ၾကားသိရသမွ်

ကောက်ရတဲ့ပိုက်ဆံထုပ်ကို ပိုင်ရှင်အားပြန်ပေးခဲ့တဲ့အပြင် ဆုချီမြင့်ငွေကိုပါ လုံးဝလက်မခံခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း

ကောက်ရတဲ့ပိုက်ဆံထုပ်ကို ပိုင်ရှင်အားပြန်ပေးခဲ့တဲ့အပြင် ဆုချီမြင့်ငွေကိုပါ လုံးဝလက်မခံခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း

အကယ်လိုသင်ဟာ $22,000 တန်ဖိုးရှိတဲ့ငွေသားအပြည့်နဲ့ပိုက်ဆံထုပ်ကြီး ကောက်ရမယ်ဆိုရင် ဘာလုပ်မိမယ်လို့ထင်လဲ ။အချို့သောသူတွေကတော့ အဆိုပါပိုက်ဆံကို ပိုင်ရှင်ဆီ ပြန်ပေးဖို့ စဉ်းစားမိကြမှာမဟုတ်ပါဘူး ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက Li Man အမည်ရှိတဲ့ သန့်ရှင်ရေးဝန်ထမ်း အမျိုးသမီးမှာတော့ သူမအလုပ်လုပ်နေရင်းနဲ့ အမှိုက်ပုံတွေထဲမှာ150,000 ယွမ်း ($22,000) ခန့်ကိုတွေ့ရှိခဲ့ပါတယ် ။

သူမရဲ့ပြောပြချက်အရ အဆိုပါအထုပ်ကြီးကအတော်လေးကိုလေးနေခဲ့လို့ သူမအထဲကိုဖွင့်ကြည့်ခဲ့ချိန်မှာတော့နောက်ထပ်အိတ်တစ်ထပ်နဲ့ထုပ်ပိုးထားတဲ့ ပိုက်ဆံတွေကို တွေ့ရှိခဲ့ရတာပါ ။ ဒါကြောင့် သူမဟာ မန်နေဂျာကို အကြောင်းကြားပြီး ၊ အဆိုပါ ပိုက်ဆံထုပ်နဲ့ ရဲစခန်းသို့ ချက်ချင်းသွားခဲ့ပါတယ် ။

ရဲစခန်းသို့ရောက်ရှိပြီး 2 နာရီအကြာမှာဘဲ ပိုက်ဆံထုပ်ရဲ့ပိုင်ရှင်အစစ်အမှန်ကို ရှာတွေ့ခဲ့ပါတယ် ။ ပိုင်ရှင်ကတော့ စီးပွားရေးလုပ်ငန်ရှင်ကြီး Zhu အမည်ရှိသူပါ ။ ငွေပမာဏများစွာသောပိုက်ဆံတွေကို ပိုင်ရှင်ကပြန်ရရှိခဲ့လို့ Li Man ကို 20,000 ယွမ်ဆုချဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။သို့ပေမဲ့လည်း Li Man က ‘ ကျွန်မလုပ်သင့်တဲ့အရာကို လုပ်တာပါ ၊ ဆုချဖို့မလိုပါဘူး ‘ ဆိုပြီးတော့သာ ပြန်လည်ငြင်းဆိုခဲ့ပါတယ် ။

Li Man ကတော့ ‘ ကျွန်မရဲ့အခြေအနေက အတော်လေးခက်ခဲတယ်ဆိုပေမဲ့လည်း ၊ကိုယ်ကျင့်တရားကောင်းဖို့ကသာအရေးကြီးပါတယ် ၊ပိုက်ဆံပြန်ပေးတယ်ဆိုတာက လုပ်သင့်တဲ့အမှန်တရားပါ ‘ ဆိုပြီးတော့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ် ။

Zawgyi

ကောက်ရတဲ့ပိုက်ဆံထုပ်ကို ပိုင်ရှင်အားပြန်ပေးခဲ့တဲ့အပြင် ဆုချီမြင့်ငွေကိုပါ လုံးဝလက်မခံခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း

အကယ်လိုသင်ဟာ $22,000 တန်ဖိုးရှိတဲ့ ငွေသားအပြည့်နဲ့ပိုက်ဆံထုပ်ကြီး ကောက်ရမယ်ဆိုရင် ဘာလုပ်မိမယ်လို့ ထင်လဲ ။ အချို့သောသူတွေကတော့ အဆိုပါပိုက်ဆံကို ပိုင်ရှင်ဆီ ပြန်ပေးဖို့ စဉ်းစားမိကြမှာမဟုတ်ပါဘူး ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက Li Man အမည်ရှိတဲ့သန့်ရှင်ရေးဝန်ထမ်း အမျိုးသမီးမှာတော့ သူမအလုပ်လုပ်နေရင်းနဲ့ အမှိုက်ပုံတွေထဲမှာ150,000 ယွမ်း ($22,000) ခန့်ကိုတွေ့ရှိခဲ့ပါတယ် ။

သူမရဲ့ပြောပြချက်အရ အဆိုပါအထုပ်ကြီးက အတော်လေးကို လေးနေခဲ့လို့ သူမအထဲကို ဖွင့်ကြည့်ခဲ့ချိန်မှာတော့ နောက်ထပ်အိတ်တစ်ထပ်နဲ့ထုပ်ပိုးထားတဲ့ ပိုက်ဆံတွေကို တွေ့ရှိခဲ့ရတာပါ ။ ဒါကြောင့် သူမဟာ မန်နေဂျာကို အကြောင်းကြားပြီး ၊ အဆိုပါ ပိုက်ဆံထုပ်နဲ့ ရဲစခန်းသို့ ချက်ချင်းသွားခဲ့ပါတယ် ။

ရဲစခန်းသို့ရောက်ရှိပြီး 2 နာရီအကြာမှာဘဲ ပိုက်ဆံထုပ်ရဲ့ပိုင်ရှင်အစစ်အမှန်ကို ရှာတွေ့ခဲ့ပါတယ် ။ ပိုင်ရှင်ကတော့ စီးပွားရေးလုပ်ငန်ရှင်ကြီး Zhu အမည်ရှိသူပါ ။ ငွေပမာဏများစွာသောပိုက်ဆံတွေကို ပိုင်ရှင်ကပြန်ရရှိခဲ့လို့ Li Man ကို 20,000 ယွမ်ဆုချဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။သို့ပေမဲ့လည်း Li Man က‘ ကျွန်မလုပ်သင့်တဲ့အရာကို လုပ်တာပါ ၊ ဆုချဖို့မလိုပါဘူး ‘ ဆိုပြီးတော့သာ ပြန်လည်ငြင်းဆိုခဲ့ပါတယ် ။

Li Man ကတော့ ‘ ကျွန်မရဲ့အခြေအနေက အတော်လေးခက်ခဲတယ်ဆိုပေမဲ့လည်း ၊ ကိုယ်ကျင့်တရားကောင်းဖို့ကသာ အရေးကြီးပါတယ် ၊ပိုက်ဆံပြန်ပေးတယ်ဆိုတာက လုပ်သင့်တဲ့အမှန်တရားပါ ‘ ဆိုပြီးတော့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ် ။

crd