်ခိုင်က သက် ကြီးရွယ်အိုထောက်ပံ့ကူညီရေးအဖြစ် ကိုယ့်အမေကိုယ် ပြန်ထောက်ပံ့ကူညီတာကြောင့် ဝေဖန်မှုတွေ အလွန်မြင့်တက်နေပါတယ်။
သက်သက်ခိုင်ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ ခြံအမှတ် ၁၂၇ /အေ မှာ နေထိုင်တဲ့ သက်သက်ခိုင်ရဲ့ မိခင် အသက် ၉၀ နှစ်အရွယ် ဒေါ်ခင်မြမြကို သက်ကြီးရွယ်အိုထောက်ပံ့မှု အစီအစဉ်အဖြစ် လူမှု ဝန် ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးတို့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သွားရောက်၍ ကူညီထောက်ပံ့ခဲ့ကြတာဖြစ်ပါတယ်။
သက်သက်ခိုင်ရဲ့ လက်တွဲဖော် အောင်ကျော်ဝင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်ခင်မြမြရဲ့ အသက် ၉၀ နှစ်ပြည့်မွေးနေ့ အကြို အမှတ် တရ အဖြစ် လူမှုဝန်ထမ်းဌာနရဲ့ ထောက်ပံံ့မှုဓာတ်ပုံမှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြရာက အဲဒီသတင်းဟာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ နောက်ပိုင်း အရမ်းဝေဖန်ခံရတော့မှ လူမှုကွန်ရက်ပို့စ်ကို အောင်ကျော်ဝင်းက ပြန်လည် ဖြုတ်သွားခဲ့ပါတယ်။
“ရွှေဆိုင်ပိုင်ရှင်ရဲ့အမေ၊ ဓမ္မစေတီလမ်းမှာ အိမ်နဲ့ ခြံနဲ့ ခမ်းခမ်းနားနားနေတဲ့ သူ့အမေကို သမီးဝန်ကြီးက သက်ကြီးရွယ်အို ထောက်ပံ့မှုအဖြစ် ပြန်ထောက်ပံ့တာ ဆိုတော့ ကိုယ်မေကိုယ်ထောက်ပံ့တာလား။ ဒီနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ မပြည့်မစုံနဲ့ ဒုက္ခရောက်နေကြတာ အများကြီး။ ဒါတွေကို မထောက်ပံ့ဘဲ ဘယ်နှာ့ ကိုယ့်အမေ ကိုယ် ပြန်ထောက်ပံ့သလဲဆိုတာ နားမလည်နိုင်တော့ဘူး” လို့ ပြည်သူတစ်ဦးက လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။
သက်သက်ခိုင်ရဲ့ အမေကို သူ့ဌာနက ပြန်ထောက်ပံ့မှုဟာ စစ်ကောင်စီရဲ့ သရုပ်မှန်ကို ပြနေတယ်လို့ ဝေဖန်သူ ပြည်သူတွေလည်းရှိနေပါတယ်။
“ကိုယ့်ဆွေမျိုး ကိုယ်ထောက်ပံ့။ လူထုက သဘောမတူဘဲ ဝန်ကြီးတက်လုပ်။ စစ်ဖိနပ်ကိုင်ပြီး ဝန်ကြီးလုပ်မှတော့ သူ့ အမျိုးအဆွေပဲ ထောက်ပံ့တာမဆန်းဘူး။ အာဏာ သိမ်း ထားတဲ့ စစ်တပ်ကောင်တွေကလည်း အဲဒီလို အတန်းအစားတွေပဲ။ တူရာ တူရာ စုကြတဲ့သူတွေပဲ” လို့ ပြည်သူတစ်ဦးကလည်း ဝေဖန်ပါတယ်။
NLD အမတ်ဖြစ်ခဲ့တဲ့ သက်သက်ခိုင်ဟာ လူထုဒေါ်အောင်ဆန်းစုကြည်ကို အပြင်း အထန် ဝေဖန်ခဲ့သူတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်လက်ထက်မှာ လူမှုကယ်ဆယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံမှုကို လက်ခံခဲ့တဲ့အတွက် စစ်တပ်ဘက်တော်သား အခွင့် အရေးသမားအဖြစ် ပြည်သူတွေက အပြင်းအထန်ဝေဖန်မှုကို ပြန်လည်ခံစားနေရသူ ဖြစ်ပါတယ်။